• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဟားခါးနှင့် ထန်တလန်မြို့ပေါ်တွင် ကျောင်းအပ်နှံသူတစ်ယောက်မှမရှိဘဲ သရဲခြောက်မှာပင်ကြောက်ရကြောင်း ဒေသခံများပြော

ဟားခါးနှင့် ထန်တလန်မြို့ပေါ်တွင် ကျောင်းအပ်နှံသူတစ်ယောက်မှမရှိဘဲ သရဲခြောက်မှာပင်ကြောက်ရကြောင်း ဒေသခံများပြော

0
By Editor on May 24, 2021 Headline
ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံသူတစ်ယောက်မှမရှိဘဲ ခြောက်ကပ်နေပြီး သရဲခြောက်မှာပင်ကြောက်ရကြောင်း ဒေသခံများထံမှ သိရသည်။
အာဏာသိမ်းစစ်ကောင်စီသည် ဇွန်လ ၁ ရက်နေ့ကစ၍ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်စီစဉ်လျှက်ရှိကာ မြန်မာနိုင်ငံတဝန်းလုံးတွင် ယနေ့မေလ ၂၄ ရက်နေ့စပြီး ကျောင်းအပ်လက်ခံခဲ့သော်လည်း ဟားခါးနှင့် ထန်တလန်မြို့တွင် ကျောင်းအပ်နှံသူတစ်ယောက်မှမရှိကြောင်း ဒေသခံများထံမှသိရသည်။
ထန်တလန်မြို့မှကျောင်းသားမိဘတစ်ဦးက “ ထန်တလန်မြို့က အစိုးရကျောင်းတစ်ကျောင်းမှ ဒီနေ့တော့ကျောင်းအပ်တဲ့ သူမရှိဘူး သော့ခတ်ထားကြတယ်၊ သရဲခြောက်မှာတောာင် ကြောက်ရတယ်’’ ဟု ပြောသည်။
ထန်တလန်မြို့ပေါ်တွင် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (၁) အ.ထ.က (၂)၊ အခြေခံပညာမူလတန်းလွန် ကျောင်း(၁)၊ (၂) နှင့် မူလတန်းကျောင်းတစ်ကျောင်းရှိသည်။
အလားတူ ပြည်နယ်၏မြို့တော် ဟားခါးမြို့တွင်လည်း ကျောင်းအပ်နှံသူမရှိဘဲ ခြောက်ကပ်နေသည်ဟု သိရသည်။
“ကျနော်တို့နိုင်ငံက အိမ်နီးချင်းနိုင်ငံမှာတောင် အောက်ကျနောက်ကျဖြစ်နေတဲ့နိုင်ငံကိုး အဲလိုဖြစ်နေတော့ အရှိန်ယူနေတဲ့ အချိန်မှာ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့အခါကျတော့ စိတ်ဓာတ်ကျတာပေါ့နော် ဟိုးအရင်စစ်တပ်အုပ်ချုပ်တုန်းက လည်း ပညာရေးကအရမ်းနိမ့်ကျခဲ့တာကို အခုလည်း အဲလိုဖြစ်လာမယ်၊ ကလေးတွေလည်း မနှစ်တုန်းကလည်း ကိုဗစ်ကြောင့် ကျောင်းမတက်ရဘူး သူတို့အတွက်လည်း စဉ်းစားတယ် ဒါပေမယ့် တဖက်ကလည်း စစ်တပ်က မတရားအာ ဏာသိမ်းတဲ့အခါကျတော့ ကျနော်တို့ကလည်း လက်မခံဘူး’’ ဟု ကျောင်းသားမိဘတစ်ဦးကပြောသည်။
အာဏာသိမ်းစစ်ကောင်စီသည် မြန်မာတစ်နိုင်ငံလုံးတွင် ယနေ့မေလ ၂၄ ရက်နေ့ကစ၍ ကျောင်းအပ်လက်ခံခဲ့သော်လည်း ကျောင်းအပ်နှံသူမရှိ သလောက်နည်းပါးသည်ဟုသိရသည်။
ကျောင်းသားမိဘတစ်ဦးက “ကျောင်းအပ်တဲ့သူတွေရှိရင်လည်းပဲ အဆင်ပြေမယ်မထင်ဘူး ချင်းပြည်နယ်မှာ CDM ဝင်တဲ့လူများတာကိုး နောက်တစ်ခုက ဦးသိန်းစိန် နဲ့ အဲန်အယ်ဒီအစိုးရခေတ် နိုင်ငံရေးကောင်းနေတဲ့အချိန်တုန်းကတောင်မှ ချင်းပြည်နယ်ကသိတဲ့တိုင်း ကျောင်းဆရာ၊ ဆရာမတွေက မလုံလောက်တဲ့ကြားထဲ အခု ကျောင်းပြန်ဖွင့်ရင်လည်း မလည်ပတ်နိုင်လောက်ဘူး’’ ဟု ပြောသည်။
ဟားခါးမြို့ မြို့ပေါ်တွင် အထက်တန်းကျောင်းလေးကျောင်းနှင့် အလယ်တန်းကျောင်းလေးကျောင်းရှိကြောင်းသိရသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

January 13, 2023

“ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး၊ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.