Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်အစိုးရက မြန်မာစစ်ဘေးရှောင်းများအတွက် ရူပီးငွေ သိန်း ၃၈၀ အသုံးပြုပြီဟုဆို

မီဇိုရမ်အစိုးရက မြန်မာစစ်ဘေးရှောင်းများအတွက် ရူပီးငွေ သိန်း ၃၈၀ အသုံးပြုပြီဟုဆို

0
By Editor on September 13, 2022 Headline

မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးတိမ်းရှောင်လာကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရာတွင် အသုံးပြုခဲ့သော ငွေကြေးပမာဏာမှာ ရူပီးငွေ သိန်း ၃၈၀ ရှိပြီဟု မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီး Pu Lalchamliana ကပြောသည်။

စက်တင်ဘာလ ၆ ရက်မှ ၈ ရက်နေ့အထိ ကျင်းပပြလုပ်သော မီဇိုရမ်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် မြန်မာစစ်ဘေးရှောင်အခြေအနေနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ပြည်ထဲရေးဝန်ကြီးက ထိုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်လာကြသည့် မြန်မာနိုင်ငံက စစ်ဘေးရှောင်ဦးရေမှာ ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့အထိ အစိုးရစာရင်းမှတ်တမ်းအရ လူဦးရေ ၂၉၂၅၃ ဦးရှိပြီး ၎င်းတို့အတွက် အစိုးရအနေဖြင့် သိန်း ၃၈၀ (ကျပ်ငွေ သိန်းတစ်သောင်းသုံးထောင်ခန့်) အသုံးပြုခဲ့ပြီဟု ပြည်ထဲရေးဝန်ကြီးက ပြောဆိုသည်။

စစ်ဘေးရှောင်များအတွက် အဓိကအသုံးပြုခဲ့သောအရာများမှာ လျှပ်စစ်မီးဖြန့်ဝေရေး၊ ရေဖြန့်ဝေရေး၊ အမျိုးသမီးအသုံးအဆောင်ပစ္စည်များ၊ ဆေးဝါးနှင့် ကုသမှုဆိုင်ရာပစ္စည်းများ၊ စားနပ်ရိက္ခာနှင့် စစ်ဘေးရှောင်များအနက် လွှတ်တော်အမတ်များ ကူညီထောက်ပံ့ရေးတို့တွင် အဓိကအသုံးပြုခဲ့ကြသည်ဟု ဝန်ကြီးကဆိုသည်။

မြန်မာနိုင်ငံက စစ်ဘေးရှောင်အများစုမှာ မီဇိုရမ်ပြည်နယ် ခရိုင်အသီးသီးရှိ စစ်ဘေးရှောင်စခန်း (Refugee Camp) မှာ နေရာချထားကြပြီး တချိူ့မှာလည်း ၎င်းတို့၏ ဆွေမျိုးများထံ နေထိုင်ကြသကဲ့သို့ အချိူ့မှာလည်း ရပ်ကွက်၊ ကျေးရွာအတွင်း အိမ်ငှါး၍ နေထိုင်ကြသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်အစိုးရ Hight Level Committee on Myanmar Refugees ၏ ဆုံးဖြတ်ချက်အရ မီဇိုရမ်ပြည်နယ်အတွင်း ခိုလုံလာကြသော စစ်ဘေးရှောင်ပြည်သူများအား စနစ်တကျ စာရင်းရရှိနိုင်ရေးအတွက် ဒုက္ခသည်အသိမှတ်ပြုကဒ် ထုတ်ပေးလျှက်ရှိပြီး ယခုလက်ရှိတွင် စစ်ဘေးရှောင်အားလုံးနီးပါးကို ထုတ်ပေးနိုင်ခဲ့ပြီဟု ဝန်ကြီးကဆိုသည်။

ယခုလက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများအနက် နေရပ်ပြန်သွားကြသူများရှိသကဲ့သို့ ထပ်မံဝင်ရောက်လာသူများလည်း အချိန်တိုင်းရှိနေသည့်အတွက် တဆင့်ပြီးတဆင့် စဉ်ဆက်မပြတ် စာရင်းများပြုစုသည့်လုပ်ငန်းများ လုပ်ဆောင်နေရသည်ဟု ဝန်ကြီးက ဆက်ပြောသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းတချိူ့၏ စာရင်းအရတော့ မီဇိုရမ်ပြည်နယ်တွင် ရောက်ရှိနေကြသော မြန်မာစစ်ဘေးရှောင်ပြည်သူဦးရေသည် ၄ သောင်းခန့်ရှိနိုင်ပြီဟု ခန့်မှန်းထားကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.