• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်ပြည်နယ် တက္ကသိုလ်တွင် ပညာသင်ကြားနိုင်မည့် ပညာတော်သင်အစီစဉ် ICA ခေါ်ယူ

မီဇိုရမ်ပြည်နယ် တက္ကသိုလ်တွင် ပညာသင်ကြားနိုင်မည့် ပညာတော်သင်အစီစဉ် ICA ခေါ်ယူ

0
By Editor on August 10, 2022 Headline

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ တက္ကသိုလ်တွင် သုတေသန Fellowship သင်တန်းတက်ရောက်နိုင်ရန် မြန်မာစစ်ဘေးဒုက္ခသည် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာတော်သင်အစီစဉ်တရပ်ကို ချင်းရေးရာအဖွဲ့ချုပ် (ICA) က သြဂုတ်လ ၈ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

လက်ရှိ မြန်မာနိင်ငံအတွင်းဖြစ်ပွားနေသည့် ပဋိပက္ခအခြေအနေအမျိုးမျိုးကြောင့် မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးဒုက္ခသည်အဖြစ် ရွှေ့ပြောင်းနေထိုင်ရပြီး ကျန်ရစ်ခဲ့သော ပညာရေးကွာဟချက်များ ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ချင်းရေးရာအဖွဲ့ချုပ် (ICA) နှင့် မီဇိုရမ်တက္ကသိုလ် (MZU) တို့ ပူးပေါင်းဆောင်ရွက်သည့် အစီစဉ်တရပ်ဖြစ်သည်။

သုတေသန Fellowship သင်တန်းကို လာမည့်အောက်တိုဘာလ ၃ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး မီဇိုရမ်ပြည်နယ်အတွင်း နေထိုင်သော စစ်ဘေးဒုက္ခသည် ၅ ဦးကို ခေါ်ယူမှာဖြစ်ပြီး ယင်းအတွက် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်သွားမည်ဖြစ်သည်။

“သုတေသနလုပ်မှာဖြစ်သည့်အတွက် အနည်းဆုံးတော့ ဘွဲ့တစ်ခုခုတော့ရထားရမယ်၊ ဥပမာအားဖြင့် လူမှုရေးသိပ္ပံ၊ ပထဝီ၊ နိုင်ငံရေးသိပ္ပံတို့၊ ဥပ‌ဒေတို့ နောက်ပြီးတော့ လူမှုကြီးကြပ်‌ရေးနင့် ပက်သက်တဲ့ ဘွဲ့ရထားတဲ့လူတွေကို ဦးစားပေးခေါ်မှာပေါ့နော်၊ ပြီးတော့မှ စာတမ်းကကြတော့ အင်္ဂလိပ်လို ရေးရမှာဖြစ်တဲ့အတွက်ကြောင့် မြန်မာရော အင်္ဂလိပ်ရော ကျွမ်းကျွမ်းကျင်ကျင် ရေးနိုင်တဲ့သူကို ကျွန်ပ်တို့ခေါ်ပါတယ်” ဟု ချင်းရေးရာအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးက ပြောသည်။

Fellowship သင်တန်းသည် ယခုနှစ် အောက်တိုဘာလ မှ ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ ၁၂ လ ကြာမြင့်မည်ဖြစ်ပြီး ၁၈ လအထိ သက်တမ်းတိုးနိုင်ခြေရှိကြောင်း သိရသည်။

ရွေးချယ်ခံရသော ပညာတော်သင်များအတွက် နေထိုင်စားသောက်စရိတ်နှင့် တက္ကသိုလ်ရှိ သင်ကြားရေးဆိုင်ရာ အထောက်အကူပစ္စည်းများကို ပေးအပ်မည်ဟု သိရသည်။

ထို့အပြင် နိုင်ငံတကာသုတေသီများ၏ ကွန်ရက်နှင့် ချိတ်ဆက်နိုင်ပြီး နိုင်ငံတကာတက္ကသိုလ်များနှင့် ပညာရေးအဖွဲ့အစည်းများမှ ပညာရှင်များမှ ကြီးကြပ်ကွပ်ကဲခြင်းများလည်း ရရှိနိုင်မည်ဟု ICA က ထုတ်ပြန်သည်။

လျှောက်လွှာများကို ယခုလ သြဂုတ် ၃၁ ရက်နေ့ ညနေ ၅ နာရီတွင် ပိတ်မည်ဖြစ်ပြီး အောက်ပါလင့်တွင် အသေးစိတ်သွားရောက်ကြည့်ရှုနိုင်သည်။

https://chinaffairs.org/wp-content/uploads/2022/08/ICA-Call-for-Myanmar-Research-Fellows_Aug2022.pdf?fbclid=IwAR0wjLJ8Niq7ifwLg_hOuJ3PzwkZhOePBn6aQ8chm8A3IMEP-qTDCar_MUc
https://chinaffairs.org/call-for-myanmar-research-fellows/?fbclid=IwAR30yxox6K7bgE6pIASrkcO7NAvkkvaps56h-urjBEr8gqc0d6dqgq1cJK0

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများ ကူညီထောက်ပံမှုများလိုအပ်နေ

မိုခါမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများအတွက် KIO က ကျပ်သိန်း ၂၀၀၀ လှူဒါန်း

ချင်းပြည်နယ်တွင် ကျောင်းပေါင်း ၃၀၀ ကျော်ဖွင့်လှစ်ပြီး ကျောင်းတက်သူဦးရေ ၃၅၀၀၀ ကျော်ရှိ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.