(006SV)
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်နှင့် မြို့အနီးဝန်းကျင်ကျေးရွာများက အိမ်မွေးခွေးနှင့် ကြောင်များကို ခွေးရူးပြန်ကာကွယ်ဆေး လိုက်လံထိုးနှံပြီးပြီဖြစ်ကြောင်း မင်တပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဌာနထံမှ သိရသည်။
မင်းတပ်မြို့ကို ပြန်လည်သိမ်းပိုက် ထိန်းချုပ်ပြီးနောက် ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် ပြန်လည်နေထိုင်မည့် ပြည်သူများ ဘေးအန္တရာယ်ကင်းစေရေးအတွက် ရည်ရွယ်ပြီး ဆောင်ရွက် ခြင်းဖြစ်သည်ဟု သိရသည်။
မင်းတပ်မြို့အတွင်း ပိုင်ရှင်မဲ့များအဖြစ် လေလွင့်နေသော ခွေးနှင့် ကြောင်းများ၊ မြို့ပတ်လည်ရှိ ကျေးရွာများမှ မွေးမြူးထားသော အိမ်မွေးခွေးနှင့် ကြောင်များကို ခွေးရူးပြန် ကာကွယ်ဆေး အခမဲ့ လိုက်လံထိုးခြင်းနှင့် ပညာပေးဟောပြောပွဲများ ပြုလုပ်ခြင်းတို့ ပြီးစီပြီဖြစ်ကြောင်း မင်းတပ်မြို့နယ် ပအဖက ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်မှာ ထုတ်ပြန်သည်။
မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီ နှစ်လနီးပါးအကြာ ဖေဖော်ဝါရီလ ၁၁ ရက်မှ စတင်၍ နှစ်ရှည်လများ အိုးအိမ်စွန့်ခွာရသည့် ပြည်သူများကို ပြန်လည်နေရာချထားနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မင်းတပ်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့နှင့် CDF – မင်းတပ်က ဆောင်ရွက်နေကြောင်း သိရသည်။
မင်းတပ်မြို့ကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်က အပြီးသတ်သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီ ကင်းစင်ဒေသအဖြစ် ကြေညာထားပြီဖြစ်သည်။