Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်သို့ ကုန်ပစ္စည်းတင်ပို့မှုပိတ်ပင်ထားသောကြောင့် ကုန်သည်များအခက်တွေ့

မီဇိုရမ်သို့ ကုန်ပစ္စည်းတင်ပို့မှုပိတ်ပင်ထားသောကြောင့် ကုန်သည်များအခက်တွေ့

0
By Editor on April 11, 2019 Khonumthung

By မိုးကျော် – အိန္ဒိယ-မြန်မာ အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်း ရိ-ဇိုခေါထာရ်မှတဆင့် မီဇိုရမ်ပြည်နယ်သို့ ကုန်ပစ္စည်းတင်ပို့မှုကို ကျန်ဖိုင်ကားလိုင်းအသင်းမှ ပိတ်ပင်ထားသည်မှာ နှစ်ပတ်ကျော်နေပြီဖြစ်သည့်အတွက် မြန်မာကုန်သည်များ အခက်တွေ့နေကြကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ် ဇိုခေါထာရ် ကုန်စည်ပို့ဆောင်ရေးအဖွဲ့နှင့် ကျမ်ဖိုင်း ကုန်စည်ပို့ဆောင်ရေး ကားလိုင်းအသင်းတို့အကြား ကုန်ပစ္စည်းသယ်ယူရေးနှင့်ပတ်သက်၍ အငြင်းပွားမှုဖြစ်နေသည့်အတွက် နယ်စပ်မှတဆင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းဘက်သို့ ကုန်ပစ္စည်းတင်ပို့မှုကို မတ်လ (၂၆) ရက်နေ့ကစတင် ပိတ်ပင်ခဲ့ကြခြင်းဖြစ်သည်။

ယခုလို ကုန်ပစ္စည်းများတင်ပို့မှု ပိတ်ပင်ထားခြင်းမှာ နှစ်ပတ်ကျော်ကြာနေပြီဖြစ်သည့်အတွက် နယ်စပ်ဂိုဒေါင်များတွင် ကုန်ပစ္စည်း များ မဆံ့တာ့လောက်အောင် များပြားနေပြီဖြစ်သောကြောင့် အချို့ကုန်ပစ္စည်းများမှာ ကလေးမြို့တွင်သာ ထားရှိနေရကြောင်း မြန်မာကုန်သည်အမျိုးသမီးတစ်ဦးဖြစ်သူ မ Bawrte က ပြောသည်။

“ပိတ်ထားတာ နှစ်ပတ်လောက်ရှိပြီဆိုတော့ ရိ ဂိုဒေါင်မှာလည်း ပစ္စည်းတွေ မဆံ့တာ့ဘူး၊ ဒါကြောင့် ကျမတို့ ကုန်ပစ္စည်းတွေကို ကလေးမြို့မှာဘဲ ထားခဲ့ရတယ်။” ဟု ပြောသည်။

ကုန်ပစ္စည်းများ တင်ပို့ခွင့်မရှိသည့်အတွက် ကုန်သည်များအနေဖြင့် မီဇိုရမ်ဘက်တွင် အကြွေးတောင်းခံရာတွင်းလည်း အခက်တွေ့ကြုံနေကြရ ကြောင်း အဆိုပါကုန်သည်အမျိုးသမီးတစ်ဦးက ထပ်မှန်ပြောသည်။

“အကြွေးတောင်းတာခက်ပါတယ်ဆို၊ ခုလို ကုန်ပစ္စည်းတင်ခွင့် ပိတ်ပင်လိုက်တော့ ပိုခက်သွားတာပေါ့။ ပစ္စည်းသစ်မပေးနိုင်ရင် အကြွေးတောင်းရတာ အလွန်ခက်တယ်။ သူတို့ လိုချင်တဲ့ပစ္စည်း၊ မှာထားတဲ့ပစ္စည်းကို ပေးနိုင်မှ သူတို့ဘက်ကလည်း များများပေး တာဖြစ်တယ်။” ဟု သူမကပြောသည်။

မြန်မာနိုင်ငံပြည်မဘက်မှ ရိ-ဇိုခေါထာရ်နယ်စပ်ကုန်သွယ်ရေးခစန်းသို့ ရောက်ရှိလာသော ကုန်ပစ္စည်းများကို ဇိုခေါထာရ်မှ ကျန်ဖိုင်းသို့ ပို့ဆောင်လေ့ရှိပြီး ထိုမှတဆင့် မီဇိုရမ်ပြည်နယ် မြို့တော်အိုင်ဇော်နှင့် မြို့နယ်အသီးသီးသို့ ပြန်လည်တင်ပို့လေ့ရှိသည်။

ဇိုခေါထာရ်နှင့် ကျန်ဖိုင်းပြေးဆွဲသည့် ကုန်ပစ္စည်းတင် ကားလိုင်းအသင်းတို့သည် ကုန်ပစ္စည်းသယ်ယူမှုနှင့်ပတ်သက်၍ အငြင်းပွားမှု မကြာခဏဖြစ်ပွားလေ့ရှိပြီး ကုန်ပစ္စည်းသယ်မှုကိုလည်း ယခုလို ပိတ်ပင်လေ့ရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသား နှစ်ဦးထံ ရူပီး သိန်း ၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

HPO/CDF-Hualngoram က ရိခေါဒါရ်မြို့ မူကြိုကျောင်းမှာ ဘိန်းဖြူဟောင် ၄၀၀ ကျော်ဖမ်းမိ

မတူပီ-မင်းတပ်လမ်း ပြုပြင်နေသောကြောင့် ခေတ္တလမ်းပိတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.