Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»သတင်းသမားများ ဘက်မလိုက်ဘဲ မှန်မှန်ကန်ကန်တင်ပြရန်လိုအပ်ဟု ချင်းပြည်နယ် သစ်တောဝန်ကြီးပြော

သတင်းသမားများ ဘက်မလိုက်ဘဲ မှန်မှန်ကန်ကန်တင်ပြရန်လိုအပ်ဟု ချင်းပြည်နယ် သစ်တောဝန်ကြီးပြော

0
By Editor on May 1, 2019 Khonumthung

By လားနွန် – ချင်းသတင်းမီဒီယာများအနေဖြင့် သတင်းရေးသားတင်ဆက်ရာတွင် ဘက်လိုက်မှုကင်းကင်းဖြင့် တိကျမှန်ကန် စွာရေးသားဖော်ပြရန်လိုအပ်သည်ဟု ဟားခါးမြို့ မြို့တော်ခန်းမတွင် ဧပြီလ ၂၅ ရက်နေ့က ပြုလုပ်သော မဏ္ဍိုင် လေးရပ် တွေ့ဆုံဆွေးနွေးပွဲတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောဝန်ကြီး ဦးမန်ဟင်းဒါလ်းကပြောသည်။

“အခုကကျွန်တော်တို့လက်ရှိမှာ မီဒီယာနဲ့ ကျွန်တော်တို့ မဏ္ဍိုင်သုံးရပ်က နည်းနည်းလေးတစ်ခါတလေ ပွတ်တိုက်မှုလေးတွေရှိနေပါတယ် ဒါကလည်း ကျွန်တော်တို့ ဒီမိုကရေစီကျင့်စဉ်ကို သေချာလေး ပြည့်ပြည့်ဝဝနဲ့ မဆောင်ရွက်နိုင်သေးဘူးဆိုတဲ့အခြေအနေကြောင့် ဖြစ်တယ်ပါတယ်၊ ကျွန်တော်တို့ တကယ့်ဒီမိုကရေစီအုပ်ချူပ်မှုစနစ်စတင်လာတာက သုံးနှစ်လောကပဲရှိသေးတဲ့အတွက် အချိန်ယူပြီးတော့ ဖြေရှင်းဆောင်ရွက်ရမယ့်ကိစ္စတွေဖြစ်ပါတယ်၊ နောက်ပြီးတော့ ဒီမီဒီယာသမားတွေလည်းပဲ ကျွန်တော်မေတ္တာရပ်ခံလိုတာက သတင်းမှန်မှန်ကန်ကန်နဲ့ တိကျစွာနဲ့ ဘက်လိုက်မှုကင်းကင်းဖြစ်စေလိုပါတယ် ဒီသတင်းဌာနတစ်ခုရဲ့ ရပ်တည်ချက်က အဖွဲ့အစည်းတစ်ခုရဲ့ ဒါမှမဟုတ်ရင် တစ်ဦးတစ်ယောက်ရဲ့ ထိန်းချုပ်မှုမှာမရှိပဲနဲ့ တကယ့်ကို ပြောဆိုရာတွင်လည်းလွတ်လပ်စွာပေါ့ ဥပဒေကျင့်ဝတ်နဲ့အညီဖြစ်ဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု ၀န်ကြီးဦးမန်ဟင်းဒါလ်းကပြောသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ဦးဆောင်မှုဖြင့် ချင်းပြည်နယ်ရှိ ဥပဒေပြုရေး၊ အုပ်ချူပ်ရေး၊ တရားစီရင်ရေး အဖွဲ့ အစည်းများနှင့် သတင်းမီဒီယာများပါဝင်သော “မဏ္ဍိုင်လေးရပ် တွေ့ဆုံဆွေးနွေးပွဲ’’ ကို ဟားခါးမြို့ မြို့တော်ခန်းမ၌ ဧပြီလ ၂၅ ရက်နေ့က ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ကြရာ ချင်းပြည်နယ်အစိုးရကိုယ်စားတက်ရောက်လာသော ၀န်ကြီးဦးမန်ဟင်းဒါလ်းက ထိုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်သတင်းကို ထဲထဲဝင်ဝင်ရေးသားတင်ဆက်နေသော ချင်းဝေါလ်သတင်းဌာနမှ အယ်ဒီတာ ဆလိုင်းဟုန်းထွန်းဂေကတော့ ချင်းမီဒီယာများသည် စတုတ္ထမဏ္ဍိုင်၏ တာဝန်အရ ဝေဖန်ထောက်ပြစရာရှိပါက ဝေဖန်ထောက်ပြရပြီး အစိုးရအနေဖြင့် မီဒီယာ၏ သဘောတရားကို နားလည်ရန်လိုအပ်ကြောင်း ပြောဆိုပါသည်။

“အစိုးရရဲ့လုပ်ငန်းတွေကို ထောက်ပြမှုကပိုများလာတာဖြစ်တယ် မီဒီယာရဲ့သဘောတရားတွေကို သူတို့နားမလည်တာအများကြီးရှိတယ် ဒါကြောင့် သူတို့ဘက်ကောင်းတယ်ဆိုပြီးရေးမှ သူတို့ကြိုက်ရမယ်ဆိုတာက ဒါမျိုးကြတော့ မီဒီယာသဘောတရားအရ မဖြစ်နိုင်ဘူး မဖြစ်သင့်ဘူးဒါကိုသူတို့နားလည်ဖို့လိုတယ်မီဒီယာသဘောတရားဆိုတာဘာလဲ မီဒီယာမဏ္ဍိုင်ရဲ့ တာဝန်ဝတ္တရားက ဘယ်လိုမျိုးလဲဆိုတာသူတို့ နားလည်းဖို့လိုတယ် မီဒီယာမှာလည်းကျင့်ဝတ်တွေရှိတယ် ကျင့်ဝတ်နဲ့အညီ ရေးသားဖော်ပြနေကြတယ်ဆိုတာ သူတို့ကိုလည်းသိစေချင်ပါတယ်” ဟု ချင်းဝေါလ်အယ်ဒီတာကပြောသည်။ ယင်း မဏ္ဍိုင်လေးရပ် တွေ့ဆုံဆွေးနွေးပွဲတွင် ချင်းပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီး ဦးမန်ဟင်းဒါလ်း၊ ဌာနဆိုင်ရာ ညွန်ကြားမှူးများနှင့် လက်ထောက်ညွန်ကြားရေးမှူးများ ၊ တရားစီးရင်ရေးဘက်မှ ချင်းပြည်နယ် တရားသူကြီးချူပ် ဦးဝင်းမြင့်ကျော်၊ တရားလွတ်တော် တရာသူကြီး ဦးမြင့်သိန်းထွန်း၊ ဥပဒေပြုရေးဘက်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဗန်ထောင်းနှင့် ဦးရာလ်နှင်၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်းစီမှ တာဝန်ရှိသူများ၊ ချင်းမီဒီယာကွန်ယက်အဖွဲ့ဝင်များမှ သတင်းသမားများတက်ရောက်ကြပြီး လက်ရှိသတင်းရယူခွင့် အခက်အခဲစိန်ခေါ်မှုများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လိုင်လင်းပီမြို့ အုပ်ချုပ်ရေးမှူးနှင့် အတွင်းရေးမှူးရာထူးနေရာများ ခေါ်ယူနေ

ချင်းပြည် (Chinland) အစိုးရမှ သူနာပြုနှင့်သားဖွားပညာဒီပလိုမာ ဒုတိယအသုတ် ခေါ်ယူ

CNDF နှင့် CDF-Hualngoram အကြား ထိတွေ့မှုဖြစ်ပွား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.