• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်အစိုးရက မြန်မာစစ်ဘေးရှောင်းများအတွက် ရူပီးငွေ သိန်း ၃၈၀ အသုံးပြုပြီဟုဆို

မီဇိုရမ်အစိုးရက မြန်မာစစ်ဘေးရှောင်းများအတွက် ရူပီးငွေ သိန်း ၃၈၀ အသုံးပြုပြီဟုဆို

0
By Editor on September 13, 2022 Headline

မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးတိမ်းရှောင်လာကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရာတွင် အသုံးပြုခဲ့သော ငွေကြေးပမာဏာမှာ ရူပီးငွေ သိန်း ၃၈၀ ရှိပြီဟု မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီး Pu Lalchamliana ကပြောသည်။

စက်တင်ဘာလ ၆ ရက်မှ ၈ ရက်နေ့အထိ ကျင်းပပြလုပ်သော မီဇိုရမ်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် မြန်မာစစ်ဘေးရှောင်အခြေအနေနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ပြည်ထဲရေးဝန်ကြီးက ထိုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်လာကြသည့် မြန်မာနိုင်ငံက စစ်ဘေးရှောင်ဦးရေမှာ ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့အထိ အစိုးရစာရင်းမှတ်တမ်းအရ လူဦးရေ ၂၉၂၅၃ ဦးရှိပြီး ၎င်းတို့အတွက် အစိုးရအနေဖြင့် သိန်း ၃၈၀ (ကျပ်ငွေ သိန်းတစ်သောင်းသုံးထောင်ခန့်) အသုံးပြုခဲ့ပြီဟု ပြည်ထဲရေးဝန်ကြီးက ပြောဆိုသည်။

စစ်ဘေးရှောင်များအတွက် အဓိကအသုံးပြုခဲ့သောအရာများမှာ လျှပ်စစ်မီးဖြန့်ဝေရေး၊ ရေဖြန့်ဝေရေး၊ အမျိုးသမီးအသုံးအဆောင်ပစ္စည်များ၊ ဆေးဝါးနှင့် ကုသမှုဆိုင်ရာပစ္စည်းများ၊ စားနပ်ရိက္ခာနှင့် စစ်ဘေးရှောင်များအနက် လွှတ်တော်အမတ်များ ကူညီထောက်ပံ့ရေးတို့တွင် အဓိကအသုံးပြုခဲ့ကြသည်ဟု ဝန်ကြီးကဆိုသည်။

မြန်မာနိုင်ငံက စစ်ဘေးရှောင်အများစုမှာ မီဇိုရမ်ပြည်နယ် ခရိုင်အသီးသီးရှိ စစ်ဘေးရှောင်စခန်း (Refugee Camp) မှာ နေရာချထားကြပြီး တချိူ့မှာလည်း ၎င်းတို့၏ ဆွေမျိုးများထံ နေထိုင်ကြသကဲ့သို့ အချိူ့မှာလည်း ရပ်ကွက်၊ ကျေးရွာအတွင်း အိမ်ငှါး၍ နေထိုင်ကြသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်အစိုးရ Hight Level Committee on Myanmar Refugees ၏ ဆုံးဖြတ်ချက်အရ မီဇိုရမ်ပြည်နယ်အတွင်း ခိုလုံလာကြသော စစ်ဘေးရှောင်ပြည်သူများအား စနစ်တကျ စာရင်းရရှိနိုင်ရေးအတွက် ဒုက္ခသည်အသိမှတ်ပြုကဒ် ထုတ်ပေးလျှက်ရှိပြီး ယခုလက်ရှိတွင် စစ်ဘေးရှောင်အားလုံးနီးပါးကို ထုတ်ပေးနိုင်ခဲ့ပြီဟု ဝန်ကြီးကဆိုသည်။

ယခုလက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများအနက် နေရပ်ပြန်သွားကြသူများရှိသကဲ့သို့ ထပ်မံဝင်ရောက်လာသူများလည်း အချိန်တိုင်းရှိနေသည့်အတွက် တဆင့်ပြီးတဆင့် စဉ်ဆက်မပြတ် စာရင်းများပြုစုသည့်လုပ်ငန်းများ လုပ်ဆောင်နေရသည်ဟု ဝန်ကြီးက ဆက်ပြောသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းတချိူ့၏ စာရင်းအရတော့ မီဇိုရမ်ပြည်နယ်တွင် ရောက်ရှိနေကြသော မြန်မာစစ်ဘေးရှောင်ပြည်သူဦးရေသည် ၄ သောင်းခန့်ရှိနိုင်ပြီဟု ခန့်မှန်းထားကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.