Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဝေလူးရွာမှ ကလေးငယ် ၈ ဦးအပါအဝင် အရပ်သား ၁၁ ဦး အစုအပြုံလိုက် သတ်ဖြတ်ခံရမှု ဓါတ်ပုံများထုတ်ပြန်

ဝေလူးရွာမှ ကလေးငယ် ၈ ဦးအပါအဝင် အရပ်သား ၁၁ ဦး အစုအပြုံလိုက် သတ်ဖြတ်ခံရမှု ဓါတ်ပုံများထုတ်ပြန်

0
By Editor on November 20, 2023 Khonumthung

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို စစ်ကောင်စီ ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသားကလေးသူငယ် ၈ ဦးအပါအဝင် အရပ်သား ၁၁ ဦး အစုအပြုံလိုက် သတ်ဖြတ်ခံရမှုအတွက် စစ်ရေးအချိန် ပိုမြင့်သွားမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီက အောက်တိုဘာလ ၁၉ ရက်က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၅ ရက် ညနေ ၆ နာရီခွဲခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် ဝေလူးကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျောင်းသား ကလေးငယ် ၈ ဦး၊ CDF ကျောင်းဆရာ ၁ ဦး၊ ပြည်သူ ၁ ဦး စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့ရသည်ဟု CDF မတူပီက ထုတ်ပြန်သည်။

သေဆုံးသူ ကျောင်းသား/သူ (၈) ဦးမှာ မောင် ဆာမွေလ (၁၂ နှစ်)၊ မောင်ကွီးနွန်း (၉ နှစ်)၊ မောင်ဥာဏ်ဝင်းအောင် (၇) နှစ်၊ မလီလီမိုး (၅ နှစ်)၊  မောင်ထန်းဟုမ်း (၉ နှစ်)၊ မခိုင်သဇင် (၁၁ နှစ်)၊ မစန်းစန်း၊ မောင်ဘွေကုန်းထန်တို့ဖြစ်ပြီး CDM ကျောင်းဆရာမှာ ဦးဟာလောင်း (၃၄ နှစ်) ဖြစ်သည်၊ ပြည်သူ (၂) ဦးမှာ ဦးအုပ်စော (၆၅ နှစ်)၊ ဦးတဲနိုင် (၃၈ နှစ်) တို့ဖြစ်သည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာများရရှိပြီး နေအိမ် ၂၂ လုံး၊ ဘုရားကျောင်း ၁ လုံးနှင့် စာသင်ကျောင်း ၂ ဆောင်တို့ ပျက်စီးခဲ့ရသည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ မတူပီထံမှ သိရသည်။

CDF မတူပီသည် ဝေလူးကျေးရွာအတွင်း စခန်းချ နေထိုင်ခြင်း လုံးဝ မရှိသည့်အပြင် စစ်ရေးလှုပ်ရှားမှုများ မရှိသော ရွာကို စစ်ကောင်စီက လေကြောင်းပစ်မှတ်ထား၍ ယခုဖြစ်စဉ် အရပ်သားပြည်သူများကို ဗုံးကြဲတိုက်ခိုက်မှုသည် အစုအပြုံလိုက်သတ်ဖြတ်ခြင်းဖြစ်သောကြောင့် ပြင်းထန်စွာ ကန့်ကွက်ရှုံချသည်ဟု CDF – မတူပီနှင့် မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့က ထုတ်ပြန်သည်။

ဒဏ်ရာများရရှိထားသည့် အရပ်သားပြည်သူများမှာ ဆေးဝါကုသမှုခံယူနေရပြီး ငွေကြေးအခက်အခဲများ ကြုံတွေ့နေသောကြောင့် ပြည်တွင်း/ပြည်ပ ပြည်သူများ ကူညီပံ့ပိုးပေးကြရန် CDF – မတူပီက မေတ္တာရပ်ခံထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အတုအယောင်ရွေးကောက်ပွဲကို တားဆီးရေး လုပ်ထုံးလုပ်နည်းဥပဒေကို ချင်းပြည်ကောင်စီ ပြဌာန်းကြောင်း ကြေညာ

ရွေးကောက်ပွဲဝင်ကြမည့် ပါတီဝင်ဟောင်း ၄ ဦး နှင့် သက်ဆိုင်မှုမရှိတော့ကြောင်း CNLD ကြေညာ

ကူကီးအမျိုးသမီးအဖွဲ့က တမူးမြို့နယ်ရှိ စစ်ဘေးရှောင်များအား စားနပ်ရိက္ခာများ ကူညီထောက်ပံ့

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.