• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ္တြင္ နယူးေဒလီမွျပန္လာသည့္ ျမန္မာနိုင္ငံသား (၂) ဦးထံမွ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕

မီဇိုရမ္တြင္ နယူးေဒလီမွျပန္လာသည့္ ျမန္မာနိုင္ငံသား (၂) ဦးထံမွ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕

0
By Editor on July 21, 2020 Khonumthung

#Unicode

By ရစ်ချက် – ချင်းပြည်နယ်နှင့် နယ်နမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ (၁၇) ရက်နေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှ လေကြောင်းဖြင့်ပြန်လာသူ မြန်မာနိုင်ငံသား (၂) ဦးထံ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၁၇) ရက်နေ့ညက မီဇိုရမ်ပြည်နယ် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးကုသသောနေရာ Zoram Medical College တွင် ရောဂါးပိုးစစ်ဆေးချက်အရ နယူးဒေလီမြို့မှပြန်လာပြီး ကျန်ဖိုင်းခရိုင်တွင် Quarantine ဝင်နေသူ အဆိုပါ မြန်မာနိုင်ငံသား (၂) ဦးထံ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

အဆိုပါ ပိုးတွေ့လူနာ မြန်မာနိုင်ငံသား (၂) ဦးတို့ကို အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Quarantine စင်တာသို့ မပို့ဆောင်မှီ အိုက်ဇောလ်ခရိုင် Mualpui Salem ရပ်ကွက်ရှိ R Dengthuama Hall တွင် Quarantine ဝင်ထားပြီးကြသူများဖြစ်ကြသည်။

R Dengthuama Hall တွင် Quarantine ဝင်ရောက်နေစဉ် (၁) ဦး အပြင်ထွက်ပြီး စျေးဆိုင်တစ်ခုတွင် စျေးဝင်ရောက်ဝယ်ယူခဲ့ကြောင်း သိရှိကြသည့်အတွက်
၄င်းဖြစ်စဉ်ကြောင့် Salem ရပ်ကွက်ရှိ Local Task Force မှ ပြီးခဲ့သည့် ဇူလိုင် (၁၈) ရက်နေ့ကစပြီး Salem ရပ်ကွက် အတွင်း curfew ကြေညာကာ ၄င်းတို့နှင့်ထိတွေ့ဆက်ဆံနိုင်ဖွယ်ရှိသော လူ (၁၅) ဦးတို့၏ swab sample များ စစ်ဆေးသွားဖို့ရှိကြောင်း၊ စျေးဆိုင်ရှင်မိသားစုတို့ကိုလည်း Quarantine ချထားကြောင်း သိရသည်။

ယခုလက်ရှိအခြေအနေအထိ မီဇိုရမ်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး စတွေ့ချိန်ကစပြီး ယနေ့အထိ လူဦးရေ ၂၈၄ ဦးထံ ရောဂါပိုးတွေ့ရှိနေပြီဖြစ်ပြီး လူဦးရေ ၁၆၈ ဦး သက်သာပျောက်ကင်းသွားပြီဖြစ်ကြောင်းနှင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ဆေးကုသခံယူနေသူ လူဦးရေ ၁၁၆ ဦးရှိသည်။

#Unicode

By ရစ္ခ်က္ – ခ်င္းျပည္နယ္ႏွင့္ နယ္နမိတ္ခ်င္းထိစပ္ေနေသာ မီဇိုရမ္ျပည္နယ္တြင္ ၿပီးခဲ့သည့္ ဇူလိုင္လ (၁၇) ရက္ေန႔က အိႏၵိယနိုင္ငံ၊ နယူးေဒလီၿမိဳ႕မွ ေလေၾကာင္းျဖင့္ျပန္လာသူ ျမန္မာနိုင္ငံသား (၂) ဦးထံ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

ဇူလိုင္လ (၁၇) ရက္ေန႔ညက မီဇိုရမ္ျပည္နယ္ ကိုဗစ္-၁၉ ေရာဂါပိုးစစ္ေဆးကုသေသာေနရာ Zoram Medical College တြင္ ေရာဂါးပိုးစစ္ေဆးခ်က္အရ နယူးေဒလီၿမိဳ႕မွျပန္လာၿပီး က်န္ဖိုင္းခရိုင္တြင္ Quarantine ဝင္ေနသူ အဆိုပါ ျမန္မာနိုင္ငံသား (၂) ဦးထံ ေရာဂါပိုးေတြ႕ရွိခဲ့ေၾကာင္း မီဇိုရမ္ေန႔စဥ္ထုတ္သတင္းစာ The Aizawl Post တြင္ ေဖာ္ျပသည္။

အဆိုပါ ပိုးေတြ႕လူနာ ျမန္မာနိုင္ငံသား (၂) ဦးတို႔ကို အိႏၵိယ-ျမန္မာနယ္စပ္ မီဇိုရမ္ျပည္နယ္ က်န္ဖိုင္းခရိုင္ Quarantine စင္တာသို႔ မပို႔ေဆာင္မွီ အိုက္ေဇာလ္ခရိုင္ Mualpui Salem ရပ္ကြက္ရွိ R Dengthuama Hall တြင္ Quarantine ဝင္ထားၿပီးၾကသူမ်ားျဖစ္ၾကသည္။

R Dengthuama Hall တြင္ Quarantine ဝင္ေရာက္ေနစဥ္ (၁) ဦး အျပင္ထြက္ၿပီး ေစ်းဆိုင္တစ္ခုတြင္ ေစ်းဝင္ေရာက္ဝယ္ယူခဲ့ေၾကာင္း သိရွိၾကသည့္အတြက္
၄င္းျဖစ္စဥ္ေၾကာင့္ Salem ရပ္ကြက္ရွိ Local Task Force မွ ၿပီးခဲ့သည့္ ဇူလိုင္ (၁၈) ရက္ေန႔ကစၿပီး Salem ရပ္ကြက္ အတြင္း curfew ေၾကညာကာ ၄င္းတို႔ႏွင့္ထိေတြ႕ဆက္ဆံနိုင္ဖြယ္ရွိေသာ လူ (၁၅) ဦးတို႔၏ swab sample မ်ား စစ္ေဆးသြားဖို႔ရွိေၾကာင္း၊ ေစ်းဆိုင္ရွင္မိသားစုတို႔ကိုလည္း Quarantine ခ်ထားေၾကာင္း သိရသည္။

ယခုလက္ရွိအေျခအေနအထိ မီဇိုရမ္ျပည္နယ္တြင္ ကိုဗစ္-၁၉ ေရာဂါပိုး စေတြ႕ခ်ိန္ကစၿပီး ယေန႔အထိ လူဦးေရ ၂၈၄ ဦးထံ ေရာဂါပိုးေတြ႕ရွိေနၿပီျဖစ္ၿပီး လူဦးေရ ၁၆၈ ဦး သက္သာေပ်ာက္ကင္းသြားၿပီျဖစ္ေၾကာင္းႏွင့္ လက္ရွိတြင္ ကိုဗစ္-၁၉ ေရာဂါပိုးေၾကာင့္ ေဆးကုသခံယူေနသူ လူဦးေရ ၁၁၆ ဦးရွိသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

မဏိပူရ်ပြည်နယ်က ချင်းအနွယ်ဝင်စစ်ဘေးရှောင်များကူညီရေးအတွက် မီဇိုရမ်ဝန်ကြီးချုပ်ထံ ရူပီး ၃ သိန်းလှူဒါန်း

နွေဦးတော်လှန်ရေး ၂ နှစ်တာအတွင်း CNDF ရဲဘော် ၃၂ ဦးကျဆုံး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.