• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့သို့ ဆန်သယ်ယူခွင့် အာဏာသိမ်းစစ်ကောင်စီက ပိတ်ပင်

မတူပီမြို့သို့ ဆန်သယ်ယူခွင့် အာဏာသိမ်းစစ်ကောင်စီက ပိတ်ပင်

0
By Editor on June 28, 2021 Headline

ချင်းပြည်နယ် မတူပီမြို့တွင် လွန်ခဲ့သည့် တစ်ပတ်ခန့်ကစပြီး ဆန်သယ်ယူခွင့်ကို အာဏာသိမ်းစစ်ကောင်စီက ပိတ်ပင်လိုက် ပြီး ဆန်ပြတ်လပ်မှုကြုံနေရသည်ဟု သိရသည်။

မတူပီမြို့ရှိ ဆန်ကုန်သည်များသည် မင်းတပ်-မတူပီလမ်းကြောင်း ပိတ်ထားသည့်အတွက် ဟားခါး-မတူပီလမ်းမှ တဆင့် ဂန့်ဂေါဘက်က ဆန်များကိုသယ်လေ့ရှိပြီး လွန်ခဲ့သည့်အပတ်ကစ၍ မတူပီမြို့အခြေစိုက် ခလရ ၁၄၀ နှင့် စစ်အခြေချ ဗျူးဟာတပ်တို့မှ ဆန်များကို မတူပီမြို့တွင်းသို့ ဝင်ရောက်ခွင့်မပြုခြင်းဖြစ်သည်ဟု မတူပီမြို့ခံတစ်ဦးကပြောသည်။

“ မတူပီမြို့ပေါ်မှာ နွေအတွင်းမှာ ဆန်အိတ်ပေါင်း ၂၀၀၀ ဝင်ပြီဆိုတော့ အကုန်လုံလောက်ပြီတဲ့ အခုနောက်ထပ်ဝင်လာ မယ့်ဟာတွေက CDF တွေကို ပံ့ပိုးမယ်ဆိုတဲ့အထင်နဲ့ပေါ့ အခု ဆန်တွေကို မတူပီမြို့ကို ဝင်ခွင့်မပေးတာ’’ ဟု မတူပီမြို့ခံကပြောသည်။

ခလရ ၁၄၀ နှင့် ဗျူဟာတပ်သည် မတူပီမြို့မဝင်ခင် ဟားခါး-မတူပီလမ်း ဖနိုင်၊ ငလိုင်ကျေးရွာအလွန်တွင် တည်ရှိပြီး ယခုလက်ရှိတွင်လည်း ဆန်ကုန်သည်များ၏ ဆန်အိတ် ၁၅၀ ကို ဝင်ခွင့်မပြုဘဲ ဖနိုင်၊ငလိုင်ကျေးရွာတွင် ချထားရသည် ဟု သိရသည်။

ယခုကဲ့သို့ မတူပီမြို့ပေါ်တွင် စစ်ကောင်စီက ဆန်သယ်ယူခွင့်ပိတ်ပင်လိုက်ခြင်းကြောင့် မြို့ပေါ်တွင် ဆန်ပြတ်လပ်သည့် အခြေအနေနှင့်ရင်ဆိုင်နေရသည်ဟု မတူပီမြို့ဒေသခံတစ်ဦးကပြောသည်။

“အခုမြို့ပေါ်မှာ ဆန်ဝယ်ဖို့မရှိတော့ဘူး ဆန်ကိုမရှိတာ တစ်ချို့က လှောင်ဖို့ကြိုတင်ဝယ်ထားတာလည်းရှိတယ်၊ တစ်ချို့က နယ်ဘက်က လာဝယ်ပြီးသယ်သွားကြတာတွေရှိတယ် အခုမြို့ပေါ်မှာ ဆန်ဆိုင်တွေမှာလည်း ဆန်မရှိတော့ဘူး’’ ဟု အထက်ပါဒေသခံကပြောသည်။

ထိုကဲ့သို့ ဆန်ပြတ်လတ်မှုကြုံတွေ့လာရသည့်အတွက် ဆန်သယ်ယူခွင့်ပြုနိုင်ရေးအတွက် မတူပီမြို့ရှိ ဘာသာရေးအသင်းတော်များအနေဖြင့် စစ်ကောင်စီထံသွားရောက်ညှိနှိုင်းရန်ပြင်ဆင်နေကြသည်ဟုလည်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီမှ မတူပီမြို့ပေါ်တွင် ဆန်များဝယ်ခွင့်မပြုခြင်းမှာ မတူပီမြို့ပြည်သူ့ကာကွယ်ရေးတပ်(CDF-Matupi) ထံ ရိက္ခာများရောက်ရှိမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်နိုင်သည်ဟု မတူပီမြို့ဒေသခံတစ်ဦးကပြောသည်။

“ ပြည်သူတွေရဲ့ အိမ်မှာ ဆန် ၅ အိတ် အထက် ၁၀ အိတ်လောက်ရှိရင် ဘာလုပ်ဖို့လဲ၊ သူတို့ ထင်တာ က CDF အတွက်စုဆောင်းတယ်လို့ထင်နေတာ၊ ဆန်တွေက ဖနိုင်မှာ ရှိတယ် ဒီဖက်ကိုသယ်လို့ကို မရတာ” ဟု သူကပြောသည်။

မတူပီမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့က ညအချိန်တွင်လည်း ဧည့်စာရင်းလိုက်လံစစ်ဆေးမှုများလည်း ညစဉ်ပြုလုပ်နေသည်ဟုသိရသည်။ H2

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများ ကူညီထောက်ပံမှုများလိုအပ်နေ

မိုခါမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများအတွက် KIO က ကျပ်သိန်း ၂၀၀၀ လှူဒါန်း

ချင်းပြည်နယ်တွင် ကျောင်းပေါင်း ၃၀၀ ကျော်ဖွင့်လှစ်ပြီး ကျောင်းတက်သူဦးရေ ၃၅၀၀၀ ကျော်ရှိ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.