• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မဟာမိတ်ရုရှားသာ စစ်ပွဲတွင် အောင်မြင်ခဲ့လျှင် ဥရောပရှိ ဗြိတိန်နိုင်ငံနှင့် ပြင်သစ်၊ ဂျာမနီ၊ အီတလီနိုင်ငံများကို မြန်မာတပ်မတော်အား အုပ်ချုပ်ခွင့်ပေးမည်ဟု ရုရှားသမ္မတ ပူတင်မှ ကတိပေးပြောကြားထားတယ်ဆိုတဲ့သတင်းအမှား

မဟာမိတ်ရုရှားသာ စစ်ပွဲတွင် အောင်မြင်ခဲ့လျှင် ဥရောပရှိ ဗြိတိန်နိုင်ငံနှင့် ပြင်သစ်၊ ဂျာမနီ၊ အီတလီနိုင်ငံများကို မြန်မာတပ်မတော်အား အုပ်ချုပ်ခွင့်ပေးမည်ဟု ရုရှားသမ္မတ ပူတင်မှ ကတိပေးပြောကြားထားတယ်ဆိုတဲ့သတင်းအမှား

0
By Editor on March 30, 2022 Headline

ဒီသတင်းအမှားကို Kyaw Thiha ဆိုတဲ့ကောင့်မှ “ရုရှားတပ်တွေ ယူကရိန်းထဲဝင်လာပါပြီ။ မြန်မာတပ်မတော်မှ စစ်သည်အင်းအား ၆ သောင်းမှ တတိယ ကမ္ဘာစစ်အတွက် ပြင်ဆင်ပြီး ရုရှားတပ်မတော်နဲ့ ပူးပေါင်းပြီး ယူကရိန်း နယ်စပ်တွင်ပို့လိုက်ပါပြီ။ လိုအပ်ပါက မြန်မာနိုင်ငံ နေရာအနှံ့အပြားမှ တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုဝင်များ၊ ထောက်ခံသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုများ၊ ကြံခိုင်ရေးပါတီဝင်များ၊ မဘသ၉၆၉ မှ မျိုးချစ် သံဃာများမှ မဟာမိတ်ရုရှားအတွက် အသက်ပေးပြီး တိုက်ခိုက်ကာကွယ်ပေးမယ်လို့သိရပါတယ်။ စစ်ရေးစွမ်းရည်ပြည့်ဝတဲ့ မြန်မာတပ်မတော်ကို ရုရှားရဲ့ပူတင်ကလည်း အားကိုးတကြီး အကူအညီတောင်းဆိုမှုကြောင့်ဖြစ်ပါတယ်။” ရေးသားထားပါတယ်။

ဆက်လက်ပြီး “ယူကရိန်းကို မတည်မငြိမ်ဖြစ်စေဖို့ ယူကရိန်းနိုင်ငံထဲက ရုရှားလူမျိုးတွေများတဲ့ (လက်နက်ကိုင်သူပုန်များတဲ့) ပြည်နယ် ၂ ခုကို မနေ့က ရုရှားက လွတ်လပ်သောနိုင်ငံအဖြစ် လွတ်လပ်ရေး အသိအမှတ် ပြုလိုက်ပါတယ်။ အကယ်၍ မဟာမိတ်ရုရှားသာ စစ်ပွဲတွင် အောင်မြင်ခဲ့လျှင် ဥရောပရှိ ဗြိတိန်နိုင်ငံနှင့် ပြင်သစ်၊ ဂျာမနီ၊ အီတလီနိုင်ငံများကို မြန်မာတပ်မတော်အား အုပ်ချုပ်ခွင့်ပေးမည်ဟု ရုရှားသမ္မတ ပူတင်မှ ကတိပေးပြောကြားထားပါတယ်။ အမေရိကန်နဲ့ ဥရောပကတော့ ရုရှားကိုစပြီး စီးပွားပိတ်ဆို့ရေး လုပ်နေကြပါတယ်။

ထို့ကြောင့် မြန်မာတပ်မတော်မှ မဟာမိတ်ရုရှားကို စစ်ရေး၊ စီးပွားရေး အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အယ်ဂျားဇီးယား ရုပ်သံသတင်းဌာနကထု ပြောကြားခဲ့ပါတယ်။ ရုရှားကတော့ ယူကရိန်းရဲ့မြေကို ၂ ကြိမ်မြောက် ဖဲ့ယူနေပါပြီ။ ၂၀၁၄ က ယူကရိန်းနိုင်ငံ ခရိုင်မီးယားဒေသတစ်ခုလုံးကိုလည်း ဖဲ့ယူခဲ့ဖူးပါတယ်။ လက်ရှိ ယူကရိန်းနိုင်ငံကို မဟာမိတ်ရုရှားရဲ့ အစီအမံအောက်မှ မြန်မာတပ်မတော်ရဲ့ လက်နက်၊ လူအင်အားများ အကူအညီပေးရေးအတွက် အစည်းအဝေး ခေါ်ယူပြီးသားဖြစ်ပါတယ်။ အမျိုး၊ ဘာသာ၊ သာသနာအတွက် စိတ်အေးရပါပြီဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ထပ်လောင်းပြီး ပြောကြားခဲ့ပါတယ်။” လို့ ရေးသားဖော်ပြထားပါတယ်။

Kyaw Thiha ဆိုတဲ့ကောင့်မှ ရေးသားဖော်ပြထားသလို “မြန်မာတပ်မတော်မှ စစ်သည်အင်းအား ၆ သောင်းမှ တတိယ ကမ္ဘာစစ်အတွက် ပြင်ဆင်ပြီး ရုရှားတပ်မတော်နဲ့ ပူးပေါင်းပြီး ယူကရိန်း နယ်စပ်တွင်ပို့လိုက်ပါပြီ။” ဆိုတာသတင်းအမှားသာဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီဟာ ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်ကို စစ်အင်အားအလုံးရင်းနဲ့ ထိုစစ်ဆင်တိုက်ခိုက်နေတာပါ၊ စစ်ကောင်စီဘက်မှ ရုရှားကို မိမိတို့ဘက်မှ စစ်သည်အင်းအား ၆ သောင်း စေလွှတ်တယ်ဆိုတာလည်း ပြောကြားထားတာမရှိပါဘူ။ “ရုရှား-ယူကရိန်း စစ်ပွဲ တစ်ပတ်တာမှတ်စု – ၂” ဆိုတဲ့ သတင်း Link မှာ ယူကရိန်-ရုရှားတိုက်ပွဲနဲ့ပတ်သက်တဲ့ အချက်အလက်များပါရှိပါတယ်။ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

News Link>>https://news-eleven.com/article/226847

ဒါ့အပြင် အယ်ဂျားဇီးယားသတင်းဌာန Pageကို ဝင်ရောက်ရှာဖွေဖတ်ရှု့တဲ့အခါ သတင်းအမှားမှာဖော်ပြထားသလို “မဟာမိတ်ရုရှားသာ စစ်ပွဲတွင် အောင်မြင်ခဲ့လျှင် ဥရောပရှိ ဗြိတိန်နိုင်ငံနှင့် ပြင်သစ်၊ ဂျာမနီ၊ အီတလီနိုင်ငံများကို မြန်မာတပ်မတော်အား အုပ်ချုပ်ခွင့်ပေးမည်ဟု ရုရှားသမ္မတ ပူတင်မှ ကတိပေးပြောကြားထားပါတယ်။ အမေရိကန်နဲ့ ဥရောပကတော့ ရုရှားကိုစပြီး စီးပွားပိတ်ဆို့ရေး လုပ်နေကြပါတယ်။ ထို့ကြောင့် မြန်မာတပ်မတော်မှ မဟာမိတ်ရုရှားကို စစ်ရေး၊ စီးပွားရေး အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အယ်ဂျားဇီးယား ရုပ်သံသတင်းဌာနကထုတ်ပြောကြားခဲ့ပါတယ်။” ဆိုတာလည်း မပါရှိပါဘူး သတင်းအမှားတစ်ခုသာဖြစ်ပါတယ်။

အယ်ဂျားဇီးယားသတင်းဌာန Link>>> https://www.aljazeera.com/tag/ukraine-russia-crisis/

Kyaw Thiha ဆိုတဲ့ကောင့်မှ ရေးသားဖော်ပြထားတဲ့ အချက်အလက်များကို Cross Check နဲ့စီစစ်ကြည့်လိုက်တဲ့အခါမှာ သတင်းအမှားဖြစ်ကြောင်းတွေ့ရပါတယ်။ ဒီသတင်းကို ဖေဖော်ဝါရီ ၂၂ ရက်နေ့က ရေးသားခဲ့ပေမယ့် မတ်လ ၂၉ ရက်နေ့မှာ ပြန်လည်ဝေမျှနေဖြစ်ပါတယ်။

ပြည်သူများအနေနဲ့ သတင်းများကို စီစစ်ပြီးမှ ဖတ်ရှုဖို့တိုက်တွန်းလိုက်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကောင်စီမှ ဖွင့်လှစ်သောကျောင်းတွင် ကျောင်းအပ်နှံခြင်းမပြုရန် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပန်ကြား

ထန်တလန်မြို့တွင် CDF များက နေအိမ်များအား ထပ်မံမီးရှို့ဆိုတဲ့သတင်း

ပလက်ဝမြို့အနီးတွင် လက်နက်ကြီးပစ်ခတ်သံများကြားနေရ

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.