Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မရာညီအကိုများ၏ စားပွဲဝိုင်းယဉ်ကျေးမှု ဆွေးနွေးအဖြေရှာသည့်ဖြစ်စဉ်ကို စံနမူနာယူကြရန် CCM တိုက်တွန်း

မရာညီအကိုများ၏ စားပွဲဝိုင်းယဉ်ကျေးမှု ဆွေးနွေးအဖြေရှာသည့်ဖြစ်စဉ်ကို စံနမူနာယူကြရန် CCM တိုက်တွန်း

0
By Editor on June 3, 2024 Khonumthung

နိုင်ငံရေး စစ်ရေးပဋိပက္ခနှင့်ပတ်သက်၍ လက်ရှိ မရာညီအကိုများ၏ စားပွဲဝိုင်းယဥ်ကျေးမှုဖြင့် ဆွေးနွေးအဖြေရှာသည့်ဖြစ်စဉ်ကို ချင်းတော်လှန်ရေးအင်အားစုများအနေဖြင့် စံနမူနာယူသင့်သည်ဟု Chin Civic Movement က တိုက်တွန်းလိုက်သည်။

မရာတော်လှန်ရေး တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်သည့် Maraland Territorial Council-MTC/Maraland Defense Force- MDF နှင့် Interim Maraland Council-IMC/CDF-Mara တို့သည် မရာဘာသာရေးခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် မေလ ၂၄ ရက်နေ့က ပြန်လည်ပေါင်းစည်းရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် လက်မှတ်ရေးထိုးနိုင်ခဲ့ကြပြီး ယင်းအပေါ် Chin Civic Movement – CCM မှ ကြိုဆိုဂုဏ်ပြုကြောင်း ယနေ့ ဇွန်လ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။

ချင်းပြည်သူလူထုနှင့် ချင်းလူမျိုးများလိုလားသည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသစ် တည်ဆောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင် ကြရာတွင်၊ လက်ရှိမရာညီအကို များ၏ စားပွဲဝိုင်းယဥ်ကျေးမှုဖြင့် ဆွေးနွေးအဖြေရှာသည့်ဖြစ်စဉ်ကို စံနမူနာယူ၍ ချင်းတော်လှန်ရေးအစုအဖွဲ့ အချင်း ချင်းအကြားတွင် မည်သည့်ပဋိပက္ခများကိုမဆို စားပွဲဝိုင်းယဥ်ကျေးမှုဖြင့် ဆွေးနွေးအဖြေရှာသည့် နည်းလမ်းဖြင့်သာ ဖြေရှင်းကြရန် Chin Civic Movement-CCM မှ တိုက်တွန်းထားသည်။

ချင်းအနွယ်ဝင် မရာမျိုးနွယ်စုများမှ ဖွဲ့စည်းတည်ထောင်ထားကြသော MDF နှင့် CDF-Mara တပ်ဖွဲတို့သည် နှစ်ဖက် သဘောထားကွဲလွဲမှုတို့ ကြောင့် စစ်ရေးတင်းမာမှုရှိလာပြီးနောက် ယခုနှစ်ဆန်ပိုင်းကစတင်၍ တိုက်ပွဲပေါင်း ၁၀ ကြမ်ထက်မနည်း ဖြစ်ပွားကာ နှစ်ဘက်ထိခိုက်ကျဆုံးမှုများလည်းရှိခဲ့သည်။

မရာဧဝံဂေလိအသင်းတော်မှ ဘာသာရေးခေါင်းဆောင်များက Peace Commission ကိုဖွဲ့စည်းကာ ငြိမ်းချမ်းရေး ကြားဝင်ညှိနှိုင်းဆောင်ရွက်လာခဲ့ရာမှ ပြန်လည်ပေါင်းစည်းရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အခြေအနေထိ ဖြစ်လာခဲ့သည်။

အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပြည်သူလူထု၏ အခြေခံလုံခြုံရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာများကို ရှေ့ရှုသည့် အချက်အလက်များအပါအဝင် အခြားလုပ်ငန်းစဉ် (၈) ချက်ကို သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ရုံသာမက တော်လှန်ရေးကာလအတွင်း မဖြစ်မနေ အလေးအနက်ထား ဆောင်ရွက်ရမည့် အချက်များဖြစ်သည်ဟု CCM ဆိုသည်။

ထို့အပြင် အထက်ပါ သဘောတူညီချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို မရာညီအစ်ကိုများမှ အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရန်နှင့် ရေရှည်တည်တံ့သည့် ပေါင်းစည်းရေးဖြစ်နိုင်စေရန် မျှော်လင့်ကြောင်း CCM က ဆိုသည်။

Chin Civic Movement – CCM သည် သပိတ်လှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်သူများ၊ ကျောင်းသားအင်အားစုများ၊ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများ၊ ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ချင်းအရေး တက်ကြွလှုပ်ရှားသူများနှင့် ပြည်ပရောက် ပညာတော်သင်များမှ ဖော်ဆောင်သည့် လူထုအခြေပြု လှုပ်ရှားမှုဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ရေးအခြေအနေကြောင့် ပြည်သူများ ရိက္ခာ၊ ဆေးဝါးများလုံလောက်စွာစုဆောင်းပြီး ဗုံးခိုကျင်းများကြိုတင်ပြင်ဆင်ရန် ဆဲန်ထန်ဗဟိုကောင်စီထုတ်ပြန်

ကလေးမြို့ပေါ်တွင် စစ်မှုထမ်းဖို့အတွက် အဖမ်းအဆီးကြမ်းနေ

လုံခြုံရေးအခြေအနေကြောင့် ရိဒ်ခေါဒါရ်- လိုင်တွီးလမ်းကို အချိန်အကန့်အသတ်ဖြင့်သာ သွားလာခွင့်ပြုမည်ဟု CDF-Hualngoram ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.