• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မြန်မာ လေပိုင်နက်ထဲကို ကျူးကျော် ဝင်ရောက်ကာ အကြမ်းဖက်များကို ထောက်ပံ့နေတဲ့ အမေရိကန် စစ်လေယာဉ်တစ်စီးကို မြန်မာတပ်မတော်မှ ဒရုန်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ စစ်လေယာဉ်ပျက်ကျသွားခဲ့ ဆိုတဲ့သတင်းအမှား

မြန်မာ လေပိုင်နက်ထဲကို ကျူးကျော် ဝင်ရောက်ကာ အကြမ်းဖက်များကို ထောက်ပံ့နေတဲ့ အမေရိကန် စစ်လေယာဉ်တစ်စီးကို မြန်မာတပ်မတော်မှ ဒရုန်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ စစ်လေယာဉ်ပျက်ကျသွားခဲ့ ဆိုတဲ့သတင်းအမှား

0
By Editor on March 31, 2022 Khonumthung

အဆိုပါသတင်းအမှားကို ကျော်သီဟ အကောင့်မှ “မြန်မာ လေပိုင်နက်ထဲကို ကျူးကျော် ဝင်ရောက်ကာ အကြမ်းဖက်များကို ထောက်ပံ့နေတဲ့ အမေရိကန် စစ်လေယာဉ်တစ်စီးကို မြန်မာတပ်မတော်မှ ဒရုန်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ စစ်လေယာဉ်ပျက်ကျသွားခဲ့ အမေရိကန် နိုင်ငံသားလေယာဉ်မှူး ၂ ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။ အမျိုး၊ ဘာသာ၊ သာသနာနဲ့ မြန်မာနိုင်ငံအတွက် စိတ်အေးရပါပြီလို့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ပြောကြားခဲ့ပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်။

သတင်းအမှားမှာဖော်ပြထားသလို ပျက်ကျတာ လေယာဉ်မဟုတ်သလို အမေရိကန်နိုင်ငံက စစ်လေယာဉ်လည်းမဟုတ်ပါဘူး။ မြန်မာစစ်ကောင်စီရဲ့ရဟတ်ယာဉ်ဖြစ်ပါတယ်။

အဲ့ဒီရဟတ်ယာဉ်ဟာ မတ်လ ၂၉ ရက်နေ့ မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ၁၀ တန်းစာမေးပွဲမေးခွန်းများသယ်ဆောင်လာတဲ့ ရဟတ်ယာဉ်ဖြစ်ပြီး ဟားခါးမြို့ကိုအဆင်းမှာ ပျက်ကျသွားခြင်းဖြစ်တယ်လို့ ချင်းပြည်နယ်အစိုးရဌာနမှ အမည်မဖော်လိုသူတစ်ဦးကပြောပါတယ်။

“(မတ်လ ၂၉ ရက်နေ့) ၉ နာရီကျော်ကျော်လောက်မှာ ကလေးမြို့ကနေ တက်လာတာ ဒီကိုရောက်လာတာ ကိုးနာရီ ၁၅ လောက်ရှိမယ် ဆင်းတဲ့ အခါမှာ ဝိတ်များတော့ ကုန်းပေါ်မှာဆင်းခါနီးမှဖြစ်သွားတယ်ပြောတယ်”

စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း “ဒီကနေ့ (မတ်လ ၂၉ ရက်နေ့) မနက် ၈ နာရီ ၅၀ လောက်မှာ ကလေးကနေ ဟားခါးကို တက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်းတွေ သွားပို့တဲ့ ရဟတ်ယာဉ်ရှိတယ်။ အဲ့ရဟတ်ယာဉ်က ဟားခါးကို ၉ နာရီ ၂၀ လောက်မှာ ရောက်တယ်။ ဟားခါး ရဟတ်ယာဉ်ကွင်းကို ဆိုက်တဲ့အချိန်မှာ တောင်ပေါ်ကွင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ အောက်ကနေ ပင့်တဲ့လေပေါ့- ပင့်ပြီးတိုက်တဲ့လေ မိတယ်။ မိတဲ့အချိန် ရဟတ်ယာဉ်ကွင်းနဲ့ မီတာ ၁၀၀ လောက်မှာ ရဟတ်ယာဉ်ပြုတ် ကျတဲ့ ဖြစ်စဉ်ဖြစ်ခဲ့တယ်။ ကရိန်းနဲ့ အပေါ်ဆွဲတင်ဖို့ ပြန်လုပ်နေပါတယ်ခင်ဗျ။ ကျနော်တို့တပ်က လုံခြုံရေးအဖွဲ့နဲ့ အရပ်သားဆိုပေမယ့် ပညာရေးဝန်ထမ်းတွေပါတယ်။ တပ်က လုံခြုံရေးအဖွဲ့ ၂ ယောက်၊ အရပ်သား ၃ ယောက်။ သူတို့ကတော့ ဒဏ်ရာရရှိတာရှိတယ်။ ဒဏ်ရာ အနည်းငယ်ရရှိတယ်။ ပွန်းပဲ့ဖူးယောင်လောက်ပါပဲ သူတို့ကိုတော့ ဟားခါးမှာပဲ ကုသနေတယ်။” လို့ ပြောပါတယ်။

VOA ရဲ့သတင်း Link ကိုဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Link>>> https://bit.ly/3LIGWll

ကျော်သီဟ အကောင့်မှာဖော်ပြထားသတင်းဟာ အမှားဖြစ်ပါတယ်။ ဒါကြောင့်စာဖတ်သူများအနေနဲ့ လူတစ်ဦးတစ်ယောက်ကတင်တဲ့ အကြောင်းအရာတိုင်းကို ချက်ခြင်းမယုံကြည်ပဲ သေချာစီစစ်ပြီးမှဖတ်ရှုကြဖို့တိုက်တွန်းလိုက်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့အနောက်တောင်ပိုင်းတွင် လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးပွဲချင်းသေဆုံး၊ အမျိုးသား ၃ ဦး ထိခိုက် ဒါဏ်ရာရ

ကလေးမြို့ မွန်းလိုင်ရပ်ကွက်တွင် ဗုံးပေါက်ကွဲမှုကြောင့် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

ကန်ပက်လက်မြို့အဝင်တွင် ချင်းအလံလွှင့်ထူ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.