စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Mara တပ်ဖွဲ့တို့ကြား ပစ်ခတ်မှုတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဖက်မှ တပ်သား ၄ ဦးကျဆုံးကာ အများပြား ထိခိုက်ဒဏ်ရာရရှိတယ်လို့ CDF-Mara က ယမန်နေ့ ဇူလိုင်လ ၉ ရက်နေ့က ထုတ်ပြန်လိုက်သည်။
ချင်းပြည်နယ် CDF-Mara ၏ အမှတ် (၃) တပ်ရင်း ထိန်းချုပ်နယ်မြေအတွင်းရှိ လိုင်လင်းပီးမြို့ပေါ်အခြေစိုက်သော စစ်ကောင်စီတပ်ဖွဲ့များက တပ်ကုန်းမှ မြို့တွင်းပြည်သူများအား ခြိမ်းခြောက်ခြင်း၊ နှောက်ယှက်ခြင်း၊ မူးယစ်ရမ်းကားပြီး သေနတ်များ ရမ်းသမ်းပစ်ဖောက်ခြင်းများ ပြုလုပ်နေတာကြောင့် CDF-Mara မှ ပြန်လည်ပစ်ခတ်ရာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း CDF-Mara က ဆိုသည်။
ထို့ကြောင့် လွန်ခဲ့သည့် ဇွန်လ ၈ ရက်နေ့ ညနေပိုင်းချိန်တွင် နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၄ ဦးကျဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။
ယင်းလို စစ်ကောင်စီတပ်ဖွဲ့များ၏ လက်နက်ကြီးအပါဝင် သေနတ်များဖြင့် ယမ်းသမ်းပစ်ခတ်မှုကြောင့် လိုင်လင်းပီမြို့ Aphawaw ရပ်ကွက်တွင် နေထိုင်သူ အသက် ၁၇ နှစ်အရွယ်ရှိ အရပ်သားပြည်သူ မ Les. Myat Tan Dar မှာ ယင်းလက်နက်ကြီး ပေါက်ကွဲမှုထိခိုက်ကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ကောင်စီတပ်ဖွဲ့များသည် အရပ်သားပြည်သူ ၃ ဦးကို ဖမ်းဆီးခဲ့သည့်အပြင် ပြည်သူများ၏ ဆိုက်ကယ်များကိုလည်း မီးရှို့ဖျက်စီးခဲ့သောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
“အဲ့စကစတွေက ရှိသမျှဆိုင်ကယ်တွေ အကုန်မီးရှို့တယ်။ ပြီးတော့ ပြည်သူ ၃ ယောက်ကိုလည်း ဖမ်းသွားတယ်လို့ပြောတယ်။ အဲ့တာကြောင့် အခု အကုန်လုံး အဲ့ဒီ aphawaw ရပ်ကွပ်ကနေ တိမ်းရှောင်းခိုင်းထားတယ်လို့ပြောတယ်။ ဘာကြေင့်လဲဆိုတော့ အဲ့ဒီနေရကနေ အဲ့ဒီ လိုင်လင်းပီမြို့ပေါ်က စကစ တပ်ကုန်းနဲ့က အရမ်းနီးတယ်လေး” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦး ကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူတို့မှာ Mara Evangelical Church သင်းအုပ်ဆရာမ Maiki နှင့် အသက်ကြီးရွယ်အို ဦးထောက်ချိုးတို့အပါဝင် စုစုပေါင်း ပြည်သူ ၃ ဦးတို့ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လိုင်လင်ပီမြို့အတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်တာကြောင့် မြို့တွင်းနေ ပြည်သူလူထုများအနေဖြင့် သတိရှိရှိ နေထိုင်သွားလာကြရန် CDF-Mara က အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။