(005MK)
ဆိုင်ကလုန်း Remal မုန်တိုင်းကြောင့် မိုးများပြီး မြေပြိုမှုအကြီးအကျယ်ဖြစ်ပွားကာ လူပေါင်း ၃၀ ကျော်အသက်ဆုံးရှုံး မှုဖြစ်ပွားခဲ့သော မီဇိုရမ်ပြည်နယ်က သဘာဝဘေးဒဏ်သင့်ပြည်သူများကူညီရန် Vaurawng Zuunthil အဖွဲ့က ရူပီး ၁၀ သိန်း လှူဒါန်းခဲ့သည်ဟု သိရသည်။
Vaurawng Zuunthil အဖွဲ့သည် သဘာဝဘေးဒဏ်သင့်မီဇိုရမ်ပြည်သူများကူညီရန် ဇွန်လ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ အွန်လိုင်းကနေ ရန်ပုံငွေရှာဖွေမှုများပြုလုပ်ကာ နိုင်ငံတကာရောက်ချင်းပြည်သူများမှ ထည့် ဝင် လှူဒါန်းခဲ့ကြသော အလှူငွေစုစုပေါင်း ရူပီး ၁၀ သိန်းကို မီဇိုးလူငယ်အသင်း (CMYA) ထံသို့ ယနေ့ဇွန်လ ၁၃ ရက်နေ့ တွင် သွားရောက်ပေးအပ်ခဲ့ကြသည်ဟု သိရသည်။
အလှူငွေများကို Central Young Mizo Association (CYMA) အထွေထွေအတွင်းရေးမှူး Prof. Malsawmliana နှင့် MS Ralte – Finance secretary တို့မှ လက်ခံရယူခဲ့ကြောင်းသိရသည်။
အမေရိကန်အခြေစိုက် Vaurawng Zuunthil အဖွဲ့သည် မြန်မာ့နွေဦးတော်လှန်ရေးတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များအတွက် အွန်လိုင်းကတဆင့် ရန်ပုံငွေများ ရှာဖွေပေးနေသည့်အဖွဲ့ဖြစ်သည်။
မီဇိုရမ်ပြည်နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း Remal ကြောင့် မေလ ၂၇ မှ ၂၈ ရက်နေ့က မိုးအဆက်မပြတ်ရွာ သွန်းခဲ့ပြီး အိုင်ဇောလ်မြို့အနီး Melthum နှင့် Hlimen ကျေးရွာအပါအဝင် နေရာအတော်များများတွင် မြေပြိုမှု အကြီးအကျယ် ဖြစ်ပွားခဲ့သည်။
မေလ ၂၇ ရက်နေ့ မြေပြိုမှုကြောင့် မီဇိုရမ်ပြည်နယ်တွင် လူဦးရေစုစုပေါင်း ၃၄ ဦး သေဆုံးခဲ့သည်။