• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မသန်စွမ်းအခွင့်အရေးဥပဒေပါလုပ်ငန်းများ ထိရောက်စွာအကောင်ထည်ဖော်နိုင်ရန် ရန်ပုံငွေတစ်ရပ်ထူထောင်မည်

မသန်စွမ်းအခွင့်အရေးဥပဒေပါလုပ်ငန်းများ ထိရောက်စွာအကောင်ထည်ဖော်နိုင်ရန် ရန်ပုံငွေတစ်ရပ်ထူထောင်မည်

0
By Editor on February 4, 2019 Headline

By လားနွန် – မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေပါ လုပ်ငန်းများကို ထိရောက်အောင် မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ၂၀၁၉-၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတစ်ရပ်ထူထောင်သွားမည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးအောင်ကပြောသည်။

ဇန်န၀ါရီလ (၃၁) ရက်နေ့ကျင်းပပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီးက နိုင်ငံတစ်ဝန်းတွင် ဖွင့်လှစ်ထားရှိကြသည့် နားမကြားကျောင်းများရှိ ကျောင်းသူ၊ ကျောင်းသားများနှင့် ကျောင်းသို့ရောက်ရှိမလာသော ကလေး သူငယ်များ၊ အရွယ်ရောက်ပြီးသူများ၏ ဘ၀ရှေ့ရေးလုံခြုံချောမွေ့စွာ ရပ်တည်နိုင်ရေးအတွက် မည်သို့ စီမံဆောင်ရွက်ထားမှု နှင့်စပ်လျဉ်း၍ မေးမြန်းမှုကို ဒုတိယ၀န်ကြီးက ယင်းကဲသို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“အကြားအာရုံချို့ယွင်းနေသူများ အပါအဝင် မသန်စွမ်းကျောင်းသူ/ သားများနှင့် ကျောင်းသို့ရောက်ရှိမလာသည့် ကလေးသူငယ်များအရွယ် ရောက်ပြီးသူများ၏ ဘဝရှေ့ရေးလုံခြုံ ချောမွေ့စွာရပ်တည်နိုင်ရေး၊ ပညာသင်ကြားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်ရေး ဆက်စပ် ဝန်ကြီးဌာနများ၊ လူမှုအဖွဲ့အစည်းများနှင့်‌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်‌ ပြန်လည်နေရာ ချထား ရေးဝန်ကြီးဌာနမှ စီစဉ်ပြဋ္ဌာန်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့်‌ ၂၀၁၉-၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေပါလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ရန်ပုံငွေတစ်ရပ်ထူထောင်နိုင်ရေး ဝန်ကြီးဌာနအနေဖြင့် ညှိနှိုင်း ဆောင်ရွက်ထားရှိပါတယ်’’ ဒုဝန်ကြီးဦးစိုးအောင်ကပြောသည်။

ထို့အပြင် မြန်မာနိုင်ငံ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ ၂၀၁၆-၂၅ ခုနှစ် ကိုလည်း ဦးတည်ကဏ္ဍခုနှစ်ရပ်နှင့် ရေးဆွဲထားပြီး ၎င်းမဟာဗျူဟာအား နှစ်အလိုက် လုပ်ငန်းစီမံချက် များ ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ကြာင်း ဒုဝန်ကြီးဆက်ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့မှ လက်ထောက်ဒါရိုက်တာ ကိုယောရှုက အစိုးရအနေဖြင့် မသန်စွမ်းအဖွဲ့အစည်းတွေနှင့် ပူးပေါင်းဆောင်ရွက်သင့်သည်ဟု ပြောသည်။

“အစိုးရအနေနဲ့ ကျွန်တော်တို့လို အရပ်ဖက် မသန်စွမ်းအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့မှလုပ်ဆောင်ရမှာဖြစ်တယ် ကျွန်တော်တို့ အရပ်ဖက်မသန်စွမ်းတွေက တိုင်း၊ ခရိုင်၊ မြို့နယ်ဆိုပြီး မြန်မာတစ်နိုင်ငံလုံးမှာ အဖွဲ့စည်းရှိမှာသာလျှင် အဲဒီဟာတွေကို အကောင်ထည်ဖော်နိုင်ရမယ် မူဝါဒရေးဆွဲထားတယ်ဆိုတော့ အခု မြို့နယ်၊ ခရိုင် အဆင့် မသန်စွမ်းအဖွဲ့အစည်း ဖွဲ့ရန်အတွက် အခုလောလောဆယ်အခက်အခဲရှိတယ် ကျွန်တော်တို့မဖွဲ့နိုင်သေးဘူးဖြစ်တယ် ဆိုတော့ အဲတာတွေက အဟန့်အတားရှိနေသေးတယ် အကောင်ထည်ဖော်ဖို့ရန်အတွက် ကြာမြင့်တယ် ဆိုတော့ အရေးကြီးတာကတော့ အဲဒီမူဝါဒရှိရင်လည်း အကောင်ထည်ဖော်တာက ၂၀၂၀ လောက်မှာပဲဖြစ်မှာ လောလောဆယ်ဒီကြားထဲမှာ ဘယ်လိုပြောရမလဲ ဟာနေတာပေါ့” ဟု ကိုယောရှုကပြောသည်။

ယခုလက်ရှိအခြေအနေတွင်လည်း မသန်စွမ်းသူများအတွက် အစိုးရမှ အကောင်အထည်ဖော်ဆောင်မှုများသည် နှောင့်နှေးမှုများရှိနေပြီး လက်တွေ့တွင် ထောက်ပံ့ကြေးပေးဆောင်ရာတွင်လည်း ကျေးလက်ဒေသများ လက်လှမ်းမှီနိုင်ရန် အခက်အခဲများရှိနေသေးသည်ဟု သူကဆက်ပြောသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် မသန်စွမ်းလူဦးရေ ၂၃ သိန်းကျော်ရှိပြီး မြန်မာနိုင်ငံလူဦးရေ၏ ၄.၆ ရာခိုင်နှုန်းရှိသည်။ ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် မသန်စွမ်းလူဦးရေ ဒုတိယအများဆုံးပြည်နယ်ဖြစ် သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.