• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မတူပီမြို့ ရှိ Joseph Qxygen ပရဟိတအသင်း၏ရုံးကို စစ်ကောင်စီမှ ထွင်းဖောက်ဖျက်စီး

မတူပီမြို့ ရှိ Joseph Qxygen ပရဟိတအသင်း၏ရုံးကို စစ်ကောင်စီမှ ထွင်းဖောက်ဖျက်စီး

0
By Editor on May 24, 2021 Khonumthung
မာဂရက် – ချင်းပြည်နယ်၊ မတူပီမြို့ မေလ ၂၃ ရက်ည ၉ နာရီခွဲ အချိန်တွင် Joseph Qxygen ပရဟိတအ သင်း၏ရုံးကို စစ်ကောင်စီမှ ဝင်ရောက် ထွင်းဖောက်ကာ ပစ္စည်းတချို့ကိုလည်း ယူဆောင်သွားပြီး အသုံးမလိုသော ပစ္စည်းများကိုမှု ဖျက်စီးပစ်သည်ဟု သိရသည်။
“ဦးထွန်းလင်းတို့ နေတဲ့အိမ် Joseph Qxygen ပရဟိတရုံးကို သူတို့သော့ဖောက်ပြီးမှ အနောက်ဖက် မီးဖိုချောင်ဖက်မှ သူတို့ တံခါးမဖက်ကျတော့ သော့ပိတ်ထားတော့ ဝင်လို့မရဘူးဆိုတော့ အနောက်ဖ က်ကနေ သူတို့ ခြေထောက်နဲ့ ကန်ကြပြီး အထဲမှာဝင်ကြတယ် ပြီးတော့ ကားဘီး ၆ ဘီးယူကြတယ်၊ ကားမှာသုံးတဲ့ဟာလားမသိဘူး ပိုက်တစ်ခွေလုံးရှိတယ် အဲ့တာလည်း အကုန်ယူကြတယ်၊ Maske တွေ၊ ဆေးဖာ ၂ ဖာအကုန်ယူကြတယ် ကျန်တဲ့ တိုလီမိုလီတွေလည်း အများကြီးရှိတယ်၊ ဖျက်စီး တာလည်းရှိတယ်၊ အပြင်မှာထားတဲ့မီးစက်တွေကိုလည်း မှောက်လှန်ပစ်ကုန်တယ်၊ အထဲမှာတွေ လည်း ယူပြီးမှ ကျန်တဲ့ဟာ သူတို့အကုန်လုံးဖျက်စီးခဲ့တယ်” ဟု မြို့ခံတစ်ဦး ကပြောသည်။
အဆိုပါ Joseph Qxygen ပရဟိတ အသင်းရုံးတွင် စစ်ကောင်စီတပ်ဖွဲ့ဖက်မှ ယနေ့ နေ့ခင်းအထိ နေရာယူထားတာကြောင့် ၎င်းရုံးကို သွားရောက်ကြည့်ရှုနိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။
မတူပီမြို့တွင် Joseph Qxygen ပရဟိတအသင်းကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အသင်း၏ ဥက္ကဌ ဦးထွန်းလင်းဦးကို ဧပြီလ ၇ ရက်နေ့ည ၁၀ နာရီအချိန်တွင် အာဏာသိမ်း စစ် ကောင်စီက ဖမ်းဆီးခဲ့ပြီး ယနေ့တိုင်ပြန်လည်လွတ်ပေးခြင်းမရှိသလို ပရဟိတတွင် အသုံးပြုသော ကား (၈) စီးနှင့် ကားလိုင်စင်များကိုပါ သိမ်းယူခဲ့ခြင်းဖြစ်သည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

မဏိပူရ်ပြည်နယ်က ချင်းအနွယ်ဝင်စစ်ဘေးရှောင်များကူညီရေးအတွက် မီဇိုရမ်ဝန်ကြီးချုပ်ထံ ရူပီး ၃ သိန်းလှူဒါန်း

နွေဦးတော်လှန်ရေး ၂ နှစ်တာအတွင်း CNDF ရဲဘော် ၃၂ ဦးကျဆုံး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.