Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မတူပီ-မင်းတပ်လမ်း ပြုပြင်နေသောကြောင့် ခေတ္တလမ်းပိတ်

မတူပီ-မင်းတပ်လမ်း ပြုပြင်နေသောကြောင့် ခေတ္တလမ်းပိတ်

0
By Editor on May 22, 2025 Khonumthung

(004SS)

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီ-မင်းတပ်လမ်းမပေါ်ရှိ မိုင်တိုင် (၉၁) လမ်းပိုင်းကို ပြုပြင်နေပြီး ထိုသို့ပြုပြင်‌နေစဉ်ကာလအတွင်း ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် မတူပီ တော်လှန်ရေးအဖွဲ့ချုပ် (MRO)/ CDF-Matupi က ယနေ့တွင် ထုတ်ပြန်သည်။

ထိုလမ်းပိုင်းတွင် လမ်းအကျယ်၏ ၅ ပေဝန်းကျင်ကနေ ကတ္တရာများပါအက်ကွဲပြီး ခန့်မှန်း‌ခြေ ၃ ပေ မှ ၁၀ ပေ ဝန်းကျင်သည် မြေကျွံနေကြောင်း ၎င်းတို့ ထုတ်ပြန်သော ဓါတ်ပုံများအရ သိရသည်။

ပျက်စီးယိုယွင်းနေသည့် အပိုင်းတွင် မြေထိန်းနံရံဆောက်ကာ MRO/CDF-Matupi က ပြုပြင်လျက်ရှိနေကြောင်း ဓါတ်ပုံများနှင့်တကွ ဖော်ပြထားသည်။

ထိုသို့ လမ်းပြုပြင်နေစဉ် ဖြတ်သန်းသွားလာနေသော ယာဉ်ကြီးများ၏ အလေးချိန်နှင့် တုန်ခါမှုကြောင့် ကားလမ်းပြုပြင်ရာတွင် အခက်များ ကြုံ‌တွေ့နေရကြောင်း သိရသည်။

ထို့ကြောင့် မတူပီ-မင်းတပ် လမ်းမပေါ် ဖြတ်သန်းမည့် ယာဉ်များအားလုံးအနေဖြင့် လမ်းပြုပြင်မည့်ကာလ မေလ ၂၂ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့ (၂ ပါတ်) အတွင်း လုံးဝ (လုံးဝ) သွားလာခြင်းမပြုကြရန် အသိပေးချက် ထုတ်ပြန်ထားသည်။

မတူပီ-မင်းတပ် လမ်းမပေါ်ရှိ မိုင်တိုင် (၉၁) လမ်းပိုင်းသည် မတူပီလူထု၏ ကုန်စည်စီးဆင်းရာ အဓိကလမ်းမဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

ချင်းတော်လှန်ရေးတပ်ဖွဲ့ CNO/ CNDF နှင့် စစ်အုပ်စုတို့ တွေ့ဆုံဆွေးနွေးခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 3, 2026

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

August 3, 2026

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

August 3, 2026

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

August 3, 2026

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.