• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးတက္ကသိုလ် ဖွင့်လှစ်သော်လည်း ကျောင်းသူ/သားများ တက်ရောက်သူမရှိ

ဟားခါးတက္ကသိုလ် ဖွင့်လှစ်သော်လည်း ကျောင်းသူ/သားများ တက်ရောက်သူမရှိ

0
By Editor on May 7, 2021 Khonumthung
မာဂရက် – အာဏာသိမ်းစစ်ကောင်စီက မေလ ၅ ရက်နေ့ကစ၍ တက္ကသိုလ်ကျောင်းများပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်သော်လည်း ချင်းပြည်နယ် ဟားခါးတက္ကသိုလ်တွင် ယနေ့ချိန်ထိ တက်ရောက်သည့် ကျောင်းသူ/ သားများမရှိသေးကြောင်း စုံစမ်းသိရှိရသည်။
ဟားခါးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ လျန်ဇာခုပ် “ ကျောင်းသားတွေ ရောက်မရောက်က သင်တန်းရေးရာကိုပဲ တာဝန်ပေးထားတာ၊ မနေ့ကအထိတော့ ရောက်လာတဲ့သူမရှိသေးဘူး၊ တချို့က ကျောင်းထဲလာပြီးမှ ကျောင်းမတက်တာ အဲ့လိုမျိုးတော့ ရှိတယ်။ ကျောင်းဆရာ/မ တွေတော့ ရောက်နေပြီ စာသင်မယ်ဆိုရင် ရတယ်၊ စာသင်ဖို့တော့ မေဂျာ လိုက်တော့ ရှိတယ်၊” ဟု ပြောသည်။
ဟားခါးတက္ကသိုလ်တွင် မဟာတန်း၊ နောက်ဆုံးနှစ်အတန်းများ နှင့် ဂုဏ်ထူးတန်း ဒုတိယနှစ်များ အတွက် ဖွင့်ပေးခဲ့ပြီး မေဂျာအလိုက်တက်ရောက်ကြမည့် ကျောင်းသူ/သား ၁၁၂ ဦးရှိသည်ဟု သိရသော်လည်း ယနေ့ချိန်ထိ တစ်ယောက်မှတက်ရောက်ခြင်းမရှိကြခြင်းဖြစ်သည်။
ဟားခါးမြို့မှ တက္ကသိုလ် ကျောင်းသူ တစ်ဦးက “ ဆရာ/မတွေ အကုန်လုံးကလည်း CDM အကုန်လု ပ်ကြတယ်၊ မှန်မှန်ကန်ကန် နဲ့ရွေးချယ်ထားတဲ့ အစိုးရမဟုတ်ပဲနဲ့ ဒီတိုင်းအာဏာသိမ်းပြီးတော့ တက်လာတဲ့ အစိုးရလက်အောက်မှာ ကျောင်းသား တွေ တော်တော်များများကလည်း အသက် ပေးရတယ်၊ အသက်ဆုံးရှုံးရတဲ့ကြားထဲမှာ ကျွန်မတို့ အနေနဲ့ ကျွန်မတို့ ရွေးချယ်ထားတဲ့ အစိုးရလည်း မဟုတ်ဘူး၊အတင်းအဓမ္မယူထားတဲ့ အစိုးရရဲ့ လက် အောက်၊ သွေးစွန်းထားတဲ့သူတို့ရဲ့လက် အောက်မှာ ပညာမသင်ချင်လို့ မတက်တာပါ” ဟု ပြောသည်။
အာဏာသိမ်းစစ်ကောင်စီသည် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ခံ တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ်တို့မှ ပါရဂူဘွဲ့ကြိုတန်း၊ မဟာတန်းနှင့် နောက်ဆုံးနှစ်အတန်း၊ နည်းပညာ၊ အသက်မွေးပညာ၊ စက်မှုလက်မှုသိပ္ပံကျောင်းတို့မှ နောက်ဆုံးနှစ်အတန်း၊ အစိုးရနည်းပညာအထက်တန်းကျောင်းနောက်ဆုံးနှစ်အတန်းများကို မေလ ၅ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတဝန်းလုံးရှိ တက္ကသိုလ်ကျောင်းသားအများစုသည်လည်း စစ်ကောင်စီလက်အောက်တွင် ကျောင်းပြန်မတက်နိုင်ဟုဆိုကာ ဆန့်ကျင်ဆန္ဒဖော်ထုတ်မှုဖြစ်ပွားလျှက်ရှိသည့်အပြင် ကျောင်းဆရာ၊ ဆရာမအများစုသည်လည်း CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြသည်ဟု သိရသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကောင်စီလက်အောက် ချင်းပြည်နယ် ၁၀ တန်းအောင်ချက် မကြုံစဖူး မြင့်တက်

ကလေးမြို့နယ် ထိုမာရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ပြည်သူ ၃ ဦးထိခိုက်ဟုဆို

ကလေးမြို့နယ် ရှုခင်းသာကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၊ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.