• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်နယ်စပ်တွင် ရူပီး သိန်း ၅၇၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

မီဇိုရမ်နယ်စပ်တွင် ရူပီး သိန်း ၅၇၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

0
By Editor on August 4, 2020 Khonumthung

#Unicode

By ရစ်ချက် – အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့နယ်တွင် မြန်မာနိုင်ငံမှမှောင်ခိုတင်သွင် းလာ သော ရူပီး သိန်း ၅၇၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား (Methamphetamine) အလုံးရေ (၁၉၀၀၀၀) ကို Champhai District Excise & Narcotics Enforcement Staff နှင့် အာသံရိုင်ဖယ်တပ်ရင်း (၈) တို့ ပူးပေါင်းပြီး ဇူလိုင်လ (၃၀) ရက်နေ့က ဖမ်းဆီးခဲ့သည်ဟု သိရသည်။

အဆိုပါ ရူပီး သိန်း ၅၇၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား အလုံးရေ (၁၉၀၀၀၀) ကို မြန်မာနိုင်ငံသားနှစ်ဦးဟု ယူဆသူများက တရုတ်ဆိုင်ကယ် Kenbo 125 ဖြင့် အမှတ်(၂) ရိ-ဇိုခေါထာရ် နယ်စပ်ကိုဖြတ်ကျော် သယ်ဆောင်လာခြင်းဖြစ်ပြီး Melbuk ကျေးရွာအနီးတွင် ဆေးဝါးများကို ဖမ်းဆီးရမိခြင်းဖြစ်သည်။

သို့သော်လည်း ဆိုင်ကယ်ဖြင့် ဆေးဝါးသယ်ဆောင်လာသူနှစ်ဦးသည် ထွက်ပြေးလွတ်မြောက်သွားသည်ဟု မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာတွင်ဖော်ပြထားသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ (၂၉) ရက်နေ့က မြန်မာနိုင်ငံမှတင်ပို့သော ရူပီး ၁၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူ (၂၅ ဟောင်) ကို မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့မရောက်ခင် Seling ကျေးရွာတွင် ဒေသခံမီဇိုးလူမျိုးတစ်ဦးထံ Mizoram Police Drugs Operational Team မှ ဖမ်းဆီးခဲ့သည်။

#Zawgyi





Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လက်နက်ကြီးကြောင့် ၃ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအဝင် လူ ၄ ဦးဒဏ်ရာရ

ချင်း-လူရှိုင်း-ကူကီးမျိူးနွယ်များ အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်စုစည်းနေထိုင်ရေး ဆောင်ရွက်မည်ဟုဆို

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.