Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့နယ်တွင် နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် အနည်းဆုံး ၈ ဦးသေဆုံး

မတူပီမြို့နယ်တွင် နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် အနည်းဆုံး ၈ ဦးသေဆုံး

0
By Editor on March 14, 2022 Headline

ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လဲန်းပီမြို့ကနေ မတူပီ-ပလက်ဝကားလမ်းပေါ်မှာရှိတဲ့ ထယ်ဘွေ့တပ်စခန်းဘက်ကို စစ်ကြောင်းထိုး ချီတက်လာတဲ့ အင်အား ၁၅၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တို့ မတ်လ ၁၂ ရက်ကစပြီး တိုက်ပွဲတောက်လျှောက်ဖြစ်ပွားခဲ့ပြီး နှစ်ရက်အတွင်း စစ်ကောင်စီဘက် အနည်းဆုံး ၈ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ လိုင်လဲန်းပီမြို့ကနေ မတူပီနယ် ထယ်ဘွယ်တပ်စခန်းဘက်ကို လအုပ်ချောင်းအတိုင်း ခြေလျင်နဲ့ ချီတက်လာရာမှာ ချင်းအမျိုးသားတပ်မတော် (CNA)၊ ချင်းကာ ကွယ်ရေးတပ်ဖွဲ့ CDF-Matupi နဲ့ CDF-Paletwa ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်ချုံခိုတိုက်ခိုက်ခဲ့ကြတာလို့ CDF-Paletwa ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“လိုင်လဲန်းပီကနေ စစ်သားတွေ ၁၅၀ ခန့်ပေါ့လေ မတူပီက ထယ်ဘွယ်စခန်းကိုအင်အားဖြည့်ဖို့လာတာပါ လာတဲ့ပုံစံကလည်း ဆမီးဘက်ကနေလာတာမဟုတ်ပဲနဲ့ မရာနယ်မြေကနေ တိုက်ပွဲမဖြစ်တဲ့အချိန်ကျတော့ အဲဒါကို အခွင့်ကောင်းယူပြီးမှ မရာနယ်မြေဘက်ကနေ တိုတဲ့လမ်းကြောင်းဘက်ကိုရွေးပြီးမှလာတာပေါ့ ကျနော်တို့လှုပ်ရှားတဲ့ နယ်မြေကိုဖြတ်တဲ့အချိန်ကျတော့ ၁၂ ရက်နေ့မှာ ကျနော်တို့ CDF-Paletwa ကနေ မိုင်းဆွဲပြီးမှတိုက်တယ် ဟိုဘက်က တစ်ယောက်ကျ ၅ ယောက်လောက်ဒဏ်ရာရတာပေါ့လေ ၁၃ ရက်ကျတော့ ကျနော်တို့ပူးပေါင်းတပ်ဖွဲ့တွေက လအုစ် ချောင်းဆိုတဲ့ ပလက်ဝ-မတူပီနယ်စပ်ချောင်း ၃ ဖွဲ့ပေါင်းတိုက်ခိုက်တယ် အဲဒီမှာလည်း တိုက်ပွဲက ၂ ကြိမ်ရှိပြီးတော့ ဟိုဘက်က ၇ ဦးခန့်ကျဆုံးပြီး ၁၀ ယောက်ကျော်ဒဏ်ရာရတယ်ဆိုပြီး ကျနော်တို့သိရတယ်” လို့ CDF-Paletwa ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

ယမန်နေ့မတ်လ ၁၃ ရက်နေ့က တနေကုန်နီးပါးတိုက်ပွဲပြင်းထန်ခဲ့ပြီး ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က CNA ရဲဘော်တစ်ဦးက ကျဆုံးခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ လအုပ်ချောင်းအတိုင်း ဆက်လက်ချီတက်သွားပြီး ယနေ့မတ်လ ၁၄ ရက်နေ့မှာလည်း ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ CDF-Matupi က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“အခုက ထယ်ဘွယ်ဘက်ဦးတည်နေတာပေါ့နော ချောင်းအတိုင်းအဆင်းသွားတာ ထယ်ဘွယ်ရောက်ခါနီးပြီ မနေ့က လည်းအကြီး အကျယ်တိုက်ပွဲဖြစ်တယ် ဒီနေ့လည်းဖြစ်နေဆဲ အခုလည်း ပစ်နေတုန်းပဲတိုက်ပွဲက ဒီနေ့တော့ ဘယ်လိုမှ အတည်ပြုလို့မရသေးဘူး ပစ်နေဆဲဆိုတော့လေ လက်နက်ကြီးသံတွေလည်းကြားနေရတယ်” လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် တွီဆော့ကုန်းကျေးရွာ လူနေ အိမ်တစ်လုံး၊ စာသင်ကျောင်းတစ်ဆောင်၊ ခရစ်ယာန်ဘုရားရှီခိုးကျောင်းတစ်ဆောင် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့အမှတ် ၂ ရက်ကွက် တောင်ကုန်းပေါ်မှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၁၂ နဲ့ ၁၃ ရက်နေ့က သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက်လောက် သေဆုံးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရိခေါဒါရ်မြို့ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဒု-တပ်ကြပ်အပါအဝင် ရဲတပ်သား ၆ ဦးဟာလည်း မတ်လ ၆ ရက်နေ့က ချင်းကာကွယ်ရေးတပ်ဖွဲ့ထံ CDM လုပ်ပူးပေါင်းခဲ့တယ်လို့ PDF-Zoalnd တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲကြောင့် ရိခေါဒါရ်မြို့က ဒေသခံပြည်သူအားလုံးဟာလည်း တဖက်အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ဘက်ကို မတ်လ ၇ ရက်နေ့ကတည်းက ယနေ့ချိန်ထိ ထွက်ပြေးတိမ်းရှောင်ရဆဲဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်မြို့နယ်ထဲ စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်၊ ကလေးငယ် အပါအဝင် ၃ ဦး သေဆုံး၊ ၁၀ ဦးခန့် ဒဏ်ရာရ

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင်း ပြည်သူများ၏ အိုးအိမ်၊ စည်းစိမ်များ လုံခြုံစွာကာကွယ်မပေးနိုင်သည့်အပေါ် CNO တောင်းပန်

CDF-Tonzang က စစ်သင်တန်းခေါ်ယူသည့်အတွက် လူငယ်အများအပြားတိမ်းရှောင်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.