(004SS)
မလေးရှားနိုင်ငံ၊ ကွာလမ်လာပူမြို့တွင် နေထိုင်သော ချင်းအမျိုးသားတစ်ဦးသည် သုံးထပ်တိုက်ပေါ်မှ ပြုတ်ကျ၍ သေဆုံးခဲ့ကြောင်း Falam Pawlpi Malaysia (FPM-FRO) က ဖော်ပြသည်။
မေလ ၄ ရက် တနဂ်နွေနေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်တွင် ၎င်းနေထိုင်ရာ Jalan Sungai Besi အိမ်သုံးထပ်တိုက်ပေါ်ကနေ လမ်းမပေါ်ကိုပြုတ်ကျသည်ကို တွေ့ရှိပြီး ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ပေခဲ့ကြသော်လည်း ဒဏ်ရာပြင်ထန်သောကြောင့် အသက်သေဆုံးခဲ့ရကြောင်း သိရသည်။
သေဆုံးသူမှာ ချင်းပြည်နယ်၊ ဖလမ်းမြို့ နယ်၊ရာလ်လန်းကျေးရွာသား၊ အသက် (၃၁) နှစ်အရွယ် Lal Hram Luai ဖြစ်ပြီး တိုက်ပေါ်ကနေ ပြုတ်ကျရသည့် အကြောင်းအရင်းကိုမူ မသိရသေးပေ။