• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့ပေါ်တွင် စစ်ဆေးရေးတင်းကြပ်ပြီး VPN ဆော့ဝဲ အသုံးပြုသူများကို စစ်ကောင်စီတပ်က ဖမ်းဆီးဒဏ်ငွေရိုက်

ဟားခါးမြို့ပေါ်တွင် စစ်ဆေးရေးတင်းကြပ်ပြီး VPN ဆော့ဝဲ အသုံးပြုသူများကို စစ်ကောင်စီတပ်က ဖမ်းဆီးဒဏ်ငွေရိုက်

0
By Editor on February 22, 2022 Headline

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မြို့ဝင်၊မြို့ ထွက်ဂိ တ်များတွင် စစ်ဆေးရေး တင်းကြပ်လျှက်ရှိပြီး ဖုန်းတွင် VPN (Virtual Private Network) ဆော့ဝဲတွေ့ရှိပါက ဖမ်းဆီးကာ ဒဏ်ငွေေ ဆာင်ခိုင်း မှုလည်း ပိုမိုလုပ်ဆောင်လာနေကြောင်း ဟားခါးဒေသခံတစ်ဦးကပြောသည်။

“တချို့တွေက VPN က တမျိုးထဲမဟုတ်ဘဲနဲ့ ၃ မျိုးလောက်ရှိတယ်လေ တကယ်လို့များ ၁ မျိုးကိုတွေ့ရင် ၅ သောင်းယူ တာ။ ဒဏ်ငွေအရိုက်ခံရတာ ၄-၅ ယောက်တော့အနည်းဆုံးရှိတယ်။ VPN ပဲအဓိက။ ပြီးတော့ တချို့ တွေ ကျတော့ Facebook ကြည့်ပြီးအဖမ်းခံရတဲ့သူတွေလည်းရှိတယ် မသင်္ကာတဲ့အနေနဲ့၊ အဲ့ကိစ္စနဲ့ အဖမ်းခံ ရတာများပြီ။ တချို့ကို ၅ နာရီလောက်ဆိုပြန်လွတ်ပေးတယ်။ အဲ့ထဲက တယောက်ဆိုရင် ၁ ပတ်လောက်ကြာပြီ ပြန်မလွတ်သေးဘူး။ သူက ဖုန်းထဲမှာလည်း အပြစ်တော့မရှိပါဘူး။ ဒါပေမယ့် အပြစ်ရှာတာပေါ့ ဟားခါးမှာတော့ မလွယ်ဘူး အပြင်ထွက်ရင် တော့” ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း ဟားခါးမြို့မှ ရန်ကုန်မြို့သို့ပြေးဆွဲသည့် ဟားခါးမန်းခရီးသည်တင်ကား တစ်စီး ဟားခါးမြို့အထွက်တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးရာတွင် ကားပေါ်မှပါလာ သည့် လူငယ် ၃ ဦး၏ ဖုန်းကို စစ်ဆေးကာ ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း Facebook လူမှုကွန်ရက် ပိတ်ထားခံရပြီး VPN အသုံးပြုပြီးမှသာ သတင်းအချက်အလက်များကို ကြည့်ရှုနေရသည့်အနေအထားဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့မှ ဖုန်းတွင် VPN ဆော့ဝဲ စစ်ဆေးဖမ်းဆီးခြင်းများတင်းကြပ်လာနေသောကြောင့် Facebook သုံးပြုရန်ခက်ခဲလာသည့်အပြင် သတင်းများလည်း အချိန်မှီမသိရှိနိုင်တော့ကြောင်း ဟားခါးမြို့ခံတစ်ဦး ကပြောသည်။

“ကျွန်တော်လည်း သတင်းသိပ်မကြည့်ဖြစ်ဘူး။ VPN သုံးပြီးမှ Facebook ကြည့်ရမှာဆိုတော့ VPN ခနခနဖမ်း တော့ VPN ကို ကျွန်တော်ဖြုတ်လိုက် ပြန် Install လုပ်လိုက်ဆိုရင် ဖုန်းပျက်သွားမှာစိုးလို့ Install မလုပ်တော့ တာ အခုဆိုရင် ဘာသတင်းမှ မဖတ်ဘူး။ သူများစီကနေပဲပြန်နားထောင်ရတယ်။” ဟု ဟားခါးမြို့ခံတစ်ဦး ကပြောသည်။

ဟားခါးမြို့ပေါ်တွင် အပြင်ထွက်ပြီး ဖုန်းပါမသွားသည့်ပြည်သူများကိုလည်း ရဲနှင့်စစ်သားများက ဖုန်းပြန်ယူ ခိုင်းသည်အထိ စစ်ဆေးရေးတင်းကြပ်နေသည်ဟုလည်း သူကဆက်ပြောသည်။

ဖုန်းကွန်ရက်ဖြင့် အင်တာနက်လိပ်စာ ခြေရာခံခြင်းကို ဖျောက်နိုင်သည့် VPN (Virtual Private Network) စနစ်ကို ခွင့်ပြုချက်မပါဘဲ အသုံးပြုလျှင် ထောင်ဒဏ် ၃ နှစ်မှ ငွေသိန်းငါးဆယ်ထက်မပိုသည့် ဒဏ်ငွေဖြစ်၊ ဒဏ်နှစ်ရပ်လုံးချ မှတ်နိုင်သည့် ဆိုင်ဘာလုံခြုံရေးဥပဒေအပြဌာန်းရန် စစ်ကောင်စီမှ ကြိုးပမ်းလာနေခြင်းဖြစ်ပြီး တခြားမြို့နယ်များတွင် လည်း VPN စစ်ဆေးမှုများရှိနေသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ အာဏာသိမ်းပြီးအချိန်မှစတင်ပြီး အင်တာနက်လိုင်းများဖြတ်တောက်ခဲ့ကာ ချင်းပြည်နယ်တွ င်လည်း ဟားခါးမှလွဲပြီး ကျန်မြို့နယ်များကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် အင်တာနက် ဖြတ်တောက်ခဲ့ ပြီး အများ ပြည်သူအဓိကထား အသုံးပြုသည့် Facebook မှာလည်း အသုံးမပြုနိုင်အောင် နည်းပညာဖြင့် ပိတ်ပင်ထား ခြင်းကြောင့် VPN စနစ်ဖြင့်သာ အသုံးပြုနေကြရခြင်းဖြစ်သည်။

Zawgyi

ဟားခါးျမိဳ႕ေပၚတြင္ စစ္ေဆးေရးတင္းၾကပ္ၿပီး VPN ေဆာ့ဝဲ အသုံးျပဳသူမ်ားကို စစ္ေကာင္စီတပ္က ဖမ္းဆီးဒဏ္ေငြ႐ိုက္

ခိုႏူမ္းသုန္သတင္း၊ ၂၂ ေဖေဖာ္ဝါရီ ၂၀၂၂

ခ်င္းျပည္နယ္ၿမိဳ႕ေတာ္ ဟားခါးျမိဳ႕ေပၚတြင္ စစ္ေကာင္စီတပ္ဖြဲ႔ဝင္မ်ားမွ ျမဳိ႕ဝင္၊ျမိဳ႕ ထြက္ဂိ တ္မ်ားတြင္ စစ္ေဆးေရး တင္းၾကပ္လ်ွက္ရွိျပီး ဖုန္းတြင္ VPN (Virtual Private Network) ေဆာ့ဝဲေတြ႕ရွိပါက ဖမ္းဆီးကာ ဒဏ္ေငြေ ဆာင္ခုိင္း မႈလည္း ပိုမိုလုပ္ေဆာင္လာေနေၾကာင္း ဟားခါးေဒသခံတစ္ဦးကေျပာသည္။

“ တခ်ဳိ႕ေတြက VPN က တမ်ဳိးထဲမဟုတ္ဘဲနဲ႔ ၃ မ်ဳိးေလာက္ရွိတယ္ေလ တကယ္လုိ႔မ်ား ၁ မ်ဳိးကုိေတြ႔ရင္ ၅ ေသာင္းယူ တာ။ ဒဏ္ေငြအရုိက္ခံရတာ ၄-၅ ေယာက္ေတာ့အနည္းဆုံးရွိတယ္။ VPN ပဲအဓိက။ ျပီးေတာ့ တခ်ဳိ႕ ေတြ က်ေတာ့ Facebook ၾကည့္ျပီးအဖမ္းခံရတဲ့သူေတြလည္းရွိတယ္ မသကၤာတဲ့အေနနဲ႔၊ အဲ့ကိစၥနဲ႔ အဖမ္းခံ ရတာမ်ားျပီ။ တခ်ဳိ႕ကုိ ၅ နာရီေလာက္ဆုိျပန္လြတ္ေပးတယ္။ အဲ့ထဲက တေယာက္ဆုိရင္ ၁ ပတ္ေလာက္ၾကာျပီ ျပန္မလြတ္ေသးဘူး။ သူက ဖုန္းထဲမွာလည္း အျပစ္ေတာ့မရွိပါဘူး။ ဒါေပမယ့္ အျပစ္ရွာတာေပါ့ ဟားခါးမွာေတာ့ မလြယ္ဘူး အျပင္ထြက္ရင္ ေတာ့” ဟု ဟားခါးျမိဳ႕ခံတစ္ဦးက ေျပာသည္။

ၿပီးခဲ့သည့္ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႔ကလည္း ဟားခါးၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ေျပးဆြဲသည့္ ဟားခါးမန္းခရီးသည္တင္ကား တစ္စီး ဟားခါးၿမိဳ႕အထြက္တြင္ စစ္ေကာင္စီတပ္ဖြဲ႔က စစ္ေဆးရာတြင္ ကားေပၚမွပါလာ သည့္ လူငယ္ ၃ ဦး၏ ဖုန္းကို စစ္ေဆးကာ ဖမ္းဆီးသြားခဲ့သည္ဟု သိရသည္။

ျမန္မာႏုိင္ငံတြင္ စစ္အာဏာသိမ္းမႈျဖစ္ပြားၿပီးေနာက္ပိုင္း Facebook လူမႈကြန္ရက္ ပိတ္ထားခံရျပီး VPN အသုံးျပဳျပီးမွသာ သတင္းအခ်က္အလက္မ်ားကုိ ၾကည့္ရႈေနရသည့္အေနအထားျဖစ္ကာ စစ္ေကာင္စီတပ္ဖြဲ႔မွ ဖုန္းတြင္ VPN ေဆာ့ဝဲ စစ္ေဆးဖမ္းဆီးျခင္းမ်ားတင္းၾကပ္လာေနေသာေၾကာင့္ Facebook သုံးျပဳရန္ခက္ခဲလာသည့္အျပင္ သတင္းမ်ားလည္း အခ်ိန္မွီမသိရွိႏုိင္ေတာ့ေၾကာင္း ဟားခါးျမိဳ႕ခံတစ္ဦး ကေျပာသည္။

“ ကြ်န္ေတာ္လည္း သတင္းသိပ္မၾကည့္ျဖစ္ဘူး။ VPN သုံးျပီးမွ Facebook ၾကည့္ရမွာဆုိေတာ့ VPN ခနခနဖမ္း ေတာ့ VPN ကုိ ကြ်န္ေတာ္ျဖဳတ္လုိက္ ျပန္ Install လုပ္လုိက္ဆုိရင္ ဖုန္းပ်က္သြားမွာစုိးလုိ႔ Install မလုပ္ေတာ့ တာ အခုဆုိရင္ ဘာသတင္းမွ မဖတ္ဘူး။ သူမ်ားစီကေနပဲျပန္နားေထာင္ရတယ္။” ဟု ဟားခါးျမိဳ႕ခံတစ္ဦး ကေျပာသည္။

ဟားခါးျမိဳ႕ေပၚတြင္ အျပင္ထြက္ျပီး ဖုန္းပါမသြားသည့္ျပည္သူမ်ားကုိလည္း ရဲႏွင့္စစ္သားမ်ားက ဖုန္းျပန္ယူ ခုိင္းသည္အထိ စစ္ေဆးေရးတင္းၾကပ္ေနသည္ဟုလည္း သူကဆက္ေျပာသည္။

ဖုန္းကြန္ရက္ျဖင့္ အင္တာနက္လိပ္စာ ေျခရာခံျခင္းကုိ ေဖ်ာက္ႏုိင္သည့္ VPN (Virtual Private Network) စနစ္ကုိ ခြင့္ျပဳခ်က္မပါဘဲ အသုံးျပဳလ်ွင္ ေထာင္ဒဏ္ ၃ ႏွစ္မွ ေငြသိန္းငါးဆယ္ထက္မပုိသည့္ ဒဏ္ေငြျဖစ္၊ ဒဏ္ႏွစ္ရပ္လုံးခ် မွတ္ႏုိင္သည့္ ဆုိင္ဘာလုံျခဳံေရးဥပေဒအျပဌာန္းရန္ စစ္ေကာင္စီမွ ႀကိဳးပမ္းလာေနျခင္းျဖစ္ၿပီး တျခားၿမိဳ႕နယ္မ်ားတြင္ လည္း VPN စစ္ေဆးမႈမ်ားရွိေနသည္ဟု သိရသည္။

ျမန္မာႏုိင္ငံတြင္ စစ္ေကာင္စီမွ အာဏာသိမ္းျပီးအခ်ိန္မွစတင္ျပီး အင္တာနက္လုိင္းမ်ားျဖတ္ေတာက္ခဲ့ကာ ခ်င္းျပည္နယ္တြ င္လည္း ဟားခါးမွလြဲျပီး က်န္ျမိဳ႕နယ္မ်ားကုိ စက္တင္ဘာလ ၂၃ ရက္ေန႔တြင္ အင္တာနက္ ျဖတ္ေတာက္ခဲ့ ျပီး အမ်ား ျပည္သူအဓိကထား အသုံးျပဳသည့္ Facebook မွာလည္း အသုံးမျပဳႏုိင္ေအာင္ နည္းပညာျဖင့္ ပိတ္ပင္ထား ျခင္းေၾကာင့္ VPN စနစ္ျဖင့္သာ အသုံးျပဳေနၾကရျခင္းျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.