အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် တစ်ပတ်နီပါးခန့် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှုကြောင့် လောင်တလိုင်ခရိုင်အတွင်းရှိ မြန်မာစစ်ရှောင်များ၏ ကျောင်းဆောင်နှင့် နေအိမ် ၇ လုံး ပျက်စီးခဲ့သည်ဟု သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ဇွန်လ ၁၈ ရက်နေ့က လောင်တလိုင်မြို့မှာ မြန်မာစစ်ဘေးရှောင်များအတွက် ဖွင့်လှစ်ထားသော Vengpui Refugee Camp က စာသင်ကျောင်းအဆောက်အအုံနှင့် Canan Refugee Camp မှ စစ်ဘေးရှောင်နေအိမ် ၇ လုံး အမိုးလန်ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။
“မိုးမှောင်မဲလာပြီးတော့ အနောက်ဖက်ကနေ လေတိုက်လာတာ။ မိုးအရင်ကျလာတယ်၊ ပြီးတော့ ရုတ်တရက်ကြီး ၄ နာရီလောက်မှာတော့ တအားကြီးပြင်းသွားတာ၊ မုန်တိုင်းထက်တောင်ပြင်းသလိုပဲ၊ အခုက မိုးကာနဲ့ပဲဆော က်ထားတာ ဆိုတော့လေး အကုန်ပေါက်ကုန်တာ။ ဝါးနဲ့ဆောက်တာ။ မိုးကာနဲ့မိုးတယ် လေဒါဏ်လာ တဲ့အခါမှာ အကုန် ပြဲကုန်တာပေါ့။” ဟု လောင်တလိုင်မြို့ စစ်ရှောင်တစ်ဦးက ပြောသည်။
စစ်ဘေးရှောင်စခန်းနှင့် ကျောင်းဆောင်အဆောက်အအုံသည် ဝါးနှင့် မိုးကာတို့ဖြင့်သာ ယာယီဆောက်လုပ်ထားခြင် းဖြစ်ပြီး အမြန်ဆုံးပြန်လည်ပြုပြင်ခြင်းမရှိနိုင်ပါက မိုးတွင်းကာလတွင် ပိုမိုအခက်အခဲရှိလာနိုင်သည်ဟုဆိုသည်။
လောင်တလိုင်ခရိုင်တွင် မြန်မာစစ်ရှောင်စခန်း ၂၃ ခုရှိပြီး လူဦးရေ ၇၀၀၀ ကျော်ခန့်ရှိသည်ဟု သိရသည်။