Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့ပေါ်တွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက်က အကျအဆုံးရှိ၊ ဘုရားကျောင်း၀န်းထဲ လက်နက်ကြီးကျ အရပ်သား ၂ ဦး ထိခိုက်
Photo crd- Hkl Mindat

မင်းတပ်မြို့ပေါ်တွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက်က အကျအဆုံးရှိ၊ ဘုရားကျောင်း၀န်းထဲ လက်နက်ကြီးကျ အရပ်သား ၂ ဦး ထိခိုက်

0
By Editor on November 27, 2023 Headline

(006SV)

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်၊ ဘဝသစ်ရပ်ကွက်တွင် စစ်ကောင်စီတပ်နှင့် CDF – မင်းတပ်တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီက ထိခိုက်ကျဆုံးမှုရှိပြီး လက်နက်ကြီးကျည်များ မြို့မနှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းဝန်းအတွင်း ကျရောက် ပေါက်ကွဲ၍ အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာများရရှိသည်ဟု ဒေသခံများကပြောသည်။

“မနေ့က မင်းတပ်က ဘဝသစ်ရပ်ကွက်က စကစနဲ့ ထိတွေ့မှုဖြစ်တာမှာ ၂၇၄ တပ်ကနေ တောက်လျှောက် ၁၂၀ မမ လက်နက်ကြီးနဲ့ လှမ်းလှမ်းပစ်နေတာ၊ ပစ်တော့ မလှမ်းမကမ်းမှာရှိတဲ့ ဘုရားကျောင်းဝန်းထဲ ကျတယ်။ ပြည်သူနေအိမ်တွေ လည်း မှန်တွေကွဲ ၊ အိမ်တံခါးတွေ ပျက်စီးတယ်” ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၂၆ ရက် မနက်ပိုင်းက မင်းတပ်မြို့၊ ဘဝသစ်ရပ်ကွက် မိခင်ကလေးဆေးရုံးအနီး နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၂ ဦးမှာ သေဆုံးပြီး၊ ၃ ဦးခန့်မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်၊ ၎င်းတို့၏ လက်နက် ၂ လက်ကို ယူရန် ကြိုးစားသော်လည်း  လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်သောကြောင့် ပြန်ဆုတ်ခဲ့ရသည်ဟု တိုက်ပွဲအခြေအနေကို သိသော မင်းတပ်ဒေသခံက ပြောသည်။

စစ်ကောင်စီက ထိခိုက်ဒဏ်ရာ ရရှိသော ရဲဘော်များကို ၂၇၄ တပ်ရင်းထဲက ဆေးခန်းတွင် ဆေးကုသမှု ပေးနေသည်၊ တိုက်ပွဲဖြစ်ပွားသော နေရာအနီးက ပြည်သူ့နေအိမ်တစ်လုံးမှာ ထိခိုက်ပျက်စီးများလည်း ရှိသည်ဟု သိရသည်။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မင်းတပ်မြို့မနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝန်းထဲ လက်နက်ကြီးကျည် ၃ လုံးကျရာမှ အသက် ၅၀ အရွယ် ဘာသာရေးဆရာမတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ မစိုးရိမ်ရ ထိခိုက်ဒဏ်များ ရရှိခဲ့သည်ဟု မင်းတပ်မြို့ခံက ပြောသည်။

မင်းတပ်မြို့ပေါ်တွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မဖြစ်ပွားသည်မှာ လချီကြာမြင့်ချိန်တွင် ယမန်နေ့က တကြောပြန် ပြန်လည် ဖြစ်ပွားခြင်းဖြစ်ပြီး CDF – မင်းတပ်ကို တိုက်ပွဲအကြောင်း မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပါ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.