Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့သို့ ဆန်သယ်ယူခွင့် အာဏာသိမ်းစစ်ကောင်စီက ပိတ်ပင်

မတူပီမြို့သို့ ဆန်သယ်ယူခွင့် အာဏာသိမ်းစစ်ကောင်စီက ပိတ်ပင်

0
By Editor on June 28, 2021 Headline

ချင်းပြည်နယ် မတူပီမြို့တွင် လွန်ခဲ့သည့် တစ်ပတ်ခန့်ကစပြီး ဆန်သယ်ယူခွင့်ကို အာဏာသိမ်းစစ်ကောင်စီက ပိတ်ပင်လိုက် ပြီး ဆန်ပြတ်လပ်မှုကြုံနေရသည်ဟု သိရသည်။

မတူပီမြို့ရှိ ဆန်ကုန်သည်များသည် မင်းတပ်-မတူပီလမ်းကြောင်း ပိတ်ထားသည့်အတွက် ဟားခါး-မတူပီလမ်းမှ တဆင့် ဂန့်ဂေါဘက်က ဆန်များကိုသယ်လေ့ရှိပြီး လွန်ခဲ့သည့်အပတ်ကစ၍ မတူပီမြို့အခြေစိုက် ခလရ ၁၄၀ နှင့် စစ်အခြေချ ဗျူးဟာတပ်တို့မှ ဆန်များကို မတူပီမြို့တွင်းသို့ ဝင်ရောက်ခွင့်မပြုခြင်းဖြစ်သည်ဟု မတူပီမြို့ခံတစ်ဦးကပြောသည်။

“ မတူပီမြို့ပေါ်မှာ နွေအတွင်းမှာ ဆန်အိတ်ပေါင်း ၂၀၀၀ ဝင်ပြီဆိုတော့ အကုန်လုံလောက်ပြီတဲ့ အခုနောက်ထပ်ဝင်လာ မယ့်ဟာတွေက CDF တွေကို ပံ့ပိုးမယ်ဆိုတဲ့အထင်နဲ့ပေါ့ အခု ဆန်တွေကို မတူပီမြို့ကို ဝင်ခွင့်မပေးတာ’’ ဟု မတူပီမြို့ခံကပြောသည်။

ခလရ ၁၄၀ နှင့် ဗျူဟာတပ်သည် မတူပီမြို့မဝင်ခင် ဟားခါး-မတူပီလမ်း ဖနိုင်၊ ငလိုင်ကျေးရွာအလွန်တွင် တည်ရှိပြီး ယခုလက်ရှိတွင်လည်း ဆန်ကုန်သည်များ၏ ဆန်အိတ် ၁၅၀ ကို ဝင်ခွင့်မပြုဘဲ ဖနိုင်၊ငလိုင်ကျေးရွာတွင် ချထားရသည် ဟု သိရသည်။

ယခုကဲ့သို့ မတူပီမြို့ပေါ်တွင် စစ်ကောင်စီက ဆန်သယ်ယူခွင့်ပိတ်ပင်လိုက်ခြင်းကြောင့် မြို့ပေါ်တွင် ဆန်ပြတ်လပ်သည့် အခြေအနေနှင့်ရင်ဆိုင်နေရသည်ဟု မတူပီမြို့ဒေသခံတစ်ဦးကပြောသည်။

“အခုမြို့ပေါ်မှာ ဆန်ဝယ်ဖို့မရှိတော့ဘူး ဆန်ကိုမရှိတာ တစ်ချို့က လှောင်ဖို့ကြိုတင်ဝယ်ထားတာလည်းရှိတယ်၊ တစ်ချို့က နယ်ဘက်က လာဝယ်ပြီးသယ်သွားကြတာတွေရှိတယ် အခုမြို့ပေါ်မှာ ဆန်ဆိုင်တွေမှာလည်း ဆန်မရှိတော့ဘူး’’ ဟု အထက်ပါဒေသခံကပြောသည်။

ထိုကဲ့သို့ ဆန်ပြတ်လတ်မှုကြုံတွေ့လာရသည့်အတွက် ဆန်သယ်ယူခွင့်ပြုနိုင်ရေးအတွက် မတူပီမြို့ရှိ ဘာသာရေးအသင်းတော်များအနေဖြင့် စစ်ကောင်စီထံသွားရောက်ညှိနှိုင်းရန်ပြင်ဆင်နေကြသည်ဟုလည်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီမှ မတူပီမြို့ပေါ်တွင် ဆန်များဝယ်ခွင့်မပြုခြင်းမှာ မတူပီမြို့ပြည်သူ့ကာကွယ်ရေးတပ်(CDF-Matupi) ထံ ရိက္ခာများရောက်ရှိမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်နိုင်သည်ဟု မတူပီမြို့ဒေသခံတစ်ဦးကပြောသည်။

“ ပြည်သူတွေရဲ့ အိမ်မှာ ဆန် ၅ အိတ် အထက် ၁၀ အိတ်လောက်ရှိရင် ဘာလုပ်ဖို့လဲ၊ သူတို့ ထင်တာ က CDF အတွက်စုဆောင်းတယ်လို့ထင်နေတာ၊ ဆန်တွေက ဖနိုင်မှာ ရှိတယ် ဒီဖက်ကိုသယ်လို့ကို မရတာ” ဟု သူကပြောသည်။

မတူပီမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့က ညအချိန်တွင်လည်း ဧည့်စာရင်းလိုက်လံစစ်ဆေးမှုများလည်း ညစဉ်ပြုလုပ်နေသည်ဟုသိရသည်။ H2

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.