• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ္ျပည္နယ္တြင္ Total Lockdown အား (၂) ပတ္ၾကာ တင္းၾကပ္စြာေဆာင္ရြက္မည္

မီဇိုရမ္ျပည္နယ္တြင္ Total Lockdown အား (၂) ပတ္ၾကာ တင္းၾကပ္စြာေဆာင္ရြက္မည္

0
By Editor on June 9, 2020 Khonumthung

#Zawgyi

By ရစ္ခ်က္ – ခ်င္းျပည္နယ္နဲ႕နယ္နိမိတ္ခ်င္းထိစပ္ေနေသာ မီဇိုရမ္ျပည္နယ္တြင္ Covid-19 ေရာဂါပိုးကူးစက္ခံထားရသူ (၄၁) ဦး ေတြ႕ရွိေနၿပီျဖစ္သည့္အတြက္ Total Lockdown အား ဇြန္လ ၈ ရက္ေန႕၊ ည ၁၂ နာရီမွစၿပီး (၂) ပတ္ၾကာ တင္းၾကပ္စြာ ခ်မွတ္လိုက္သည္။

အဆိုပါကိစၥကို မီဇိုရမ္ျပည္နယ္ဝန္ႀကီးခ်ဳပ္ Pu Zoramthanga ဦးေဆာင္ၿပီး တာဝန္ရွိအဖြဲ႕အစည္းအသီးသီးတို႕ ဇြန္လ (၈) ရက္ေန႕က အေရးေပၚအစည္းအေဝးတစ္ရပ္ ျပဳလုပ္ခဲ့ရာ ယခုလို total lockdown အား ႏွစ္ပတ္ၾကာ တင္းၾကပ္စြာ ခ်မွတ္လိုက္ဖို႕ ဆံုးျဖတ္ခဲ့ၾကျခင္းျဖစ္ေၾကာင္း ညစဥ္သတင္း Zonet တြင္ ေၾကညာသည္။

ယခုလို မီဇိုရမ္ျပည္နယ္တစ္ျပည္နယ္လံုးကို Total Lockdown ႏွစ္ပတ္ၾကာ တင္းၾကပ္စြာ ခ်မွတ္လိုက္ရျခင္းမွာ Covid-19 ေရာဂါပိုးကူးစက္ခံရမႈအား ထိန္းခ်ဳပ္ဖို႕ရန္အတြက္ျဖစ္တယ္လို႕ မီဇိုရမ္ျပည္နယ္ဝန္ႀကီးခ်ဳပ္ Pu Zoramthanga က ေျပာသည္။

“Covid-19 ေရာဂါပိုးကူးစက္ျခင္းမျပန္႕ပြားဖို႕၊ ဒီေရာဂါပိုးကို ထိန္ခ်ဳပ္ဖို႕ရန္အတြက္ Total Lockdown ကို တင္းၾကပ္စြာ ခ်မွတ္ဖို႕လိုတယ္။ ေက်းလက္ေဒသ၊ ရပ္ရြာေတြမွာေတာ့ အေျခအေနေပၚမူတည္ၿပီး လိုအပ္သလို လမ္းစဥ္မ်ားခ်မွတ္သြားမယ္။ အထူးသျဖင့္ ေရာဂါပိုးကူစက္မႈႏႈန္းအျဖစ္မ်ားသည့္ ၿမဳိ႕ေပၚေတြမွာ တင္ၾကပ္စြာ ခ်မွတ္ဖို႕ လိုအပ္တယ္။” လို႕ Pu Zoramthanga က ေျပာသည္။

၎ျပင္ အစိုးရအစီအစဥ္ျဖင့္ Facility Quarantine (၁၄) ရက္ဝင္ေရာက္ၿပီး ျပန္ထြက္သြားေသာ ျပည္ေတာ္ျပန္လာသူ မ်ားအထဲတြင္ ေရာဂါပိုးရွိေနေၾကာင္း ေတြ႕ရွိရသည့္အတြက္ Facility Quarantine အား (၁၄) ရက္မဟုတ္ေတာ့ဘဲ (၂၁) အထိ ထားရွိရန္ အစည္းအေဝးက ဆံုးျဖတ္ခဲ့ၾကသည္။

ယခုလို မီဇိုရမ္ျပည္နယ္တြင္ ႏွစ္ပတ္ၾကာ Total Lockdown အား တင္းၾကပ္စြာ ခ်မွတ္လိုက္သည့္အတြက္ ေဒသခံ ျပည္သူအေနျဖင့္ စားနပ္ရိကၡာမ်ား ဝယ္ယူစုေစာင္းထားၾကသည့္အခ်ိန္တြင္ စားနပ္ရိကၡာဝယ္ယူမစုေစာင္းႏိုင္သည့္ ျမန္မာႏိုင္ငံသား မ်ားစြာရွိေနေၾကာင္း ယကၠန္သမားတစ္ဦးက ယခုလို ေျပာသည္။

“မီဇိုရမ္မွာ Lockdown ခ်မွတ္တာက ႏွစ္လေက်ာ္ သံုးလနီးပါးရွိသြားၿပီ၊ ဒီေတာ့ အလုပ္ပ်က္လတ္ေနတဲ့ ယကၠန္း သမား ေတာ္ေတာ္မ်ားမ်ားရွိတယ္။ အလုပ္ရွိတဲ့သူေတြလည္း အလုပ္ရွင္ဘက္ကလည္း အထည္ေတြ ေရာင္းမထြက္ ေတာ့ လုပ္အားခမေပးႏိုင္ဘူး။ တစ္ပတ္ကို စားစရိတ္ တစ္ေထာင္၊ ႏွစ္ေထာင္ေလာက္ဘဲ ထုတ္ေပးႏိုင္တယ္။ အခု total lockdown ကို တင္းၾကပ္စြာ ႏွစ္ပတ္ၾကာ ထပ္မွန္ခ်မွတ္လိုက္ေတာ့ စားနပ္ရိကၡာဝယ္ယူစုေစာင္းဖို႕ ေငြမရွိဘူး၊ ခုလိုဘဲ ဝယ္ယူစုေစာင္းဖို႕ ေငြမရွိတဲ့ အလုပ္သမားမ်ားစြာရွိတယ္။ ေနာက္ ဘာေတြဆက္ျဖစ္လာဦးမလဲေတာ့ မေျပာတတ္ဘူး။” လို႕ အိုက္ေဇာလ္ၿမဳိ႕တြင္ေနထိုင္သူ ယကၠန္သမားတစ္ဦးက ေျပာသည္။

မီဇိုရမ္ျပည္နယ္တြင္ Covid-19 ေရာဂါပိုးကူးစက္ခံထားရသူ စုစုေပါင္း (၄၂) ဦးရွိေနၿပီး ၎တို႔အနက္ တစ္ဦးမွာ ေရာဂါေပ်ာက္ကင္းသြားၿပီျဖစ္သည္။

အဆိုပါ Covid-19 ေရာဂါပိုးကူးစက္ခံထားရသူ (၄၂) ဦးတို႕မွာ ျပည္ပမွ ေနရပ္ျပန္လာၾကသူမ်ားျဖစ္ၿပီး၊ အိႏိၵယႏိုင္ငံ ျပည္နယ္အသီးသီးတြင္ ေသာင္တင္ေနၾကေသာ မီဇိုရမ္ျပည္နယ္သားမ်ား ေသာင္းနဲ႕ခ်ီ အစိုးရအစီစဥ္ျဖင့္ အစုလိုက္ျပန္လာၾကသည့္အခ်ိန္ျဖစ္ေသာေၾကာင့္ မီဇိုရမ္တြင္ Covid-19 ေရာဂါပိုးကူးစက္ခံထားရသူဦးေရ ထပ္တိုးလာဖြယ္ရွိေနၾကေၾကာင္း အမ်ားက သံုးသပ္ၾကသည္။

#Unicode

ချင်းပြည်နယ်နဲ့နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် Covid-19 ရောဂါပိုးကူးစက်ခံထားရသူ (၄၁) ဦး တွေ့ရှိနေပြီဖြစ်သည့်အတွက် Total Lockdown အား ဇွန်လ ၈ ရက်နေ့၊ ည ၁၂ နာရီမှစပြီး (၂) ပတ်ကြာ တင်းကြပ်စွာ ချမှတ်လိုက်သည်။

အဆိုပါကိစ္စကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Zoramthanga ဦးဆောင်ပြီး တာဝန်ရှိအဖွဲ့အစည်းအသီးသီးတို့ ဇွန်လ (၈) ရက်နေ့က အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ရာ ယခုလို total lockdown အား နှစ်ပတ်ကြာ တင်းကြပ်စွာ ချမှတ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း ညစဉ်သတင်း Zonet တွင် ကြေညာသည်။

ယခုလို မီဇိုရမ်ပြည်နယ်တစ်ပြည်နယ်လုံးကို Total Lockdown နှစ်ပတ်ကြာ တင်းကြပ်စွာ ချမှတ်လိုက်ရခြင်းမှာ Covid-19 ရောဂါပိုးကူးစက်ခံရမှုအား ထိန်းချုပ်ဖို့ရန်အတွက်ဖြစ်တယ်လို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Zoramthanga က ပြောသည်။

“Covid-19 ရောဂါပိုးကူးစက်ခြင်းမပြန့်ပွားဖို့၊ ဒီရောဂါပိုးကို ထိန်ချုပ်ဖို့ရန်အတွက် Total Lockdown ကို တင်းကြပ်စွာ ချမှတ်ဖို့လိုတယ်။ ကျေးလက်ဒေသ၊ ရပ်ရွာတွေမှာတော့ အခြေအနေပေါ်မူတည်ပြီး လိုအပ်သလို လမ်းစဉ်များချမှတ်သွားမယ်။ အထူးသဖြင့် ရောဂါပိုးကူစက်မှုနှုန်းအဖြစ်များသည့် မြို့ပေါ်တွေမှာ တင်ကြပ်စွာ ချမှတ်ဖို့ လိုအပ်တယ်။” လို့ Pu Zoramthanga က ပြောသည်။

၎င်းပြင် အစိုးရအစီအစဉ်ဖြင့် Facility Quarantine (၁၄) ရက်ဝင်ရောက်ပြီး ပြန်ထွက်သွားသော ပြည်တော်ပြန်လာသူ များအထဲတွင် ရောဂါပိုးရှိနေကြောင်း တွေ့ရှိရသည့်အတွက် Facility Quarantine အား (၁၄) ရက်မဟုတ်တော့ဘဲ (၂၁) အထိ ထားရှိရန် အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြသည်။

ယခုလို မီဇိုရမ်ပြည်နယ်တွင် နှစ်ပတ်ကြာ Total Lockdown အား တင်းကြပ်စွာ ချမှတ်လိုက်သည့်အတွက် ဒေသခံ ပြည်သူအနေဖြင့် စားနပ်ရိက္ခာများ ဝယ်ယူစုစောင်းထားကြသည့်အချိန်တွင် စားနပ်ရိက္ခာဝယ်ယူမစုစောင်းနိုင်သည့် မြန်မာနိုင်ငံသား များစွာရှိနေကြောင်း ယက္ကန်သမားတစ်ဦးက ယခုလို ပြောသည်။

“မီဇိုရမ်မှာ Lockdown ချမှတ်တာက နှစ်လကျော် သုံးလနီးပါးရှိသွားပြီ၊ ဒီတော့ အလုပ်ပျက်လတ်နေတဲ့ ယက္ကန်း သမား တော်တော်များများရှိတယ်။ အလုပ်ရှိတဲ့သူတွေလည်း အလုပ်ရှင်ဘက်ကလည်း အထည်တွေ ရောင်းမထွက် တော့ လုပ်အားခမပေးနိုင်ဘူး။ တစ်ပတ်ကို စားစရိတ် တစ်ထောင်၊ နှစ်ထောင်လောက်ဘဲ ထုတ်ပေးနိုင်တယ်။ အခု total lockdown ကို တင်းကြပ်စွာ နှစ်ပတ်ကြာ ထပ်မှန်ချမှတ်လိုက်တော့ စားနပ်ရိက္ခာဝယ်ယူစုစောင်းဖို့ ငွေမရှိဘူး၊ ခုလိုဘဲ ဝယ်ယူစုစောင်းဖို့ ငွေမရှိတဲ့ အလုပ်သမားများစွာရှိတယ်။ နောက် ဘာတွေဆက်ဖြစ်လာဦးမလဲတော့ မပြောတတ်ဘူး။” လို့ အိုက်ဇောလ်မြို့တွင်နေထိုင်သူ ယက္ကန်သမားတစ်ဦးက ပြောသည်။

မီဇိုရမ်ပြည်နယ်တွင် Covid-19 ရောဂါပိုးကူးစက်ခံထားရသူ စုစုပေါင်း (၄၂) ဦးရှိနေပြီး ၎င်းတို့အနက် တစ်ဦးမှာ ရောဂါပျောက်ကင်းသွားပြီဖြစ်သည်။

အဆိုပါ Covid-19 ရောဂါပိုးကူးစက်ခံထားရသူ (၄၂) ဦးတို့မှာ ပြည်ပမှ နေရပ်ပြန်လာကြသူများဖြစ်ပြီး၊ အိန္ဒိယနိုင်ငံ ပြည်နယ်အသီးသီးတွင် သောင်တင်နေကြသော မီဇိုရမ်ပြည်နယ်သားများ သောင်းနဲ့ချီ အစိုးရအစီစဉ်ဖြင့် အစုလိုက်ပြန်လာကြသည့်အချိန်ဖြစ်သောကြောင့် မီဇိုရမ်တွင် Covid-19 ရောဂါပိုးကူးစက်ခံထားရသူဦးရေ ထပ်တိုးလာဖွယ်ရှိနေကြကြောင်း အများက သုံးသပ်ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကောင်စီတပ်ဖွဲ့က ကလေးတောင်ပိုင်းကျေးရွာများကို ထပ်မံမီးရှို့

ကလေးမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် (၃) နေရာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

တာဟန်းစျေးအနီး နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.