Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»HPO/CDF-Hualngoram က ရိခေါဒါရ်မြို့ မူကြိုကျောင်းမှာ ဘိန်းဖြူဟောင် ၄၀၀ ကျော်ဖမ်းမိ
Photo - Rihlipui Post ပုံစာ - TPCE မူကြိုကျောင်းပိုင်ရှင် Pu Ngun Sui Thang နဲ့ ဇနီးဖြစ်သူ Pi Ṭuan Kim Thiam

HPO/CDF-Hualngoram က ရိခေါဒါရ်မြို့ မူကြိုကျောင်းမှာ ဘိန်းဖြူဟောင် ၄၀၀ ကျော်ဖမ်းမိ

0
By Editor on May 23, 2025 Khonumthung

(005MK)

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဟွာလ်ငိုးရမ်းဒေသ ရိခေါဒါရ်မြို့ မူကြိုကျောင်းတွင် HPO/CDF-Hualngoram တပ်ဖွဲ့က ယမန်နေ့က ဘိန်းဖြူဟောင် ၄၀၀ ကျော်ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့အမှတ် ၂ ရပ်ကွက်မှာ Pu Ngun Sui Thang က ဖွင့်လှစ်ထားသော TPCE မူကြိုကျောင်းကို HPO/CDF-Hualngoram တပ်ဖွဲ့က ရှာဖွေစစ်ဆေးရာမှာ ဆပ်ပြာဖူးထဲ ထည့်ထားသော ဘိန်းဖြူ ၄၂၇ ဟောင်ကို ဖမ်းဆီးရမိခဲ့သည်ဟု ရုပ်သံမှတ်တမ်းနှင့်တကွ Rihlipui Post သတင်းဌာနက ဖော်ပြသည်။

TPCE မူကြိုကျောင်းပိုင်ရှင် Pu Ngun Sui Thang သည် ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ၏ ပညာရေးဘုတ် အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သိရသည်ဟု Rihlipui Post က ဆိုသည်။

သို့သော်လည်း ခိုနူမ်းသုန်အနေဖြင့် သီးခြားအတည်ပြု၍မရသေးပေ။

အဆိုပါ မူကြိုကျောင်းကို ဝင်ရောက်ရှာဖွေချိန်တွင် Pu Ngun Sui Thang မရှိသောကြောင့် ဇနီးဖြစ်သူ Pi Ṭuan Kim Thiam ကို ဖမ်းဆီးခဲ့ကြပြီး Pu Ngun Sui Thang အား ဆက်လက်ဖမ်းဆီးနိုင်ရေးအတွက် ဆက်လက်စုံစမ်းဆောင်ရွက်နေကြောင်း သိရသည်။

ရိခေါဒါရ်မြို့တွင် ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းဖော်ဆောင်နေသော HPO/CDF-Hualngoram သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိုလည်းဖော်ဆောင်နေပြီး ယခုမေလအတွင်းမှာ မူးယစ်ဆေးဝါးမှုဖြင့် အခြား လူ ၃ ဦးကိုလည်း ဖမ်ဆီးထားပြီဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

ချင်းမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဇွန်လထဲ အမျိုးသမီး ၃ ဦးအပါအဝင် ပြည်သူ ၈ ဦး သေဆုံး၊ ၁၇ ဦး ထိခိုက်ဒဏ်ရာရ

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 10, 2026

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

July 10, 2026

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

July 10, 2026

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

July 9, 2026

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.