• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»သံဖိုကျေးရွာကို စစ်တပ်က ပိုက်စိပ်တိုက်ရှာ​ဖွေမည်ဟု ​ပြောဆိုသောကြောင့် တစ်ရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရ

သံဖိုကျေးရွာကို စစ်တပ်က ပိုက်စိပ်တိုက်ရှာ​ဖွေမည်ဟု ​ပြောဆိုသောကြောင့် တစ်ရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရ

0
By Editor on April 2, 2021 Headline
#Unicode
ကလေးမြို့နယ် သံဖိုကျေးရွာတွင် ယမန်နေ့ည(ဧပြီ ၁ ရက်)က အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်ကာ ယနေ့ဧပြီလ ၂ ရက်နေ့တွင် တစ်အိမ်တက်ဆင်းတူမီးသေနတ်များပိုက်စိပ်တိုက်ရှာဖွေမည်ခြိမ်းခြောက်ပြောဆိုသောကြောင့် တစ်ရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။
သံဖိုကျေးရွာသားတစ်ဦးက “ မနေ့ညက စစ်သားတွေရွာထဲကိုဝင်လာတယ် ကျေးရွာဥက္ကဌဟောင်းအိမ်သွားပြီးမှ ရွာမှာ တူမီးသေနတ်ဘယ်လောက်ရှိလဲ၊ မနက်ဖြန်ကျရင် ခင်များတို့ရွာကို သန့်ရှင်းရေးလုပ်မယ်ဆိုပြီးပြောသွားတယ်၊ သူလည်း မနေ့ညတွင်းချင်းပဲ ထွက်ပြေးသွားတယ်၊ သူ့သမီးရဲ့ဆိုင်ကိုလည်း စစ်သားတွေကသော့ဖျက်ပြီးဝင်တယ် ပစ္စည်းတွေလည်း ယူသွားတယ်လို့သိရတယ်’’ ဟု ပြောသည်။
ယင်းကိစ္စကြောင့် သံဖိုကျေးရွာသားအများစုသည် ဘေးလွတ်ရာတောထဲသို့ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရွာတွင်သက်ကြီးရွယ်အိုတစ်ချို့ သာကျန်ရှိသည်ဟု ၎င်းကဆက်ပြောသည်။
“တစ်ရွာလုံးနီးပါးထွက်ပြေးကြပြီ ၅ ပုံမှာ တစ်ပုံလောက် သက်ကြီးရွယ်အိုတွေလောက်ပဲရွာမှာကျန်တော့တယ်၊ ဒုက္ခသည် ဘဝရောက်ကုန်ကြပြီ၊ မထွက်ပြေးကြဘူးဆိုရင် ရွာမှာစစ်သားတွေဝင်လာပြီး ပစ်သတ်ခံရမှာစိုးရိမ်ရတယ်လေ’’ ဟု ပြောသည်။
ယမန်နေ့ကလည်း ကလေး-ဂန့်ဂေါမြို့ကားလမ်းမနဘေးရှိ နတ်ချောင်း၊ ငါဖား၊ ချောင်းခွကျေးရွာများတွင် အာဏာသိမ်းစစ် ကောင်စီတပ်ဖွဲ့ဝင်များကသေနတ်ပစ်ခတ်ဖြိုခွင်းမှုကြောင့် ချောင်းခွကျေးရွာမှ လူ ၄ ဦးနှင့် ဝေဘူလကျေးရွာမှ ၁ ဦးသေဆုံးခဲ့ကြ သည်။
ယခုလက်ရှိတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ချောင်းခွကျေးရွာတွင်လှုပ်ရှားနေပြီး ပစ်ခတ်မှုများလည်းရှိနေ သည်ဟု သိရသည်။
#Zawgyi
ကေလးၿမိဳ႕နယ္ သံဖိုေက်းရြာတြင္ ယမန္ေန႔ည(ဧၿပီ ၁ ရက္)က အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႔မ်ား ၀င္ေရာက္ကာ ယေန႔ဧၿပီလ ၂ ရက္ေန႔တြင္ တစ္အိမ္တက္ဆင္းတူမီးေသနတ္မ်ားပိုက္စိပ္တိုက္ရွာေဖြမည္ၿခိမ္းေျခာက္ေျပာဆိုေသာေၾကာင့္ တစ္ရြာလံုးနီးပါး ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္ဟု သိရသည္။
သံဖိုေက်းရြာသားတစ္ဦးက “ မေန႔ညက စစ္သားေတြရြာထဲကို၀င္လာတယ္ ေက်းရြာဥကၠဌေဟာင္းအိမ္သြားၿပီးမွ ရြာမွာ တူမီးေသနတ္ဘယ္ေလာက္ရွိလဲ၊ မနက္ျဖန္က်ရင္ ခင္မ်ားတို႔ရြာကို သန္႔ရွင္းေရးလုပ္မယ္ဆိုၿပီးေျပာသြားတယ္၊ သူလည္း မေန႔ညတြင္းခ်င္းပဲ ထြက္ေျပးသြားတယ္၊ သူ႔သမီးရဲ႕ဆိုင္ကိုလည္း စစ္သားေတြကေသာ့ဖ်က္ၿပီး၀င္တယ္ ပစၥည္းေတြလည္း ယူသြားတယ္လို႔သိရတယ္’’ ဟု ေျပာသည္။
ယင္းကိစၥေၾကာင့္ သံဖိုေက်းရြာသားအမ်ားစုသည္ ေဘးလြတ္ရာေတာထဲသို႔ထြက္ေျပးတိမ္းေရွာင္ေနၾကရၿပီး ရြာတြင္သက္ႀကီးရြယ္အိုတစ္ခ်ဳိ႕ သာက်န္ရွိသည္ဟု ၎ကဆက္ေျပာသည္။
“တစ္ရြာလံုးနီးပါးထြက္ေျပးၾကၿပီ ၅ ပံုမွာ တစ္ပံုေလာက္ သက္ႀကီးရြယ္အိုေတြေလာက္ပဲရြာမွာက်န္ေတာ့တယ္၊ ဒုကၡသည္ ဘ၀ေရာက္ကုန္ၾကၿပီ၊ မထြက္ေျပးၾကဘူးဆိုရင္ ရြာမွာစစ္သားေတြ၀င္လာၿပီး ပစ္သတ္ခံရမွာစိုးရိမ္ရတယ္ေလ’’ ဟု ေျပာသည္။
ယမန္ေန႔ကလည္း ကေလး-ဂန္႔ေဂါၿမိဳ႕ကားလမ္းမနေဘးရွိ နတ္ေခ်ာင္း၊ ငါဖား၊ ေခ်ာင္းခြေက်းရြာမ်ားတြင္ အာဏာသိမ္းစစ္ ေကာင္စီတပ္ဖြဲ႔၀င္မ်ားကေသနတ္ပစ္ခတ္ၿဖိဳခြင္းမႈေၾကာင့္ ေခ်ာင္းခြေက်းရြာမွ လူ ၄ ဦးႏွင့္ ေ၀ဘူလေက်းရြာမွ ၁ ဦးေသဆံုးခဲ့ၾက သည္။
ယခုလက္ရွိတြင္လည္း စစ္ေကာင္စီတပ္ဖြဲ႔၀င္မ်ားသည္ ေခ်ာင္းခြေက်းရြာတြင္လႈပ္ရွားေနၿပီး ပစ္ခတ္မႈမ်ားလည္းရွိေန သည္ဟု သိရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်

CNDF နှင့် စစ်ကောင်စီတပ်ဖွဲ့ နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံး၊ ဒဏ်ရာရရှိသူ အများအပြားရှိ

စစ််ခေါင်းဆောင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပက်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၃) ဖွဲမှ ကြေညာချက်ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.