Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်တွင် AK 47 သေနတ် ၆ လက်နက်နှင့် ကျည်ဆံများဖမ်းမိ

မီဇိုရမ်တွင် AK 47 သေနတ် ၆ လက်နက်နှင့် ကျည်ဆံများဖမ်းမိ

0
By Editor on January 16, 2025 Khonumthung

(005MK)

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် AK 47 သေနတ် ၆ လက်နှင့် ကျည်ဆံများ ဖမ်းဆီးရမိခဲ့သည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့ နှင့် Intelligence Agency ပူးပေါင်းတပ်ဖွဲ့သည် မာမစ်ခရိုင် Saithah ကျေးရွာတွင် ဇန်နဝါရီလ ၁၅ ရက်နေ့က AK 47 သေနတ် ၆ နက်၊ ကျည်ဆံတစ်သောင်းကျော်နှင့် ကျည်ဘောက် ၁၃ ခုကို ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လူ ၅ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပြီး ယင်းအနက် ချင်းအမျိုးသားတပ်ဦး CNF အဖွဲ့ဝင်လည်း ပါဝင်သည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ခိုနူမ်းသုန် အနေဖြင့် သီးခြားအတည်ပြု၍မရသေးပေ။

မီဇိုရမ်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ယခုဖမ်းဆီးရမိသည့် လက်နက်များမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသတွင် လှုပ်ရှားနေသော လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် United People Democratic Font (UPDF – P) အဖွဲ့နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟု သိရသည်။

လက်နက်နှင့်အတူ အဖမ်းခံရသူ ၅ ဦးကို West Phaileng ရဲစခန်းတွင် အမှုဖွင့်အရေးယူထားပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.