မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန Excise & Narcotics Department က အိုက်ဇောလ်မြို့ Bethlehem Vengthlang ရပ်ကွက်တွင် မြန်မာနိုင်ငံမှသယ်ဆောင်လာသော Methamphetamines ဆေးပြား (၈) သောင်းကျော် မတ်လ ၁၁ ရက်နေ့ညက ဖမ်းဆီးခဲ့သည်။
ယင်းဆေးပြားနှင့်အတူ ပိုင်ရှင်ဟုယူဆရသူ အမျိုးသမီး အသက် (၄၃) နှစ်အရွယ် Zarzoliani ကိုလည်း ဖမ်းဆီးခဲ့ကြောင်း မီဇိုရမ်ညစဉ်သတင်း LPS တွင်ဖော်ပြသည်။
အလားတူ Excise & Narcotics Department အဖွဲ့မှ မတ်လ ၁၁ ရက်နေ့က မီဇိုရမ်ပြည်နယ် သုံးနေရာတွင် ဘိန်းဖြူ ဂရမ် ၁၄၀ ဖမ်းဆီးခဲ့ပြီး ၎င်းဘိန်းဖြူနဲ့အတူ ပိုင်ရှင်ဟု ယူဆရသော မီဇိုရမ်နိုင်ငံသား ၅ ဦးကိုလည်း ဖမ်းဆီးခဲ့ကြပြီး ND & PS Act 1985 အမှုဖွင့်ဆိုခဲ့ကြသည်။
ယခုရက်ပိုင်အတွင်း မီဇိုရမ်ပြည်နယ်တွင် ဘိန်းဖြူနှင့် Methamphetamines ဆေးပြားများ မကြာခဏဖမ်းဆီးမှုရှိနေပြီး အဆိုပါမူးယစ်ဆေးဝါးများမှာ အိန္ဒိယ-မြန်မာနယ်စပ်ဘက်မှ သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများဖြစ်ကြသည်ဟုဆိုသည်။
မီဇိုရမ်၏ အကြီးဆုံးလူမှုအဖွဲ့အစည်းဖြစ်သည့် Central Young Mizo Association ဥက္ကဌ Pu R.Lalngheta က လည်း မူးယစ်ဆေးဝါးတိုက်ပွဲဖျက်ရေးလုပ်ငန်းတွင် အတူတကွပူးပေါင်းပါဝင်ကြရန် ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဆလိုင်း လျန်လွယ်နှင့် လွှတ်တော်ကိုယ်စားလှယ်များအား တောင်းဆိုထားသည်ဟု သိရသည်။
Central YMA အဖွဲ့တို့သည် အိုင်ဇောလ်မြို့နှင့်အနီးတဝိုက်တွင်ရှိသော စစ်ဘေးရှောင်များရှိရာ Khamrang, Sairang, Sihhmui, Nghalchawm, Sihphir နှင့် Luangmual ရှိ စစ်ဘေးရှောင်စခန်းများကို သွားရောက်ခဲ့ပြီး ကူညီထောက်ပံ့မူ များလည်း ပေးအပ်ခဲ့သည်။