• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုးလူငယ်အသင်း (CYMA) ညီလာခံတွင် မြန်မာစစ်ဘေးရှောင်များအရေး ထည့်သွင်းဆွေးနွေး

မီဇိုးလူငယ်အသင်း (CYMA) ညီလာခံတွင် မြန်မာစစ်ဘေးရှောင်များအရေး ထည့်သွင်းဆွေးနွေး

0
By Editor on October 28, 2022 Khonumthung

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းတွင် အကြီးဆုံးနှင့် သြဇာအရှိဆုံးအဖွဲ့စည်းဖြစ်သော မီဇိုး လူငယ်အသင်း (Central Young Mizo Association) ၏ တတိယအကြိမ်မြောက် အထွေထွေညီလာခံကြီးကို အောက်တိုဘာလ ၂၇ ရက်နေ့က ကျင်းပခဲ့ကြရာ မြန်မာစစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

တတိယအကြိမ်မြောက် မီဇိုးလူငယ်အသင်း၏ အထွေထွေညီလာခံကြီးကို Thingsulthliah ကျေးရွာတွင် ကျင်းပခဲ့ကြပြီး ယင်းညီလာခံအစည်းအဝေးကြီးတွင် ဆွေးနွေးရမည့်အကြောင်းအရာ ၁၀ ခုကျော်ထဲတွင် မီဇိုရမ်ပြည်နယ် အတွင်း ရောက်ရှိနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများအတွက် ကောင်းမွန်သော စစ်ဘေးရှောင်စခန်းများ စနစ်တကျဆောင်ရွက်ကာ ယင်းစခန်းများတွင် စစ်ဘေးရှောင်များအားလုံးကိုထားရှိရန် အစိုရအနေဖြင့် စီစဉ်ဆောင်ရွက် ပေးရန်ဆိုသည့် အကြောင်းအရာလည်းဆွေးနွေးခဲ့ကြသည်ဟု မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းစာတွင်ဖော်ပြသည်။

“မြန်မာနိုင်ငံကနေ ရောက်ရှိလာကြတဲ့ စစ်ဘေးရှောင်တွေ နေရာအနှံ့အပြားမှာရှိနေကြတာ ကြီးမားတဲ့ အခက်အခဲ စိန်ခေါ်မှုရှိလာနိုင်တဲ့အတွက် အစိုးရအနေနဲ့ ဒီထက်ကောင်းမွန်တဲ့ စစ်ဘေးရှောင်စခန်း (Relief Camp) တွေ ဆောက်လုပ်ပြီး အဲဒီစခန်းမှာ အကုန်လုံးနေရာချထားရေး အစိုးရထံ CYMA အနေဖြင့်တိုက်တွန်းဆောင်ရွက်ရန်” ဟု ဆွေးနွေးအတည်ပြုခဲ့ကြသည်ဟု Vanglaini သတင်းစာတွင်ဖော်ပြထားသည်။

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူ ၄ သောင်းကျော်ခန့် ဝင်ရောက်ခိုလုံလျှက်ရှိကာ အများစုမှာချင်းလူမျိုးများဖြစ်ကြပြီး စစ်ဘေးရှောင်စခန်းများနှင့် စခန်းပြင်ပများတွင် အိမ်ငှါး၍ နေထိုင်ကြလျှက်ရှိကြသည်။

မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်ခိုလုံနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်များကို အိန္ဒိယဗဟိုအစိုးရက အသိမှတ်ပြု တရားဝင်လက်ခံခြင်းမရှိသော်လည်း မီဇိုရမ်ပြည်နယ်အစိုးရနှင့် မီဇိုရမ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်း၊ ဘာသာရေးအသင်းအဖွဲ့များက လက်ခံကြိုဆိုကာ လိုအပ်သည့်အကူအညီများလည်း ထောက်ပံ့ပေးလျှက်ရှိကြသည်။

မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ အိုင်ဇောလ်မြို့ကော်မီရှင်နာမင်းကြီး (Deputy Commissioner) ကလည်း လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက် ၁၁ ချက်ကို စက်တင်ဘာလ ၂၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့နယ် ထိုမာရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ပြည်သူ ၃ ဦးထိခိုက်ဟုဆို

ကလေးမြို့နယ် ရှုခင်းသာကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၊ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

ချင်းပြည်နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး PDF-Zoland ထံ ခိုလှုံ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.