• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမြို့တွင် ဝန်ထမ်း အင်အား ၃၀၀၀ ဝန်းကျင်ရှိသည့်အနက် ၁၉၀၀ ကျော်မှ CDM လှုပ်ရှားမှုတွင် ပါဝင်

ဟားခါးမြို့တွင် ဝန်ထမ်း အင်အား ၃၀၀၀ ဝန်းကျင်ရှိသည့်အနက် ၁၉၀၀ ကျော်မှ CDM လှုပ်ရှားမှုတွင် ပါဝင်

0
By Editor on February 25, 2021 Khonumthung
#Unicode
By Benezer – ချင်းပြည်နယ် ဟားခါးမြို့တွင် အစိုးရ ဝန်ထမ်းအင်အား ၃၀၀၀ ဝန်းကျင်ရှိသည့်အနက် ဝန်ထမ်း ၁၉၂၈ ဦးမှ CDM လှုပ်ရှားမှုတွင် ပါဝင်ကြကြောင်း CDM Supporting Hakha ၏ စာရင်းထုတ်ပြန်ချက်အရ သိရသည်။
“ဟားခါးမှာက ဝန်ထမ်းအင်အား ၃၀၀၀ ဝန်းကျင်ရှိမယ်ထင်တယ်၊ အတိအကျတော့ ပြောလို့မရဘူး၊ ဘာလို့လဲဆိုရင် ခန့်အပ်နဲ့ အင်အားပြ စာရင်းကမတူဘူး၊ ၃၀၀၀ ဝန်းကျင်တော့ရှိမယ်၊ အခုက ၁၉၀၀ ကျော် CDM ပါဝင်ပြီဆိုတော့ သုံးပုံနှစ်ပုံ နိုင်သွားပြီလို့ ပြောလို့ရတယ်၊ ခုလည်းဆက်ကောက်နေတယ်၊ ၂၅၀၀ ဝန်းကျင်ထိတော့ ကျမတို့မှန်းထားတယ်” ဟု CDM Supporting Hakha တွင် ပါဝင်ဆောင်ရွက် နေသူတစ်ဦးမှ ပြောသည်။
CDM Supporting Hakha ၏ ထုတ်ပြန်ချက်အရ CDM လှုပ်ရှားမှုတွင် ပညာရေးဌာနမှ ဝန်ထမ်းအင်အား ၄၅၈ ဦးဖြင့် အများဆုံးပါဝင်ပြီး ဒုတိယအနေဖြင့် ကျန်းမာရေးဌာနမှ ၄၂၇ ဦး ဖြင့် ပါဝင်ပြီး အစိုးရဌာနအကုန်လုံးနည်းပါး CDM လှုပ်ရှားမှုတွင် ပါဝင်နေပြီဖြစ်ကြောင်း သိရသည်။
အာဏာသိမ်း စစ်ကောင်စီ အစိုးရ၏ လက်အောက်တွင် အလုပ်မလုပ်လိုကြောင်း ပြသသည့်အနေဖြင့် အစိုးရဝန်ထမ်း အများအပြားမှ အလုပ်မဆင်းဘဲ CDM လှုပ်ရှားမှုတွင် ပါဝင်နေကြပြီး ဌာနဆိုင်ရာ အရာရှိများမှ ဖိအားပေးမှုများရှိနေသော်လည်း ဝန်ထမ်းများမှ အရပ်သားအစိုးရ မတက်မချင်း အလုပ်ဆင်းမည်မဟုတ်ကြောင်း ထုတ်ပြန်ချက် ပြန်လည်ထုတ်ပြန်မှုများလည်း ရှိနေကြောင်းသိရသည်။
#Zawgyi
By Benezer – ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕တြင္ အစိုးရ ဝန္ထမ္းအင္အား ၃၀၀၀ ဝန္းက်င္ရွိသည့္အနက္ ဝန္ထမ္း ၁၉၂၈ ဦးမွ CDM လႈပ္ရွားမႈတြင္ ပါဝင္ၾကေၾကာင္း CDM Supporting Hakha ၏ စာရင္းထုတ္ျပန္ခ်က္အရ သိရသည္။
“ဟားခါးမွာက ဝန္ထမ္းအင္အား ၃၀၀၀ ဝန္းက်င္ရွိမယ္ထင္တယ္၊ အတိအက်ေတာ့ ေျပာလို႔မရဘူး၊ ဘာလို႔လဲဆိုရင္ ခန႔္အပ္နဲ႔ အင္အားၿပ စာရင္းကမတူဘူး၊ ၃၀၀၀ ဝန္းက်င္ေတာ့ရွိမယ္၊ အခုက ၁၉၀၀ ေက်ာ္ CDM ပါဝင္ၿပီဆိုေတာ့ သုံးပုံႏွစ္ပုံ နိုင္သြားၿပီလို႔ ေျပာလို႔ရတယ္၊ ခုလည္းဆက္ေကာက္ေနတယ္၊ ၂၅၀၀ ဝန္းက်င္ထိေတာ့ က်မတို႔မွန္းထားတယ္” ဟု CDM Supporting Hakha တြင္ ပါဝင္ေဆာင္ရြက္ ေနသူတစ္ဦးမွ ေျပာသည္။
CDM Supporting Hakha ၏ ထုတ္ျပန္ခ်က္အရ CDM လႈပ္ရွားမႈတြင္ ပညာေရးဌာနမွ ဝန္ထမ္းအင္အား ၄၅၈ ဦးျဖင့္ အမ်ားဆုံးပါဝင္ၿပီး ဒုတိယအေနျဖင့္ က်န္းမာေရးဌာနမွ ၄၂၇ ဦး ျဖင့္ ပါဝင္ၿပီး အစိုးရဌာနအကုန္လုံးနည္းပါး CDM လႈပ္ရွားမႈတြင္ ပါဝင္ေနၿပီျဖစ္ေၾကာင္း သိရသည္။
အာဏာသိမ္း စစ္ေကာင္စီ အစိုးရ၏ လက္ေအာက္တြင္ အလုပ္မလုပ္လိုေၾကာင္း ျပသသည့္အေနျဖင့္ အစိုးရဝန္ထမ္း အမ်ားအျပားမွ အလုပ္မဆင္းဘဲ CDM လႈပ္ရွားမႈတြင္ ပါဝင္ေနၾကၿပီး ဌာနဆိုင္ရာ အရာရွိမ်ားမွ ဖိအားေပးမႈမ်ားရွိေနေသာ္လည္း ဝန္ထမ္းမ်ားမွ အရပ္သားအစိုးရ မတက္မခ်င္း အလုပ္ဆင္းမည္မဟုတ္ေၾကာင္း ထုတ္ျပန္ခ်က္ ျပန္လည္ထုတ္ျပန္မႈမ်ားလည္း ရွိေနေၾကာင္းသိရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လက်နက်ကြီးကြောင့် ၃ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအဝင် လူ ၄ ဦးဒဏ်ရာရ

ချင်း-လူရှိုင်း-ကူကီးမျိူးနွယ်များ အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်စုစည်းနေထိုင်ရေး ဆောင်ရွက်မည်ဟုဆို

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.