Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့နယ်တွင် နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် အနည်းဆုံး ၈ ဦးသေဆုံး

မတူပီမြို့နယ်တွင် နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် အနည်းဆုံး ၈ ဦးသေဆုံး

0
By Editor on March 14, 2022 Headline

ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လဲန်းပီမြို့ကနေ မတူပီ-ပလက်ဝကားလမ်းပေါ်မှာရှိတဲ့ ထယ်ဘွေ့တပ်စခန်းဘက်ကို စစ်ကြောင်းထိုး ချီတက်လာတဲ့ အင်အား ၁၅၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တို့ မတ်လ ၁၂ ရက်ကစပြီး တိုက်ပွဲတောက်လျှောက်ဖြစ်ပွားခဲ့ပြီး နှစ်ရက်အတွင်း စစ်ကောင်စီဘက် အနည်းဆုံး ၈ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ လိုင်လဲန်းပီမြို့ကနေ မတူပီနယ် ထယ်ဘွယ်တပ်စခန်းဘက်ကို လအုပ်ချောင်းအတိုင်း ခြေလျင်နဲ့ ချီတက်လာရာမှာ ချင်းအမျိုးသားတပ်မတော် (CNA)၊ ချင်းကာ ကွယ်ရေးတပ်ဖွဲ့ CDF-Matupi နဲ့ CDF-Paletwa ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်ချုံခိုတိုက်ခိုက်ခဲ့ကြတာလို့ CDF-Paletwa ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“လိုင်လဲန်းပီကနေ စစ်သားတွေ ၁၅၀ ခန့်ပေါ့လေ မတူပီက ထယ်ဘွယ်စခန်းကိုအင်အားဖြည့်ဖို့လာတာပါ လာတဲ့ပုံစံကလည်း ဆမီးဘက်ကနေလာတာမဟုတ်ပဲနဲ့ မရာနယ်မြေကနေ တိုက်ပွဲမဖြစ်တဲ့အချိန်ကျတော့ အဲဒါကို အခွင့်ကောင်းယူပြီးမှ မရာနယ်မြေဘက်ကနေ တိုတဲ့လမ်းကြောင်းဘက်ကိုရွေးပြီးမှလာတာပေါ့ ကျနော်တို့လှုပ်ရှားတဲ့ နယ်မြေကိုဖြတ်တဲ့အချိန်ကျတော့ ၁၂ ရက်နေ့မှာ ကျနော်တို့ CDF-Paletwa ကနေ မိုင်းဆွဲပြီးမှတိုက်တယ် ဟိုဘက်က တစ်ယောက်ကျ ၅ ယောက်လောက်ဒဏ်ရာရတာပေါ့လေ ၁၃ ရက်ကျတော့ ကျနော်တို့ပူးပေါင်းတပ်ဖွဲ့တွေက လအုစ် ချောင်းဆိုတဲ့ ပလက်ဝ-မတူပီနယ်စပ်ချောင်း ၃ ဖွဲ့ပေါင်းတိုက်ခိုက်တယ် အဲဒီမှာလည်း တိုက်ပွဲက ၂ ကြိမ်ရှိပြီးတော့ ဟိုဘက်က ၇ ဦးခန့်ကျဆုံးပြီး ၁၀ ယောက်ကျော်ဒဏ်ရာရတယ်ဆိုပြီး ကျနော်တို့သိရတယ်” လို့ CDF-Paletwa ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

ယမန်နေ့မတ်လ ၁၃ ရက်နေ့က တနေကုန်နီးပါးတိုက်ပွဲပြင်းထန်ခဲ့ပြီး ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က CNA ရဲဘော်တစ်ဦးက ကျဆုံးခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ လအုပ်ချောင်းအတိုင်း ဆက်လက်ချီတက်သွားပြီး ယနေ့မတ်လ ၁၄ ရက်နေ့မှာလည်း ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ CDF-Matupi က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“အခုက ထယ်ဘွယ်ဘက်ဦးတည်နေတာပေါ့နော ချောင်းအတိုင်းအဆင်းသွားတာ ထယ်ဘွယ်ရောက်ခါနီးပြီ မနေ့က လည်းအကြီး အကျယ်တိုက်ပွဲဖြစ်တယ် ဒီနေ့လည်းဖြစ်နေဆဲ အခုလည်း ပစ်နေတုန်းပဲတိုက်ပွဲက ဒီနေ့တော့ ဘယ်လိုမှ အတည်ပြုလို့မရသေးဘူး ပစ်နေဆဲဆိုတော့လေ လက်နက်ကြီးသံတွေလည်းကြားနေရတယ်” လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် တွီဆော့ကုန်းကျေးရွာ လူနေ အိမ်တစ်လုံး၊ စာသင်ကျောင်းတစ်ဆောင်၊ ခရစ်ယာန်ဘုရားရှီခိုးကျောင်းတစ်ဆောင် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့အမှတ် ၂ ရက်ကွက် တောင်ကုန်းပေါ်မှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၁၂ နဲ့ ၁၃ ရက်နေ့က သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက်လောက် သေဆုံးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရိခေါဒါရ်မြို့ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဒု-တပ်ကြပ်အပါအဝင် ရဲတပ်သား ၆ ဦးဟာလည်း မတ်လ ၆ ရက်နေ့က ချင်းကာကွယ်ရေးတပ်ဖွဲ့ထံ CDM လုပ်ပူးပေါင်းခဲ့တယ်လို့ PDF-Zoalnd တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲကြောင့် ရိခေါဒါရ်မြို့က ဒေသခံပြည်သူအားလုံးဟာလည်း တဖက်အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ဘက်ကို မတ်လ ၇ ရက်နေ့ကတည်းက ယနေ့ချိန်ထိ ထွက်ပြေးတိမ်းရှောင်ရဆဲဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများထံလက်နက်ပါရှိသဖြင့် တီးတိန်မြို့နယ်ဒေသအချို့တွင် သွားလာခြင်းမပြုကြရန် PDF-Zoland အရေးပေါ် သတိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.