(004SS)
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ချင်းတော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်လာကြကြောင်း သိရသည်။
ဟားခါးမြို့ပေါ်တွင် တာဝန်ထမ်းဆောင်နေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့နှင့် ၂၄ ရက်နေ့က ချင်းတော်လှန်ရေးတပ်ဖွဲ့များ ဖြစ်ကြသော Senthang Revolution Force- SRF နှင့် CDF– Hakha ထံ အလင်းဝင်လာကြခြင်းဖြစ်သည်။
ဟားခါးမြို့ အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲဘော် နှစ်ဦးသည် MA 1 သေနတ် -၂ လက်နှင့်အတူ ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ၎င်းတို့ထံအလင်းဝင်ရောက်လာကြောင်း Senthang Revolution Force- SRF က ယမန်နေ့တွင် ထုတ်ပြန်သည်။
အလင်းဝင်ရောက်လာသူများကို ငွေသား လက်ဆောင်များချီးမြင့်ပေးသည့်အပြင် အခြားသောအဖိုးတန်ပစ္စည်းများကိုလည်း ချီးမြှင့်ေပးခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်တွင် ကျန်ရှိနေသေးသော ရဲဘော်အားလုံးကိုလည်း အလင်းဝင်လာကြရန် အမြဲတမ်းကြိုဆိုကြောင်း SRF က ဖိတ်ခေါ်ထားသည်။
အလားတူ ဟားခါးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တစ်ဦးသည် အကြမ်းဖက်စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိေတာ့ဘဲ လက်နက်ခဲယမ်းများနှင့်အတူ ဖေဖော်ဝါရီ ၁၇ ရက်နေ့က အလင်းဝင်လာခဲ့သည်ဟု Chinland Defense Force – Hakha ကလည်း ယမန်နေ့တွင်ထုတ်ပြန်သည်။
ယခုကဲ့သို့ လက်နက်ခဲယမ်းများနဲ့အတူ အလင်းဝင်လာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အမြဲကြိုဆိုပြီး ဆုငွေများ ချီးမြှင့်သည့်အပြင် နောက်နောင် အလင်းဝင်လိုသူများကို လည်း ကြိုဆိုကြောင်း၊ ၎င်းတို့ကို လွတ်မြောက်နယ်မြေ ရောက်သည်အထိ တာဝန်ယူသွားမည်ဖြစ်ကြောင်း CDF-Hakha က ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၁၉ ရက်ေန့ကလည်း ဟားခါးမြို့ရှိ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ Senthang Revolution Force- SRF ထံအလင်းဝင်ခဲ့သည်။