• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ရာဇဂြိုလ်ရေးအားလျှပ်စစ်စက်ရုံမှ နိုင်ငံတော်အတွက် ၀င်ငွေ ကျပ် (၁၇၃) သန်းရရှိပြီဟုဆို

ရာဇဂြိုလ်ရေးအားလျှပ်စစ်စက်ရုံမှ နိုင်ငံတော်အတွက် ၀င်ငွေ ကျပ် (၁၇၃) သန်းရရှိပြီဟုဆို

0
By Editor on February 1, 2019 Khonumthung

By လားနွန် – ကလေးမြို့နယ် ရာဇဂြိုလ်ကျေးရွာအနီးတွင် တည်ရှိသော ရာဇဂြိုလ်ရေးအားလျှပ်စစ်စက်ရုံမှ နိုင်ငံတော်အတွက်ဝင်ငွေကျပ် (၁၇၃) သန်းခန့် ရရှိနေပြီဖြစ်ကြောင်း ဆည်တည်ဆောက်ရေး (၄) ကလေးမြို့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမော်မော်နိုင်ကပြောသည်။

ရာဇဂြိုလ်ရေအားလျှပ်စစ်စက်ရုံအခြေအနေနှင့်ပတ်သက်၍ ကလေးမြို့ ဆည်မြောင်းဦးစီးဌာန၊ တည်ဆောက်ရေး (၄) ဧည့်ရိပ်သာတွင် ယနေ့နံနက်ပိုင်းက ဆည်တည်ဆောက်ရေး (၄) အဖွဲ့မှ သတင်းစာရှင်းလင်းပွဲကျင်းပပြုလုပ်ကာ ယင်းကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

ရာဇဂြိုလ်ရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားပေးစက် နှစ်လုံးအား ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၃) ရက်နေ့မှ နိုင်ငံတော် ဓာတ်အားကွန်ယက်စနစ်အတွင်းသို့ စတင်ပို့လွှတ်နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ (၂၉) ရက်နေ့အထိ စုစုပေါင်းဓာတ်အားပမာဏ ကီလိုဝပ်နာရီပေါင်း (၃.၄၆) ထုတ်လုပ်နိုင်ခဲ့ပြီးဖြစ်ကာ နိုင်ငံတော်အတွက်ဝင်ငွေကျပ် (၁၇၃) သန်းခန့် ရရှိနေပြီဖြစ်ကြောင်း ဆည်တည်ဆောက်ရေး (၄) ကလေးမြို့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမော်မော်နိုင်ကပြောသည်။

“လျှပ်စစ်ထုတ်တယ်ဆိုတာလည်း မဟာဓာတ်အားလိုင်းကိုထည့်လိုက်တာ ဓာတ်အားလိုင်းထည့်တယ်ဆိုတာ ဒီမှာထိုမာမှာ ကလေးပင်မစက်ရုံကြီးရှိတယ် အဲဒီဓာတ်အားလိုင်းကိုလာဆက်တာ ထည့်လိုက်တော့ မဟာဓာတ်အားလိုင်းတွေမှာပြန်ဖြန့်တယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူးကပြောသည်။

ရာဇဂြိုလ်ရေလှောင်တမံဆည်မှ လယ်ဧက (၈၅၀၀) ခန့် ရေပေးဝေနိုင်ရန်လျာထားလျက်ရှိပြီး ယခုလက်ရှိတွင် လယ်ဧက (၄၈၈၀) ခန့် ရေပေးဝေလျက်ရှိသည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့တွင် မီတာခများအခွန်ဆောင်ကြရန် စစ်ကောင်စီက တအိမ်တက်ဆင်း လိုက်လံပြောဆိုနေ

စစ်ကောင်စီတပ်ဖွဲ့က ကလေးတောင်ပိုင်းကျေးရွာများကို ထပ်မံမီးရှို့

ကလေးမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် (၃) နေရာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.