Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»သီမစ်လွင်ပြင်တိုက်ပွဲ စစ်ကောင်စီဘက် ၆၀ ထက်မနည်း သေဆုံးဟုဆို

သီမစ်လွင်ပြင်တိုက်ပွဲ စစ်ကောင်စီဘက် ၆၀ ထက်မနည်း သေဆုံးဟုဆို

0
By Editor on September 4, 2022 Headline

ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့အကြား သီမစ် (Timit) လွင်ပြင်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားသည့် တစ်လတာတိုက်ပွဲတွင် စစ်ကောင်စီဘက်ကတပ်သား ၆၀ ထက်မနည်း သေဆုံးခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF ကပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ထန်တလန်မြို့ ပြန်လည်ထူထောင်ရေး ခေါင်းစဉ်တပ်ပြီး ဟားခါးနှင့် ထန်တလန်အကြားရှိ ပြည်သူလူထုအသုံးမပြုတော့သော သီမစ်ချောင်းတံတားအား ပြင်ဆင်တည်ဆောက်ရန် စစ်ရေးအရ အင်အားဖြည့်တင်းလာခဲ့ပြီး ဇူလိုင် ၃၀ ရက်နေ့က ယင်းဒေသသို့ အင်အား ၈၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာခဲ့ရာမှ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သြဂုတ်လ ၃၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော CNF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သီမစ်လွင်ပြင်ဒေသသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို ချင်းအမျိုးသားတပ်မတော် CNA, Chinland Join Defense Force Committee- Special Force (CJDC), CDF-Thantlang, CDF-Zophei, CDF-Lautu, CDF-Mara နှင့် CDF-Hakha စသည့် ပူးပေါင်းတပ်ဖွဲ့တို့က ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြပြီး ၃၁ ရက်ကျော်ကြာ အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ယင်းထုတ်ပြန်ချက်က ဆိုသည်။

ဇူလိုင်လ ၃၀ ရက်နေ့ကစ၍ သြဂုတ်လ ၃၁ ရက်နေ့အထိ တစ်လတာတိုက်ပွဲအတွင်း ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီတပ်သား ၆၀ ထက်မနည်းကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး အများအပြား ဒဏ်ရာရစေနိုင်ခဲ့သည်ဟု CNF က ဆိုသည်။

ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က CDF-Hakha တပ်ဖွဲ့မှ ရဲဘော်တစ်ဦးသည် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူသွားခဲ့ပြီး ရဲဘော် ၅ ဦးခန့် မစိုးရိမ်ရသည့်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

ယခုလက်ရှိတွင်လည်း ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့သည် သီမစ်လွင်ပြင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့နှင့် ဖလမ်းမြို့ဘက်မှ ကုန်းကြောင်း၊ လေကြောင်းဖြင့် လူအင်အား လက်နက်အင်အားများ ဖြည့်တင်းလျက်ရှိသည်ဟုလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တစ်လဝန်းကျင်ကြာ သိုင်းငင်းတိုက်ပွဲများတွင် ချင်းတော်လှန်ရေးရဲဘော် ၇ ဦးကျဆုံး

စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ် Ruan ကျေးရွာက နေအိမ် ၄ လုံး ထပ်မံပျက်စီး

တီးတိန်မြို့အဝင်က စစ်ကော်မရှင်စခန်းတစ်ခုကို ချင်းညီနောင် တိုက်ခိုက်၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.