• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»သန်းခေါင်စာရင်းတွင် ချင်းလူမျိုး (၅၃) မျိုးဟုဖော်ပြမှုကို ပြန်လည်စိစစ်ရန်မရှိသေးဟု ပြည်ထောင်စုဝန်ကြီးပြော

သန်းခေါင်စာရင်းတွင် ချင်းလူမျိုး (၅၃) မျိုးဟုဖော်ပြမှုကို ပြန်လည်စိစစ်ရန်မရှိသေးဟု ပြည်ထောင်စုဝန်ကြီးပြော

0
By Editor on September 11, 2019 Headline

By လားနွန် – တိုင်းရင်းသားမျိုးနွယ်စုများ၏ အမည်ပြင်ဆင်သတ်မှတ်ခြင်း၊ လူမျိုးနွယ်စုများ ပြန်လည်သတ်မှတ်ခြင်းကိစ္စသည် ခက်ခဲပြီး လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန် များပြားသည့်အတွက် သန်းခေါင်စာရင်းတွင် ချင်းလူမျိုး (၅၃) မျိုးဟု ဖော်ပြမှုကို ပြန်လည်စီစစ်ရန်မရှိသေးဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယနေ့ပြောဆိုလိုက်သည်။

စက်တင်ဘာလ (၁၀) ရက်နေ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ချင်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၅) ဦးပူဂင်ကမ်းလျန်မှ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရာတွင် ချင်းပြည်နယ်တစ်ခုတည်း၌ တိုင်းရင်းသားလူမျိုး (၅၃) မျိုးဟု ဖော်ပြထားခြင်းကို မြေပြင်ကွင်းဆင်းစိစစ်၍ ပြန်လည်သုံးသပ်ရန် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်း၍ မေးမြန်းရာတွင် ပြည်ထောင်စုဝန်ကြီးက ထိုကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဦးသိန်းဆွေက “ တိုင်းရင်းသားမျိုးနွယ်စုများ၏ အမည်ပြင်ဆင်သတ်မှတ်ခြင်း၊ လူမျိုးနွယ်စုများ ပြန်လည်သတ်မှတ်ခြင်းကိစ္စသည် ခက်ခဲပြီး လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များ၊ လုပ်ငန်းစဉ် များလည်း များပြားပါကြောင်း၊ တိုင်းရင်းသားများအားလုံးကို တစ်ပြေးညီ ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် ချင်းပြည်နယ်တစ်ခုတည်း၌ တိုင်းရင်းသားလူမျိုး (၅၃)မျိုးဟု ဖော်ပြထားခြင်း ကို မြေပြင်ကွင်းဆင်းစိစစ်ကာ ပြန်လည်သုံးသပ်ဆောင်ရွက်ရန် အစီအစဉ်မရှိသေးပါကြောင်း” ဟု ဖြေကြားခဲ့သည်။

၂၀၁၄ ခုနှစ် သန်းခေါင် စာရင်းမေးခွန်းတွင် လူမျိုးမေးခွန်းထည့်သွင်းရာ၌ လူမျိုးအမည်များ မှားယွင်းနေကြောင်း၊ တိုင်းရင်းသား ၁၃၅ မျိုးအပေါ် အခြေခံခြင်းသည် ပကတိအခြေအနေနှင့် ကိုက်ညီမှုမရှိကြောင်း၊ လူမျိုးအုပ်စုကြီးများတွင် ပါဝင်သည့် လူမျိုးစုငယ်အရေအတွက်များ ကွဲလွဲနေကြောင်း၊ သီးခြားလူမျိုး သတ်မှတ်ပေးရေးကိစ္စ၊ မျိုးနွယ်စု ပြောင်းလဲသတ်မှတ်ရေးကိစ္စ၊ တိုင်းရင်းသားလူမျိုးများအဖြစ် သတ်မှတ်ပေးရေးကိစ္စ စသည့် တောင်းဆိုမှုများစွာ ရှိခြင်းကြောင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းအတွက် အစဉ်အစီမရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောသည်။

ထို့အပြင် ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးကို ထည့်သွင်းကောက်ယူခဲ့ပြီး စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့် စာရင်းပြုစုခြင်းလုပ်ငန်း လွယ်ကူစေရန်အတွက် နိုင်ငံအတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများကို ရနိုင်သမျှ ကြိုတင်စာရင်း ပြုစုထားရပါကြောင်းနှင့် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအတွက် မြန်မာနိုင်ငံတွင်နေထိုင်သော တိုင်းရင်းသားမျိုးနွယ်စု အမည်စာရင်းများ သတ်မှတ်ပြုစုရာတွင် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းတွင် အသုံးပြုခဲ့သည့် လူမျိုးစာရင်းကို အခြေခံ၍ လူမျိုးကုတ် များကို အုပ်စုများခွဲ၍ ပြုစုခဲ့ပြီး အဆိုပါ လူမျိုးစာရင်းတွင် မပါဝင်သူများကိုလည်း ကုတ်နံပါတ် ၉၁၄ တွင် ဖြည့်သွင်း၍ ကောက်ယူစေခဲ့ပါကြောင်း ၀န်ကြီးကပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

January 13, 2023

“ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး၊ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.