Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမြို့အနီး ချွန်ကျုံးရွာကို စစ်ကောင်စီဗုံးကြဲ၊ အသက်မပြည့် ကလေးတစ်ဦးအပါအဝင် မိသားစုဝင် ၄ ဦး သေဆုံး

ဟားခါးမြို့အနီး ချွန်ကျုံးရွာကို စစ်ကောင်စီဗုံးကြဲ၊ အသက်မပြည့် ကလေးတစ်ဦးအပါအဝင် မိသားစုဝင် ၄ ဦး သေဆုံး

0
By Editor on December 10, 2024 Khonumthung

ချင်းပြည်နယ်၊ ဟားခါးမြို့အနီး ချွန်ကျုံးရွာကို စစ်ကောင်စီက ယနေ့မနက်ပိုင်း ၂ နာရီခန့်မှာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်မပြည့် ကလေးတစ်ဦးအပါအဝင် မိသားစုဝင် ၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၀ ရက် မနက် ၂ နာရီခန့်တွင် မြေပြင်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ချွန်ကျုံးကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိသားစုဝင် ၄ ယောက်သေဆုံးကာ ၉ ယောက် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများမှာ Pu Ram Cung (၆၆ နှစ်)၊ ဇနီးဖြစ်သူ Pi Tial Pum (၆၅ နှစ်) ၊ သမီးဖြစ်သူ Pi Sui Len (၄၇ နှစ်) နှင့် Mai Biak Tha Tin Cuai (၁၃ နှစ်) တို့ဖြစ်သည်ဟု VOC ချင်းသတင်းဌာနက ဖော်ပြသည်။

ထို့အပြင် နေအိမ် ၂ လုံး ပျက်စီးသွားပြီး အရပ်သားပြည်သူ ၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ချွန်ကျုံးကျေးရွာသည် ဟားခါးမြို့မရောက်ခင် ၁၀ မိုင်ခန့်အကွာ ဖလမ်း-ဟားခါး လမ်းမပေါ်တွင်တည်ရှိသော ကျေးရွာဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.