Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်တွင် မြန်မာစစ်ဘေးရှောင် ၃၄၀၀၀ ကျော်ရှိနေ

မီဇိုရမ်တွင် မြန်မာစစ်ဘေးရှောင် ၃၄၀၀၀ ကျော်ရှိနေ

0
By Editor on May 9, 2024 Headline

(005MK)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားသည့် ၂၀၂၁ ခုနှစ်နောက်ပိုင်းကစ၍ စစ်ရေးအခြေအနေကြောင့် မီဇိုရမ်ပြည်သို့ ထွက်ပြေးခိုလုံလာသူ မြန်မာစစ်ဘေးရှောင် ၃၄၀၀၀ ကျော်ရှိသည်ဟု မီဇိုရမ်အစိုးရ၏ စာရင်းအရသိရသည်။

မီဇိုရမ်ပြည်ထဲရေးဝန်ကြီးဌာန၏ နောက်ဆုံးသတ်မှတ်ထားသော စာရင်းအရ ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာ စစ်ဘေးရှောင် ၃၄၃၄၆ ဦးရှိပြီး ယင်းအနက် ကလေးငယ် ၁၃၀၀၀ ကျော်ရှိသည်ဟု သိရသည်။

မေလ ၄ ရက်နေ့အထိ ကောက်ယူထားသောစာရင်းအရ မီဇိုရမ်ပြည်နယ်အတွင်းရှိ ခရိုင်အသီးသီးတွင် စစ်ဘေးရှောင် စခန်း (Relief Camp) ၁၄၉ ခုရှိပြီး စစ်ဘေးရှောင် ၁၆၄၄၅ ဦးမှာ ယင်းစစ်ရှောင်စခန်းများတွင်နေထိုင်ကြသည်ဟု ဆိုသည်။

စစ်ဘေးရှောင်အများစုဖြစ်သည့် လူဦးရေ ၁၇၉၀၁ ဦးမှာ စစ်ရှောင်စခန်းများတွင် နေထိုင်ခြင်းမရှိဘဲ စခန်းပြင်ပတွင် နေထိုင်ကြသည်ဟု သိရသည်။

မြန်မာနိုင်ငံကစစ်ဘေးရှောင်များသည် မီဇိုရမ်ပြည်နယ်သို့ အချိန်အတိုင်းအတာတခုထိ အလုံးအရင်းဖြင့် ဝင်ရောက်လာခြင်းမရှိခဲ့သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အလုံးအရင်းဖြင့်ဝင်လာရောက်လာမှု ၃ ကြိမ် ခန့်ရှိခဲ့သည့်အတွက် စစ်ဘေးရှောင်ဦးရေမှာလည်း တိုးလာခြင်းဖြစ်သည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်ထဲတွင် မြန်မာစစ်ဘေးရှောင်အများဆုံးနေထိုင်ကြပြီး ၁၄၄၉၉ ဦးရှိသည်ဟုသိရသည်။

ရှာဟာခရိုင်ထဲတွင် ၆၀၄၄ ဦး၊ လောင်တလိုင်ခရိုင်ထဲတွင် ၅၉၂၂ နှင့် အိုင်ဇောလ်ခရိုင်ထဲတွင် ၂၂၉၁ ဦးရှိသည်ဟု သိရသည်။

အလားတူ ခေါဇောလ်ခရိုင်ထဲတွင် မြန်မာစစ်ဘေးရှောင် ၁၃၄ ဦး၊ ကော်လစစ်ခရိုင်ထဲတွင် ၁၃၉ ဦးနှင့် ဆိုင်းသွလ်းခရိုင်ထဲတွင် ၂၁၁ တို့ရှိကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်မြို့က အစိုးရ အဆောက်အဦးနှင့် နေအိမ်များ လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သားများ သေဆုံးမှုရှိဟုဆို

စစ်ကောင်စီကြောင့် ဧပြီလအတွင်း အမျိုးသမီး ၇၀ ကျော်သေဆုံး

မူးယစ်ဆေးဝါးကြောင့် ဖမ်းခံရသူ ၄ ဦးနှင့် မိသားစုဝင်များကို မီဇိုးလူငယ်အသင်း YMA က မြန်မာပြည်ပြန်ရန် နှင်ထုတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.