• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်ရှိ မိဘမဲ့က​လေးနှင့် မူးယစ်​ဆေးစွဲသူထိန်းသိမ်းပြုစုရာ TNT ​ဂေဟာတွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ ၅၀၀ ကျော်တွေ့ရှိ

မီဇိုရမ်ပြည်ရှိ မိဘမဲ့က​လေးနှင့် မူးယစ်​ဆေးစွဲသူထိန်းသိမ်းပြုစုရာ TNT ​ဂေဟာတွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ ၅၀၀ ကျော်တွေ့ရှိ

0
By Editor on June 22, 2021 Khonumthung

မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့ Muanna Veng ရပ်ကွက်တွင်တည်ရှိသော မိဘမဲ့ကလေးများနှင့် မူးယစ်​ဆေးသုံးစွဲသူများ ပြုစုထိန်းသိမ်းရာဂေဟာ Thutak Nunpuitu Team (TNT) တွင် ကိုဗစ်ရောဂါပိုးပြန့်နှံ့နေကြောင်းသိရပြီး ပြည်နယ်အစိုးရဦးဆောင်မှုဖြင့် ဇွန်လ ၂၀ ရက်နေ့က စမ်းသပ်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ ၅၀၀ ကျော်တွေ့ရှိခဲ့ကြောင်း သိရသည်။

Thutak Nunpuitu Team (TNT) ဂေဟာတွင်ရှိသော လူဦးရေ ၁၀၉၉ ဦးကို စစ်ဆေးခဲ့ရာတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ ၅၄၇ ဦး​တွေ့ရှိခဲ့ကြသည်။

Thutak Nunpuitu Team (TNT) ဂေဟာတွင် မသန်စွမ်းသူ ၂၈၀ ကျော်ရှိပြီး မူးယစ်ဆေးစွဲသူနှင့် မိဘမဲ့ကလေးငယ်များအပြင် ၄င်းအဂေဟာရှိ ဝန်ထမ်းများ စုစုပေါင်း တစ်ထောင်ကျော်နေထိုင်ကြသည်။

မီဇိုရမ်ပြည်နယ်တွင် ဇွန်လ ၂၀ ရက်နေ့က တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူ လူနာသစ် ၆၆၂ ဦးတွေ့ရှိခဲ့ပြီး ၄င်းမှာ မီဇိုရမ်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူ စတင်တွေ့ရှိခဲ့သည့်အချိန်ကစပြီး တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူ အများဆုံးတွေ့ရှိသည့်ရက်အဖြစ် စံချိန်တင်ခဲ့သည်။

လက်ရှိတွင် မီဇိုရမ်ပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရပြီး ကုသမှုခံယူနေသူ ၄၁၃၂ ဦးရှိပြီး အဆိုပါရောဂါကြောင့် သေဆုံးသူ ၈၃ ဦးအထိ ရှိနေပြီဖြစ်သည်။ Rc

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကြားကာလ ချင်းပြည်အစိုးရ ဖွဲ့စည်းရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော Chinland Council ဖွဲ့စည်းနိုင်ရေးကို အပြည့်အဝထောက်ခံကြောင်း HPO/CDF-Hualngoram ထုတ်ပြန်

တောထဲကို စစ်ဘေးရှောင်သော ခမ်းပတ်မြို့ဒေသခံ ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီး

“နှုံးဘူး” ဗျူဟာကုန်း အပြီးသိမ်းပိုက်နိုင်ရေး AA က အရှိန်အဟုန်ဖြင့် ထိုးစစ်ဆင်နေပြီ ယနေ့ တိုက်ပွဲများ ပြင်းထန်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
December 6, 2023

တောင်ဇလပ်မြေပေါ်က စစ်အာဏာရှင်ကို တွန်းလှန်နေကြသော ရဲမေများ………

December 5, 2023

“မြန်မာပြည်မှာ ဒီလောက်ဖြစ်ပျက်နေတဲ့ စစ်ရဲ့အဓိဌာန်ရုံတွေကို ကမ္ဘာက သိပ်မသိဘူး၊  အဲ့ဒါကြောင့် ဒီဟာကို ကျွန်တော်က ကမ္ဘာကို တင်ပြခြင်းဖြစ်တယ်”

November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.