Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးတက္ကသိုလ်နှင့် ထန်တလန်မြို့အကြား ကားလမ်းမအား ဖြတ်သန်းသွားလာခြင်းမပြုရန် CDF – Hakha သတိပေးချက်ထုတ်ပြန်

ဟားခါးတက္ကသိုလ်နှင့် ထန်တလန်မြို့အကြား ကားလမ်းမအား ဖြတ်သန်းသွားလာခြင်းမပြုရန် CDF – Hakha သတိပေးချက်ထုတ်ပြန်

0
By Editor on August 19, 2024 Headline

(004SS)

ချင်းပြည်နယ်၊ ဟားခါးမြို့စွန်တွင်တည်ရှိသော ဟားခါးတက္ကသိုလ်မှ ထန်တလန်မြို့အကြား ကားလမ်းမအား သြဂုတ်လ ၂၀ ရက်နေ့မှစ၍ ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်းမပြုကြရန် Chinland Defense Force – Hakha က ယနေ့ သြဂုတ်လ ၁၉ ရက်နေ့မနက်ပိုင်းတွင် အသိပေးချက် ထုတ်ပြန်သည်။

ဟားခါးမြို့နှင့် ထန်တလန်မြို့အကြားတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား မကြာခဏ ပစ်ခတ်မှုများဖြစ်ပွားလေ့ရှိပြီး သွားလာသူရှိပါက စစ်ကောင်စီတပ်များဟုမှတ်ယူကာ ပစ်ခတ်မှုများ ဖြစ်ပွားနိုင်သည့်အတွက် ယခုကဲ့သို့ထုတ်ပြန်ခြင်းဖြစ်သည်ဟု CDF-Hakha ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“အဓိကတော့ ပြည်သူတွေ ဒီဘက်မလာစေချင်တာ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်မှာ ရုတ်တရက် ပစ်ခတ်မှုတွေ ဖြစ်နိုင်တယ်။ အခုအဲဒီလမ်းက ပြည်သူတွေသိပ်သုံးလေ့မရှိတော့ဘူး၊ အများအားဖြင့် စစ်သားတွေသုံးတာများတယ်။ ဆိုတော့ အရပ်သားဝတ်စုံနဲ့လာတာပဲဖြစ်ဖြစ် စစ်သားတွေလို့မှတ်ပြီး ပစ်ခတ်တာတွေရှိနိုင်တော့ သတိရှိနိုင်ဖို့ ထုတ်ပြန်ရခြင်းဖြစ်ပါ တယ်” ဟု CDF-Hakha မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အဆိုပါထုတ်ပြန်ချက်အား မိဘပြည်သူများအသက်အန္တရယ်လုံခြုံမှုရှိစေရန် တော်လှန်ရေးတပ်ဖွဲ့များမှ သတိပေးခြင်းဖြစ်ပြီး နောက်ထပ်ထုတ်ပြန်ခြင်းမရှိမခြင်း သွားလာခြင်းမပြုရန်နှင့် ဖြတ်သန်းသွားလာခွင့်ပြုသည့်အချိန်တွင် အများပြည်သူ သိစေရန် ပြန်လည်ထုတ်ပြန်ပေးသွားမည်ဟု ၎င်းကပြောသည်။

လက်ရှိတွင် CDF-Hakha တပ်ဖွဲ့သည် ဟားခါးမြို့သိမ်းပိုက်နိုင်ရေး ရုန်းတောင်စစ်ဆင်ရေးကို ဖော်ဆောင်လျှက်ရှိကြ သည်။

စစ်ကောင်စီဘက်ကလည်း ဟားခါးမြို့ ရုန်းတောင်စစ်ဗျူဟာကုန်းတွင် လေကြောင်းမှတဆင့် လေထီးများဖြင့် လက်နက်ကြီး များအပါအဝင် ဗုံး၊ လက်နက်ခဲယမ်းများ အကြိမ်ကြိမ်ချပေးခဲ့ပြီး စစ်အင်အားဖြည့်နေကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ရေးအချက်အချာ ကျသည့် ကနေဒီတောင်စခန်းကို စစ်ကော်မရှင်တပ် ပြန်ထိန်းချုပ်

အကျဉ်းသား ၁၀၀ ကျော်အပါအဝင် လူနာပေါင်း ၂၇၀ ကျော်ကို တစ်လအတွင်း ဆေးဝါးကုသပေးနိုင်ခဲ့ဟု CDF-Asho ပြော

CDF – မရာထိန်းချုပ်ထားသည့် ငဖိုင်ပိ (ခ) ရွာကို MDF က ဒရုန်းဖြင့် ၃ ကြိမ် တိုက်ခိုက်ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.