Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မဏိပူရ်ပြည်နယ်အရေး နှုတ်ဆိတ်နေသော အိန္ဒိယဝန်ကြီးချုပ်၏ ရုပ်ပုံကို ZoRO အဖွဲ့က မီးရှို့

မဏိပူရ်ပြည်နယ်အရေး နှုတ်ဆိတ်နေသော အိန္ဒိယဝန်ကြီးချုပ်၏ ရုပ်ပုံကို ZoRO အဖွဲ့က မီးရှို့

0
By Editor on July 13, 2023 Khonumthung

(05MK)

မဏိပူရ်ပြည်နယ်တွင်ဖြစ်ပွားနေသော လူများစုကသည်းလူမျိုးနှင့် လူနည်းစုတောင် တန်းသားများ (ချင်း-ကူကီးအနွယ်ဝင်) ကြားဖြစ်ပွားနေသော အဓိကရုဏ်နှင့်ပတ်သက်၍ နှုတ်ဆိတ်နေေသော အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမူဒီ၏ ရုပ်ပုံကို မီဇိုရမ် ပြည်နယ်အခြေစိုက် Zo Reunification Organization (ZoRO) က မီးရှို့ခဲ့ကြသည်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Directorate Transport Office အနီးတွင် ယနေ့ဇူလိုင်လ ၁၂ ရက် နေ့လည် ၁၂ နာရီတွင် ZoRO အဖွဲ့၏ ဦးဆောင်ဖြင့် ရာနှင့်ချီသော မီဇိုရမ်ပြည်သူများက စုရုံးခဲ့ကြပြီး မဏိပူရ်ပြည်နယ်က လူမျိုးရေးအဓိကရုဏ်းကြောင့် ဒုက္ခအတိရောက်နေကြသော ချင်း-ကူကီးအနွယ်ဝင်များဖက်က ရပ်တည် ကြောင်း ပြသခဲ့ကြသည့်အပြင် အိန္ဒိယဝန်ကြီးချုပ် နဲ့ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်တို့၏ ဓာတ်ပုံများကို မီးရှို့ခဲ့ကြခြင်းဖြစ်သည်။

ZoRO ဥက္ကဌ Pu R. Sangkawia က “ လူများစုဖြစ်တဲ့ ကသည်းလူမျိုးတွေဟာ သူတို့အစိုးရနဲ့ပူးပေါင်းပြီး လူနည်းစု တောင်တန်သားတွေကို တိုက်ခိုက်တယ်၊ မဏိပူရ်ပြည်နယ်မှာဖြစ်ပွားနေတဲ့ အဓိကရုဏ်းဟာ ၂ လကျော်လာပြီဖြစ်ပေမယ့်လည်း အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမူဒီက ခုချိန်ထိ နှုတ်ဆိတ်နေတာဟာ ဘယ်လိုမှနား လည်လို့မရဘူး၊ အိန္ဒိယ အစိုးရက မိမိတို့တောင်တန်းသား(Zofate) တွေကို သူ့နိုင်ငံသားလို့မသတ်မှတ်ဘူး လားဆိုတာ ကျနော်တို့မေးခွန်းထုတ်ချင်တယ်’’ ဟု ပြောသည်။

မဏိပူရ်ပြည်နယ်တွင်ဖြစ်ပွားနေသော ပဋိပက္ခသည် လူမျိုးရေးသာကတော့ပဲ ဘာသာရေးပဋိပက္ခ အသွင်ဆောင် လာသည်ဟု ZoRO အတွင်းရေးမှူး L. Ramdinliana Renthlei ကပြောသည်။

“ကသည်းတွေက ခရစ်ယာန်ဘုရားကျောင်းတွေကိုအတော်လေးတိုက်ခိုက်တာတွေ့ရတယ်, ဒီပဋိပက္ခဟာ ယုံကြည်သူနဲ့ မယုဲကြည်သူကြားတိုက်ပွဲဖြစ်တယ်” ဟုပြောဆိုသည်။

မဏိပူရ်ပြည်နယ်တွင် လူများစုဖြစ်သော ကသည်း (Meitei) လူမျိုးများသည် လူနည်းစုတောင်တန်းသားများ အတွက် အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေ မှာပြဌာန်းထားသော (Scheduled Tribe) မှာ ပါဝင်နိုင်ရန် ကာလကြာရှည်တောင်းဆိုလာခဲ့ကြသည်။

ယင်းတောင်းဆိုမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် မေလ ၃ ရက်နေ့က မဏိပူရ်ပြည်နယ် Churachanpur မြို့တွင် ချင်း-ကူကီးအနွယ်ဝင်တောင်တန်းသားများက စည်းလုံးညီညွတ်ရေးချီတက်ပွဲ “Solidarity March” ဆန္ဒပြပွဲပြုလုပ်ခဲ့ကြ သည့်အပြီးတွင် ကသည်းလူမျိုးနှင့် ချင်း-ကူကီးအနွယ်ဝင် တောင်တန်းသားများအကြား ပဋိပက္ခများစတင်ဖြစ်ပွားလာခဲ့ ကြခြင်းဖြစ်သည်။

အဆိုပါအဓိကရုဏ်းအတွင်းမှာ ခရစ်ဘာသာဝင်များ၏ ဘုရာကျောင်း ၂၅၀ ကျော်မီးရှို့ဖျက်ဆီးခံရပြီး လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့ပြီဟု Indigenous Tribal Leaders’ Forum (ITLF) က ပြောဆိုသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လိုင်လင်းပီမြို့ အုပ်ချုပ်ရေးမှူးနှင့် အတွင်းရေးမှူးရာထူးနေရာများ ခေါ်ယူနေ

ချင်းပြည် (Chinland) အစိုးရမှ သူနာပြုနှင့်သားဖွားပညာဒီပလိုမာ ဒုတိယအသုတ် ခေါ်ယူ

CNDF နှင့် CDF-Hualngoram အကြား ထိတွေ့မှုဖြစ်ပွား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.