Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မြန်မာနိုင်ငံသားတစ်ဦးထံ Crystal Meth စိတ်ကြွမူးယစ်ဆေး ၁၁ ကီလိုကျော် ထပ်မံဖမ်းဆီး

မြန်မာနိုင်ငံသားတစ်ဦးထံ Crystal Meth စိတ်ကြွမူးယစ်ဆေး ၁၁ ကီလိုကျော် ထပ်မံဖမ်းဆီး

0
By Editor on October 6, 2023 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့  Zemabawk ရပ်ကွက်တွင် မြန်မာနိုင်ငံသားတစ်ဦးထံမှ Crystal Meth စိတ်ကြွမူးယစ်ဆေး ၁၁ ကီလိုကျော်ကို မီဇိုရမ်ရဲတပ်ဖွဲ့က ယမန်နေ့ အောက်တိုဘာ ၄ ရက်ညက ထပ်မံဖမ်းဆီးကြောင်း သိရသည်။

ယမန်နေ့ည ၇ နာရီခန့်က အိုင်ဇောလ်ခရိုင်အထူးရဲတပ်ဖွဲ့က အရှေ့ Zemabawk ရပ်ကွက်တွင် အိမ်စီးကားတစ်စီးကို ရှာဖွေ စစ်ဆေးရာမှာ အလေးချိန် ၁၁ ကီလိုကျော်ရှိသော Crystal Meth စိတ်ကြွမူးယစ်ဆေးကို ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းမှာဖော်ပြထားသည်။

မူးယစ်ဆေး၀◌ါးနှင့်အတူ ချင်းပြည်နယ်ရိခေါ်ဒါရ်မြို့အမှတ် ၂ (Khawmawi) ရပ်ကွက်တွင်နေထိုင်သူ အသက် ၃၇ နှစ်အရွယ် Ropianga ကိုလည်း ဖမ်းဆီးကာ မူးယစ်ဆေး၀◌ါးရောင်း၀ယ်ဖောက်ကားမှုနှင့် နိုင်ငံခြားသားမှုတို့ဖြင့် အမှုဖွင့်အရေးယူ ထားသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

ယခုဖမ်းဆီးရမိသည့် စိတ်ကြွမူးယစ်ဆေး၀◌ါးသည် နိုင်ငံတကာပေါက်စေ◌ျးအရ ရူပီးငွေ သိန်း ၃၄၀၀ ခန့်တန်ဖိုးရှိသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

အလားတူ အောက်တိုဘာလ ၄ ရက်နေ့မှာ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Mualkawi ရွာအနီးတွင် ချင်းပြည်နယ် မတူပီမြို့ နယ်ဘက်က အသက် ၂၅ နှစ်အရွယ် Lalduati ဆိုသူထံမှ ဘိန်းဖြူ ၁၄၉ ဂရမ်ကို အာသံရိုင်ဖယ်နှင့် အကောက်ခွန်ဌာန ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု ဒေသတွင်းသတင်းမှာဖော်ပြထားသည်။

အောက်တိုဘာလ ၃ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ် Lengpui လေဆိပ်တွင် မြန်မာနိုင်ငံသားတစ်ဦးထံမှာ ရူပီးငွေ သိန်း ၃၁၀၀ ခန့်တန်ဖိုးရှိသော Crystal Meth စိတ်ကြွမူးယစ်ဆေး ၁၀ ကီလိုကျော်ကို မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသား နှစ်ဦးထံ ရူပီး သိန်း ၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

HPO/CDF-Hualngoram က ရိခေါဒါရ်မြို့ မူကြိုကျောင်းမှာ ဘိန်းဖြူဟောင် ၄၀၀ ကျော်ဖမ်းမိ

မတူပီ-မင်းတပ်လမ်း ပြုပြင်နေသောကြောင့် ခေတ္တလမ်းပိတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.