• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မြန်မာစစ်ဘေးရှောင်များ အကူညီရရှိမှု နည်းပါးလာသောကြောင့် ပိုမိုခက်ခဲလာ

မြန်မာစစ်ဘေးရှောင်များ အကူညီရရှိမှု နည်းပါးလာသောကြောင့် ပိုမိုခက်ခဲလာ

0
By Editor on March 19, 2023 Headline

မီဇိုရမ်ပြည်နယ်တွင် ထွက်ပြေးခိုလုံလာကြသော မြန်မာနိုင်ငံကစစ်ဘေးရှောင်ပြည်သူများသည် အကူညီရရှိမှု နည်းသထက်နည်းပါးလာနေသောကြောင့် စားဝတ်နေရေးအတွက် ပိုမိုအခက်ကြုံလာနေကြရသည်ဟု မီဇိုရမ်ပြည်နယ်အခြေစိုက် ZORO အဖွဲ့က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ရေးပဋိပက္ခအခြေအနေကြောင့် မြန်မာနိုင်ငံက အထူးသဖြင့် ချင်းမျိုးနွယ်စုများသည် မီဇိုရမ်ပြည်နယ်တွင် လာရောက်ထွက်ပြေးခိုလုံကြသည်မှာ ၂ နှစ်နီးပါးခန့်ရှိလာပြီဖြစ်ကာ အချိန်ကြာမြင့်လာသည်နှင့်အမျှ အကူညီထောက်ပံ့ရရှိမှုသည်လည်း နည်းသထက်နည်းပါးလာသည့်အတွက် နေ့စဉ်စားဝတ်နေ ရေးမှာ ပိုမိုခက်ခဲလာနေသည်ဟု မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Aizawl Press Club တွင် ယနေ့ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် Zo Reunification Organization (ZORO) က ပြေဆိုလိုက်ခြင်းဖြစ်သည်။

“သူတို့ (စစ်ဘေးရှောင်) ရဲ့အခြေအနေက တော်တော်ဆိုးပါတယ်၊ အလုပ်အကိုင်လည်းမရှိကြဘူး၊ အရင်တုန်းကလို ကူညီထောက်ပံ့မှုတွေက သူတို့မရရှိကြတော့ဘူး၊ ပြည်သူလူထု၊ YMA နဲ့ အစိုးရတွေထံကနေ ထောက်ပံ့မှုတွေကလည်း မရှိသလောက်ဖြစ်သွားတယ်၊ တချိန်တည်းမှာပဲ သူတို့ရဲ့နေ့စဉ်လိုအပ်ချက်တွေက ပြောင်းလဲမသွားဘူး ပိုလို့တောင်တိုးလာနေတယ်” ဟု ZORO Refugee Committee အဖွဲ့မှ အတွင်းရေးမှူး Dr. Lalrinawmi Ralte က ပြောသည်။

ယခုလက်ရှိအနေအထားတွင် စစ်ဘေးရှောင်စခန်း၌ နေထိုင်ကြသော စစ်ဘေးရှောင်များသည် နေ့စဉ်စားဝတ်နေရေး ကူညီထောက်ပံ့ရန် အထူးလိုအပ်နေကြသည်ဟု ZORO က ဆိုသည်။

ပြီးခဲ့သည့်မတ်လ ၁၄ ရက်နေ့ကလည်း Nghalchawm စစ်ဘေးရှောင်စခန်းတွင် နေထိုင်ကြသော မြန်မာစစ်ဘေးရှောင်များသည် စားနပ်ရိက္ခာပြတ်လပ်လုနီးပါးဖြစ်နေပြီဟု ကြားသိရသည့်အတွက် ZORO အဖွဲ့က ဆန်အိတ် ၂၀ ၊ ပဲ ၂ အိတ်၊ အသားတု ၃ အိတ်၊ ဆီနှင့် အဝတ်အထည်များကို အရေးပေါ် သွားရောက်ကူညီခဲ့ကြသည်ဟု ဆိုသည်။

စစ်ဘေးရှောင်စခန်းများသည် ဝါး၊ မိုးကာများဖြင့်သာဆောက်လုပ်ထားကြသည့်အတွက် မိုးတွင်းကာလတွင် လုံခြုံမှုရှိမည်မဟုတ်သည့်အတွက် နည်းလမ်းများရှာဖွေပေးရန်လည်းအထူးလိုအပ်သည်ဟုဆိုပါသည်။

ထို့အပြင် ဆေးဝါး၊ ကျောင်းနေရွယ်ကလေးငယ်များအတွက် ကျောင်းဝတ်စုံ၊ စာရေးကိရိယာများအပြင် စစ်ဘေးရှောင်စခန်းများတွင် နေထိုင်သူများအတွက် အလုပ်ကိုင်အခွင့်အလမ်းများ ရှာဖွေဖန်တီးပေးရန်လည်း လိုအပ်သည်ဟု ZORO အဖွဲ့ကပြောသည်။

ယခုကဲ့သို့ စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့မှုနည်းပါးလာနေသောကြောင့် ZORO အဖွဲ့အနေဖြင့် စစ်ဘေးရှောင်ကူညီရေးလုပ်ငန်းများကို တတ်နိုင်ငံသည့်ဘက်မှ ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ဆိုပါသည်။

ZORO အဖွဲ့အစည်းသည် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့် စသည့် ၃ နိုင်ငံတွင်နေထိုင်ကြသော ဇိုး (ချင်း) မျိုးနွယ်စုများ အုပ်ချုပ်မှုတစ်ခုအောက်တွင် တစည်းတလုံးတည်း ပြန်လည်ပေါင်းစည်းနေထိုင်နိုင်ရန်အတွက် လှုပ်ရှားနေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မီဇိုရမ်ပြည်နယ်အတွင်းရှိ သြဇာရှိသော အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူ ၃ သောင်းကျော်ရှိသည်ဟု မီဇိုရမ်ပြည်နယ်အစိုးရက ထုတ်ပြန်ထားသော်လည်း ချင်းအရပ်ဖက်အဖွဲ့အစည်းများကမူ ၅ သောင်းခန့်ရှိကြသည်ဟု ခန့်မှန်းထားကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ အကျဥ်းထောင်ထဲက နိုင်ငံရေး အကျဥ်းသားများ ဆေးကုသခွင့်မရသည့်အပြင် လူ့အခွင့်ရေး ချိုးဖောက်မှုခံနေကြရ

မင်းတပ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်

ပြည်သူအားလုံး တော်လှန်ရေးမှာ မိမိတတ်နိုင်သည့်ဖက်မှ ပူပေါင်းပါ၀င်ရန် CDF-Hakha Central Council ဖိတ်ခေါ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.