မီဇိုရမ်ပြည်နယ် ကောလစစ် ခရိုင် ကွန်ပွီးကျေးရွာတွင် ယမန်နေ့သြဂုတ်လ ၂၂ ရက်နေ့က မြန်မာနိုင်ငံသားတစ်ဦးအပါအဝင် လူနှစ်ဦးထံမှ ဘိန်းဖြူ ၂ ကီလိုကျော်ကို မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသည်ဟု သိရသည်။

ကွန်ပွီးကျေးရွာ ကာနန်ရပ်ကွက်ရှိ ယာဉ်တစ်စီးကို သတင်းရရှိထားချက်အရ မီဇိုရမ်ရဲတပ်ဖွဲ့က စစ်ဆေးရှာဖွေရာတွင် ဆပ်ပြာဖူးထဲထည့်ထားသည့် အလေးချိန် ၂ ကီလိုကျော်ရှိသော ဘိန်းဖြူကို ချင်းပြည်နယ် တီးတိန်မြို့နယ် ဘုတ်ဖီးကျေးရွာနေ လားထန်းလျန်နာနှင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် ငိုင်းဇောလ်ကျေးရွာနေ ခွါလ်ဆောမ်ဆန်းငါတို့ နှစ်ဦးထံမှ ဖမ်းဆီးရမိခဲ့သည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ယခုဖမ်းဆီးရမိသည့် ဘိန်းဖြူပမဏမှာ နိုင်ငံတကာပေါက်ဈေးအရ အိန္ဒိယရူပီးငွေ သိန်းတစ်ထောင့်သုံးရာခန့် တန်ဖိုးရှိသည်ဟု ဖော်ပြထားသည်။