Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မင်းတပ်မြို့ဗုံးကြဲခံရမှု ၁ ဦးသေ၊ ၁၀ ဦးကျော်ထိခိုက်ဒဏ်ရာရ

မင်းတပ်မြို့ဗုံးကြဲခံရမှု ၁ ဦးသေ၊ ၁၀ ဦးကျော်ထိခိုက်ဒဏ်ရာရ

0
By Editor on April 13, 2026 Khonumthung

(006SV)

အာဏာသိမ်းစစ်တပ်က မင်းတပ်မြို့ပေါ်ကို ဂျက်ဖိုက်တာများဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ ၁ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု မင်းတပ်ဒေသခံတချို့ထံမှ သိရသည်။

ဧပြီလ ၁၁ ရက် ည ၁၀ နာရီခန့်က ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ် နေရာ အများအပြားကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာ ၃ စီး အသုံးပြု၍ မီးလောင်ဗုံးအပါအဝင် ဗုံး ၈ လုံးခန့်ဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။

“ဗုံးကြဲတိုက်ခိုက်တာက ၁ ဦးက သေဆုံးသွားတယ်၊၊ ၁၀ ဦးကျော်ကတော့ ထိခိုက်ဒဏ်ရာတွေ ရရှိပါတယ်။ သေဆုံးသွားတာက အမျိုးသားပါ၊၊ ရဲသုံ့ပန်းဖြစ်တယ်လို့တော့ ကြားမိပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲမှာတော့ အရပ်သားတွေရော အရပ်သား မဟုတ်ဘူးတွေရော ပါပါတယ်” ဟု မင်းတပ်ဒေသခံတစ်ဦးက ပြောသည်။

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် မင်းတပ်မြို့ပေါ်က အရပ်သားနေအိမ်များနှင့် စာတိုက်ရုံး၊ ချင်းဗုဒ္ဓသာသနပါလအဖွဲ့ရုံးအပါအဝင် အဆောက်အဦး ၂၀ ကျော် ထိခိုက်ပျက်စီးပြီး အိမ်စီးကား ၄ စီးလည်း ထိခိုက်ပျက်စီးသည်ဟု သိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က သိမ်းပိုက်ထိန်းချုပ်ပြီး အုပ်ချုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော် လည်ပတ်နေသည့် မင်းတပ်မြို့ပေါ်နှင့် မြို့နယ်ဒေသများကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ရေးအခြေအနေကြောင့် ပြည်သူများ ရိက္ခာ၊ ဆေးဝါးများလုံလောက်စွာစုဆောင်းပြီး ဗုံးခိုကျင်းများကြိုတင်ပြင်ဆင်ရန် ဆဲန်ထန်ဗဟိုကောင်စီထုတ်ပြန်

ကလေးမြို့ပေါ်တွင် စစ်မှုထမ်းဖို့အတွက် အဖမ်းအဆီးကြမ်းနေ

လုံခြုံရေးအခြေအနေကြောင့် ရိဒ်ခေါဒါရ်- လိုင်တွီးလမ်းကို အချိန်အကန့်အသတ်ဖြင့်သာ သွားလာခွင့်ပြုမည်ဟု CDF-Hualngoram ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.