• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မတူပီတွင် ခရစ်ယာန်အမှုတော်ဆောင် ပါစတာတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးထား

မတူပီတွင် ခရစ်ယာန်အမှုတော်ဆောင် ပါစတာတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးထား

0
By Editor on September 25, 2021 Headline

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ငလိုင်ကျေးတွင် စက်တင်ဘာလ ၂၃ ရက်နေ့က ခရစ်ယာန်အမှု​တော်ဆောင် ပါစတာတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များဖမ်းဆီးခဲ့ပြီး မိသားစုဝင်များနှင့် တွေ့ခွင့်မပေးကြောင်း သိရသည်။

“ပြည်သူတစ်ဦးနဲ့ ပါစတာအဖမ်းခံရတယ် သူ့ဖုန်းထဲမှာသေနတ်ပုံတွေရှိတယ်၊ အရင် နိုင်ငံရေးမဖြစ်ခင်တုန်းက တောထွက်ပြီး အမဲလိုက်တုန်းက သမင်တွေပစ်တုန်းက ချင်းသေနတ်တွေဆိုရင် နည်းနည်းလေး ကောင်းတဲ့ဟာဆို ဓာတ်ပုံရိုက်သိမ်းထားတဲ့ဟာတွေပေါ့၊ တယောက်ကတော့ ဖုန်းထဲစစ်တော့ ဘာမှမတွေ့လို့ ပြန်လွတ်ပေးတယ်” ဟု ၎င်းတို့နှင့်နီးစပ်သည့် မတူပီမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ အဖမ်းခံရသည့် ပါစတာမှာ ဦး Ngai Kung ဖြစ်ပြီး လက်ရှိတွင် ခလရ ၁၄၀ တပ်တွင် ထားရှိသည်ဟုသိရပြီး ၎င်းနှင့်အတူ ဖမ်းဆီးခံရသော ပြည်သူတစ်ဦးကိုမူ ဖမ်းဆီးသည့်နေ့တွင် ပြန်လည်လွတ်ပေးခဲ့ဟုသိရသည်။

ပါစတာ Ngai Kung သည် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟုသိရပြီး ပါစတာ ပြန်လွတ်မြောက်လာရန်အတွက် ဂိုဏ်ပေါင်းစုံခရစ်ယာန်ပါစတာများနှင့် ဗျူးဟာမှုးတို့ တွေ့ဆုံညှိနှိုင်းမှုတွေပြုလုပ်မည်ဖြစ်ကြောင်းလည်း သိရသည်။

မတူပီမြို့နယ်၊ ဖနိုင်ရွာနှင့် ငလိုင်ရွာကြားတစ်နေရာတွင် စက်တင်ဘာလ ၂၃ ရက်နေ့က CDF-Matupi နှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းကြောင့် ငလိုင်တရွာလုံးနီးပါး တောထဲကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ငလိုင်ကျေးရွာတွင် တပ်စွဲထားကြပြီး ဖလိုင်ကျေးရွာနှင့် ငလိုင်ကျေးရွာအကြား ဆိုင်ကယ်၊ ခြေလျင်သွားလာသူများ၏ ဖုန်း၊ နေရပ်လိပ်စာ အသေးစိတ်စစ်ဆေးနေကြောင်းလည်း သိရသည်။

မတူပီမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် CDM လှုပ်ရှားမှုတို့တွင်ပါဝင်သည် ဆိုသည့်စွပ်စွဲချက်ကြောင့် မတူပီမြို့ပေါ်မှ ၁၀ ဦးအပါအဝင်စုစုပေါင်း ၁၅ ဦးဖမ်းဆီးခံထားရပြီး လက်ရှိချိန်ထိ ပြန်လွတ်ပေးခြင်းမရှိသေးကြောင်းလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

ဖလမ်း-ဟားခါးကြားတွင် ပျောက်ဆုံးသွားသူနှစ်ဦး၏ မီးရှို့ခံထားရသော အလောင်းတွေ့ရှိ

ဟားခါးမြို့ပေါ်တွင် ဓားပြတိုက်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦးဓားထိုးခံရ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.