• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»“လောင်းလုံမြို့နယ်က PDF အဖွဲ့တွေကို ပြည်သူတွေက လက်မခံတော့တာကြောင့် သတင်းပေးပြီး ရှင်းလင်းခိုင်း” ဆိုတဲ့သတင်းမှား

“လောင်းလုံမြို့နယ်က PDF အဖွဲ့တွေကို ပြည်သူတွေက လက်မခံတော့တာကြောင့် သတင်းပေးပြီး ရှင်းလင်းခိုင်း” ဆိုတဲ့သတင်းမှား

0
By Editor on November 29, 2022 Khonumthung

FactCheck

ဒီသတင်းအမှားကို နေသူရဆိုတဲ့ အကောင့်ကနေပြီး “အရေးတော်ပုံအောင်နေပြီဆိုတဲ့ လောင်းလုံမြို့နယ်က PDF အဖွဲ့ ရှင်းလင်းခံရ…တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်က PDF အဖွဲ့ရှင်းလင်းခံရတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။ လောင်းလုံမြို့နယ် ညောင်ပြင်ရွာအနီးမှာ ခိုအောင်းနေတဲ့ PDF အဖွဲ့တွေကို ပြည်သူတွေက လက်မခံတော့တာကြောင့် သတင်းပေးပြီး ရှင်းလင်းခိုင်းခဲ့တာလို့ဆိုပါတယ်။ ဒီရှင်းလင်းမှုမှာ PDF အလောင်း (၂) လောင်း၊ လက်လုပ် သေနတ် (၂) လက်နဲ့ ရိက္ခာ ဂိုထောင်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

လောင်းလုံမြို့နယ် PDF ရဲ့ထုတ်ပြန်ချက်မှတော့ “လောင်လုံးမြို့နယ် တောင်ကျောတစ်ခုကို အင်အား (၁၀၀) ကျော် လက်နက်ကြီးများနဲ့ စစ်ကောင်စီရဲ့စစ်ကြောင်းထိုးမှုကြောင့် စခန်းအား လက်လွှတ်ခဲ့ပြီး ထိပ်တိုက်ပွဲများ အချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် မိဘပြည်သူများဆင်ခြင်သွားလာပေးဖို့တိုက်တွန်းထားပြီး စခန်းကိုတော့ စစ်ကောင်စီတပ်မှ ရှာဖွေရေးလုပ်ငန်းများလုပ်ဆောင်ပြီး မီးရှို့ပစ်ခဲ့ကြတယ်။ လောင်းလုံ PDF စခန်းမှ မိုင်းအလုံး (၃၀) နဲ့ စုဆောင်းထားတဲ့ ရိက္ခာများကို စစ်ကောင်ဘက်မှ သိမ်းဆည်းသွားတယ်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နေသူရဆိုတဲ့ အကောင့်မှာဖော်ပြထားသလို “လောင်းလုံမြို့နယ်က PDF အဖွဲ့တွေကို ပြည်သူတွေက လက်မခံတော့တာကြောင့် သတင်းပေးပြီး ရှင်းလင်းခိုင်း” ဆိုတာ သတင်းအမှားတစ်ပုဒ်သာဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့နယ် ထိုမာရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ပြည်သူ ၃ ဦးထိခိုက်ဟုဆို

ကလေးမြို့နယ် ရှုခင်းသာကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၊ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

ချင်းပြည်နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး PDF-Zoland ထံ ခိုလှုံ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.