မြန်မာနိုင်ငံကနေတဆင့် တင်သွင်းလာတယ်လို့ ယူဆရတဲ့ ထူးခြားဆန်းပြားသော တောရိုင်းတိရစ္ဆာန်မျိုးစိတ်များ (exotic wildlife species) ကို မီဇိုရမ်ရဲတပ်ဖွဲ့က ယမန်နေ့ညက ဖမ်းဆီးရမိသည်ဟု သိရပါတယ်။
အဆိုပါတိရစ္ဆာန်မျိုးစိတ်များကို မီဇိုရမ်ပြည်နယ် Khawzawl-Rabung လမ်း Tualpui Junction မှာ ယာဉ်တစ်စီးကို မီဇိုရမ်ရဲတပ်ဖွဲ့က စစ်ဆေးရာမှာ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
ယင်းတိရစ္ဆာန်မျိုးစိတ်များနှင့်အတူ ဇိုခေါထာရ်ကျေးရွာနေ ယာဉ်မောင်း Vanlalrawn ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ယခုဖမ်းဆီးရမိတဲ့ တရိစ္ဆာန်မျိုးစိတ်များမှာ ငှက်မျိုးစိတ် ၁၃ မျိုးနှင့် မျောက် ၄ ကောင်တို့ဖြစ်ပြီး ကျန်ဖိုင်းမြို့ Custom Preventive Force ထံ ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်ရန် အပ်နှံခဲ့ကြသည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။