#Unicode
နှင်းနှင်း – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ရန်ကုန်မြို့ နည်းပညာတက္ကသိုလ်၊ ကျောင်းသား သမဂ္ဂနှင့်ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂအဖွဲ့မှ Let’s Give A Hand အစီအစဉ်ဖြင့် အဝတ်အထည်များကိုလှူဒါန်းခဲ့ကြောင်း ကျောင်းသားသမဂ္ဂလူမှုရေးတာဝန်ခံ မမိုင်ထရီဇာခင်ကပြောသည်။
“ဒီနှစ်ကတော့ကျောင်းတွေပိတ်ထားတဲ့အချိန်ဆိုတော့ Online Christmas ပွဲအနေနဲ့လုပ်မယ်ဆိုပြီ စီစဉ်ကြတယ်၊ ခရစ္စမတ်ရဲ့အနှစ်သာရက ပေးကမ်းခြင်းဆိုတော့ ဘုရားကသူ့သားတော်ကိုပေးခဲ့တယ်ဆိုတဲ့အနေအထားနဲ့ ကိုယ်တွေကလည်းလိုအပ်နေသူတွေကိုပေးကမ်းခြင်းအစီစဉ်တွေလုပ်ကြမလားဆိုပြီး ဆုံးဖြတ်ကြတယ်၊ ခရစ္စမတ်အနှစ်သာရရှိအောင် လူတွေလည်းပါဝင်အောင် အဓိက ကတော့လူတွေပါဝင်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲစပြီးတော့ လုပ်ဖြစ်ခဲ့တယ်၊ခေါင်းစဉ်ကိုတော့ Let’s Give A Hand ဆိုပြီးလုပ်ဖြစ်ခဲ့တယ်” ဟု မမိုင်ထရီဇာခင်ကပြောသည်။
ချင်းပြည်နယ်တွင်ရှိသောစစ်ဘေးရှောင်ပြည်သူများအတွက် အဝတ်အထည်များလှူဒါန်းခြင်းကို ရန်ကုန်နည်း ပညာကျောင်းသားသမဂ္ဂအဖွဲ့နှင့် ကျောင်းသားသမဂ္ဂလူမှုရေးအဖွဲ့တို့ပူးပေါင်း၍ ရန်ကုန်မြို့အတွင်း မြို့နယ်များ အသီးသီးတို့တွင် အလှူလိုက်လံကောက်ခံပြီး ချင်းပြည်နယ်ပလက်ဝမြို့ကို ပို့ဆောင်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
ရန်ကုန်မြို့နည်းပညာတက္ကသိုလ်၊ကျောင်းသားသမဂ္ဂနှင့်ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂတို့ ပူးပေါင်းပြီး ယခင်ကလည်း ရခိုင်ပြည်နယ်တွင်လိုအပ်သောဆေးဝါးများထောက်ပံ့မှုရှိခဲ့ပြီး ချင်းပြည်နယ်ရှိစစ်ဘေး ရှောင်ပြည်သူများ အတွက်လှူဒါန်းခြင်းမှာ ပထမအကြိမ်လှူဒါန်းခြင်းဖြစ်သည်ဟု မိုင်ထရီဇာခင်ကပြောသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သည် ၂၀၁၅ ခုနှစ်မှစပြီး ရက္ခိုင်တပ်တော် (AA) နှင့် မြန်မာ့တပ်မေ တာ်တို့အကြား တိုက်ပွဲဖြစ်ပွားမှု့ကြောင့် ပလက်ဝမြို့နယ်အတွင်း စစ်ဘေးရှောင် လူဦးရေ (၁၀၀၀၀) ဝန်းကျင်ရှိကြောင်းသိရသည်။
#Zawgyi
ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္အတြင္းရွိ စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ ရန္ကုန္ျမဳိ႕နည္းပညာတကၠသိုလ္၊ ေက်ာင္းသား သမဂၢႏွင့္ေဆးတကၠသုိလ္ (၁) ေက်ာင္းသားသမဂၢအ ဖြဲ႔မွ Let’s Give A Hand အစီအစဥ္ျဖင့္ အဝတ္အထည္မ်ား ကုိလွဴဒါန္းခဲ့ေၾကာင္း ေက်ာင္းသားသမဂၢလူမႈေရးတာဝန္ခံ မမုိင္ထရီဇာခင္ကေျပာသည္။
“ဒီႏွစ္ကေတာ့ေက်ာင္းေတြပိတ္ထားတဲ့အခ်ိန္ဆုိေတာ့ Online Christmas ပြဲအေနနဲ႔လုပ္မယ္ဆုိျပီ စီစဥ္ၾကတယ္၊ ခရစၥမတ္ရဲ႕အႏွစ္သာရက ေပးကမ္းျခင္းဆုိေတာ့ ဘုရားကသူ႔သားေတာ္ကုိေပးခဲ့တယ္ဆုိတဲ့အေနအထားနဲ႔ ကုိယ္ေတြကလည္းလုိအပ္ေနသူေတြကုိေပးကမ္းျခင္းအစီစဥ္ေတြလုပ္ၾကမလားဆုိျပီး ဆုံးျဖတ္ၾကတယ္၊ ခရစၥမတ္အႏွစ္သာရရွိေအာင္ လူေတြလည္းပါဝင္ေအာင္ အဓိက ကေတာ့လူေတြပါဝင္လာေအာင္ဆုိတဲ့ ရည္ရြယ္ခ်က္နဲ႔ပဲစျပီးေတာ့ လုပ္ျဖစ္ခဲ့တယ္၊ေခါင္းစဥ္ကုိေတာ့ Let’s Give A Hand ဆုိျပီးလုပ္ျဖစ္ခဲ့တယ္” ဟု မမုိင္ထရီဇာခင္ကေျပာသည္။
ခ်င္းျပည္နယ္တြင္ရွိေသာစစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ အဝတ္အထည္မ်ားလွဴဒါန္းျခင္းကုိ ရန္ကုန္နည္း ပညာေက်ာင္းသားသမဂၢအဖြဲ႔ႏွင့္ ေက်ာင္းသားသမဂၢလူမႈေရးအဖြဲ႔တုိ႔ပူးေပါင္း၍ ရန္ကုန္ျမဳိ႕အတြင္း ျမဳိ႕နယ္မ်ား အသီးသီးတုိ႔တြင္ အလွဴလိုက္လံေကာက္ခံျပီး ခ်င္းျပည္နယ္ပလက္ဝျမဳိ႕ကုိ ပုိ႔ေဆာင္ခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။
ရန္ကုန္ျမဳိ႕နည္းပညာတကၠသိုလ္၊ေက်ာင္းသားသမဂၢႏွင့္ေဆးတကၠသုိလ္ (၁) ေက်ာင္းသားသမဂၢတုိ႔ ပူးေပါင္းျပီး ယခင္ကလည္း ရခုိင္ျပည္နယ္တြင္လုိအပ္ေသာေဆးဝါးမ်ားေထာက္ပံ့မႈရွိခဲ့ျပီး ခ်င္းျပည္နယ္ရွိစစ္ေဘး ေရွာင္ျပည္သူမ်ား အတြက္လွဴဒါန္းျခင္းမွာ ပထမအၾကိမ္လွဴဒါန္းျခင္းျဖစ္သည္ဟု မိုင္ထရီဇာခင္ကေျပာသည္။
ခ်င္းျပည္နယ္၊ ပလက္ဝျမဳိ႕နယ္သည္ ၂၀၁၅ ခုႏွစ္မွစျပီး ရကၡိဳင္တပ္ေတာ္ (AA) ႏွင့္ ျမန္မာ့တပ္မေ တာ္တုိ႔အၾကား တုိက္ပြဲျဖစ္ပြားမႈ႔ေၾကာင့္ ပလက္ဝျမဳိ႕နယ္အတြင္း စစ္ေဘးေရွာင္ လူဦးေရ (၁၀၀၀၀) ဝန္းက်င္ရွိေၾကာင္းသိရသည္။